32 အဲလိုလဲ ငါဟ သေခြင်းမှ ထမြောက်ပင်းနောက် နင်လို့ထက် ဦးရင် ဂါလိလဲပြေဟို သွားနှင့်မယ်” ဟု မိန့်အယ်။
ယေရှုဟ ယေရုရှလင်မြို့သို့ သွားယွေ့ လူအကြီးအကဲများ၊ ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများရဲ့ လက်တွင် ဒုက္ခဝေဒနာများစွာ ခံစားရပင်း အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့နှိုက် သေခြင်းမှ ထမြောက်ဆှင်ပြန်မဲ့အကျောန်း တဘဲ့တော်လို့အား အဲအချိန်မှစယွေ့ စတင်ဆှင်းပြအယ်။
အားပင်း တပါးအမျိုးသားလို့ရဲ့ လက်သို့ အပ်နှံကြလိမ့်မယ်။ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြပေမဲ့ သုံးရက်မြောက်သောနေ့နှိုက် လူသားဟ ထမြောက်လိမ့်မယ်” ဟု မိန့်အယ်။
ပေတရုဟ ယေရှုအား “အခြားသူအပေါင်းလို့ဟ ကိုယ်တော်ဟို စွန့်ပစ်ကြသော်လည်း ငါဟ ပစာအခါမျှ စွန့်ပစ်မယ် မဟုတ်ပါ” ဟု ဆှောက်ထားအယ်။
အဲအခါ ယေရှုဟ “မကြောက်ကြနဲ့၊ သွားယွေ့ ငါရဲ့ညီအကိုများအား ဂါလိလဲပြေဟို သွားရန် ဟောကြားလော့။ သူလို့ဟ အေးပြေတွင် ငါ့ဟို မျော်ရကြလိမ့်မယ်” ဟု မိန့်အယ်။
တဘဲ့တော် တဆယ့်တဦးလို့ဟ ယေရှု မှာကြားလဲ့အတိုင်း ဂါလိလဲပြေ တောင်ပေါ်သို့ သွားကြအယ်။
အဲလိုလဲ ငါဟ ထမြောက်ပင်းနောက်၊ ဂါလိလဲပြေဟို နင်လို့ဆေ့အူးရင် ငါသွားနှင့်မယ်” ဟု ပြောအယ်။
အဲလိုလဲ သွားယွေ့၊ ပေတရုနဲ့ ကိုယ်တော်ရဲ့ တဘဲ့တော်များအား “ကိုယ်တော်ဟ ဂါလိလဲပြေသို့ နင်လို့ ဦးရင်သွားနှင့်ပီ။ ကိုယ်တော် ပြောတဲ့အတိုင်း၊ အေးမှာ နင်လို့ သူဟို မျော်ရလိမ့်မယ်” ဟု ပြောအယ်။
အဲပင်းရင် ကိုယ်တော်အား ညီအကို ငါးရာကျော်လို့ဟ တပြိုင်နက် မျော်ရကြအယ်။ အဲသူလို့တွင် လူတချို့လို့ဟ သေလွန်ပင်း ဖြစ်သော်လည်း လူအများစုမှာ အခုတိုင်အောန် အသက်ဆှင်လျက် ဆိကြအယ်။