8 အဲပင်းရင် ပညာမဲ့သောသူများဟ ‘ငါလို့ မီးဖူး သေတော့မယ်ဖြစ်ယွေ့ ငါလို့ဟို ဆီကတီလောက်ပေးပါ’ ဟု ပညာဆိသူလို့ဆေ တောင်းကြအယ်။
“အေးကာလနှိုက် ခေါန်းခင်နိုင်ငံတော်ဟ မီးဖူးများဟို ယူယွေ့ မင်္ဂလာဆောင်သတို့သားဟို ကြိုဆိုရန် ထွက်သွားလဲ့ အပျိုကညာဆယ်ယောက်လို့နဲ့ တူလိမ့်မယ်။
အပျိုကညာ အားလုံးတို့ဟ ထယွေ့ မိမိရဲ့မီးဖူးများဟို အသင့်ပြင်ကြအယ်။
ပညာဆိသူများဟလည်း ‘နင်လို့ အဖို့နဲ့ ငါလို့ အဖို့ ဆီမလောက်ပါ။ သွားယွေ့ နင်လို့အတွက် ဝယ်ကြပါ’ ဟု ပြန်ပြောကြအယ်။
‘အာဗြဟံဟ ငါလို့ရဲ့ ဖိုးဖေး ဖြစ်အယ်’ ဟု နင်လို့တတ်တိုင်း ပြောဆိုရန်ပင် မစဉ်းစားကြနဲ့။ နင်လို့အား ငါပြောတာဟ ဘုရားသခင်သည် အာဗြဟံအတွက် လူပဲ့သငယ်များဟို ဟေကျောက်ခဲလို့ထဲမှ ပေါ်ထွန်းစေနိန်အယ်။
“ပစာဖြစ်ဖြစ် အဆင်သင့်လာဖို့ ဝတ်စုံများဟို ဝတ်ဆင်လျက် မီးဖူးများဟို နင်လို့နဲ့အတူ ထွန်းထားကြလော့။
သူဌေးဟ ခေါ်ယွေ့ ‘တို့ဖ အာဗြဟံ၊ ငါ့ဟို သနားပါအုံး။ ငါဟ ဟေမီးလျှံထဲတွင် ရမ်းဆာ့ ဝေဒနာခံစားရသောကျောန့်၊ လာဇရုဟ သူ့လက်ဖျားဟို ယေထဲနစ်ပင်း ငါ့လျှာဟို အေးစေဖို့ သူ့ဟို ငါ့ဆေဟို စေလွှတ်ပေးပါ’ ဟု အော်ယွေ့ ပြောလေအယ်။
“နင်လို့ စလို နားထောင်တာဟို ဂရုစိုက်ကြလော့၊ ဆိသူအား ထပ်ပင်း ပေးလိမ့်မယ်၊ မဆိသူဆေဟ ဆိလဲ့အရာကတစ်ဟိုပင် နှုတ်ယူလိမ့်မယ်” ဟု မိန့်အယ်။
ရှိမုန်ဟ “နင်လို့ ပြောလဲ့အရာတခုမျှ ငါ့အပေါ် မသက်ရောက်စေရန် ဘုရားသခင်နား ငါ့အတွက် ဆုတောင်းပေးကြပါ” ဟု ပြန်ပြောလေအယ်။
အဲကျောန့် ဘုရားသခင်ရဲ့ ငြိမ်ဝပ်ရာ ချမ်းသာထဲဟို ဝင်ရမဲ့ ကတိတော် ဆိနေသေးလျက်နဲ့ နင်လို့ထဲမှ မဝင်လိုက်ရဘဲ နေမဲ့သူ တစုံတဦးမျှ မဆိစေရန် သတိပြုကြလော့။
နားထောင်လော့။ မိမိလို့ကိုယ်ဟို ယုဒအမျိုးသားများဟု ပြောဆိုနေသူ စာတန်ရဲ့ အပေါင်းအပါလို့အား နင်ရဲ့ ခြေရင်းဟို လာရောက် ပျပ်ဝပ်စေမယ်။ နင့်အား ငါ ချစ်ကျောန်းဟို သူလို့ သိကြလိမ့်မယ်။