7 အပျိုကညာ အားလုံးတို့ဟ ထယွေ့ မိမိရဲ့မီးဖူးများဟို အသင့်ပြင်ကြအယ်။
“အေးကာလနှိုက် ခေါန်းခင်နိုင်ငံတော်ဟ မီးဖူးများဟို ယူယွေ့ မင်္ဂလာဆောင်သတို့သားဟို ကြိုဆိုရန် ထွက်သွားလဲ့ အပျိုကညာဆယ်ယောက်လို့နဲ့ တူလိမ့်မယ်။
“ညဉ့်သန်းခေါင်နှိုက် ‘မင်္ဂလာဆောင်သတို့သား ရောက်လာပီ၊ သွားပင်း ကြိုဆိုကြလော့’ ဟူသော အော်သံဟို ကြားရကြအယ်။
အဲပင်းရင် ပညာမဲ့သောသူများဟ ‘ငါလို့ မီးဖူး သေတော့မယ်ဖြစ်ယွေ့ ငါလို့ဟို ဆီကတီလောက်ပေးပါ’ ဟု ပညာဆိသူလို့ဆေ တောင်းကြအယ်။
“ပစာဖြစ်ဖြစ် အဆင်သင့်လာဖို့ ဝတ်စုံများဟို ဝတ်ဆင်လျက် မီးဖူးများဟို နင်လို့နဲ့အတူ ထွန်းထားကြလော့။
အေးလို့မို့ ချစ်သောမိတ်ဆွေလို့၊ နင်လို့ဟ အေးအရာများဟို စောင့်မျှော်နေကြတာဖြစ်ယွေ့ အစွန်းအထင်းကင်းလျက် အပစ်တင်စရာ မဆိသောသူအဖြစ် ကိုယ်တော် ဆေ့တော်ဟို ငြိမ်းချမ်းစွာ ရောက်ဆိနိန်ရန် ကြိုးစားကြလော့။
သတိနဲ့ စောင့်နေလော့။ သေလုနီးပါးဖြစ်နေလဲ့ ကျန်ဆိသောသူလို့ဟို ခိုင်ခံ့မြဲမြံစေလော့။ အကျောန်းမှာ နင်ရဲ့ လုပ်ဆောင်မှုများဟ ငါရဲ့ ဘုရားသခင် ဆေ့နှိုက် ပြေ့စုံတာဟူယွေ့ ငါ မတွေ့ရပေ။