Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 25:5 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

5 မင်္ဂလာဆောင်သတို့သားဟ ရောက်လာရန် ကြန့်ကြာနေသောကျောန့် သူလို့အားလုံး ငိန်းကျာ့ယွေ့ အိပ်မွေ့နေကြအယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 25:5
23 ပူးပေါင်းရင်းမြစ်များ  

အဲလိုလဲ အေးကျွန်ဟ ကျွန်မိုက်ဖြစ်ပါဟ ‘ငါ့သခင်ပြန်လာအုံးမှာ မဟုတ်၊ ကြာအုံးမယ်’ ဟု စိတ်နေလုံးနှိုက် အောက်မေ့ကာ၊


“ကာလအတော်ကြာသော် အေးကျွန်လို့ရဲ့ သခင်ဟ ပြန်လာယွေ့ သူလို့နဲ့ စာရင်းဆှင်းအယ်။


ပညာဆိသူများဟတော့ မိမိလို့ရဲ့ မီးဖူးများမက ဆီအပိုဟိုလည်း ဖူးတွင် ထည့်ပင်း ယူခဲ့ကြအယ်။


“ညဉ့်သန်းခေါင်နှိုက် ‘မင်္ဂလာဆောင်သတို့သား ရောက်လာပီ၊ သွားပင်း ကြိုဆိုကြလော့’ ဟူသော အော်သံဟို ကြားရကြအယ်။


အေးနောက် ကိုယ်တော်ဟ တဘဲ့တော်လို့ဆေ ပြန်လာရာ အိပ်မွေ့လျက်နေကြတာဟို မျော်သဖြင့် “နင်လို့ဟ တနာရီမျှပင် ငါနဲ့အတူ စောင့်ယွေ့ မနေနိန်ကြသလော။


ကိုယ်တော် နောက်တကြိမ် ပြန်လာသောအခါ တဘဲ့တော်လို့ဟ မျက်စေ့လေးလံသဖြင့် အိပ်မွေ့လျက်နေကြတာဟို မျော်အယ်။


လူလို့ဟ ဇာခရိဟို ငံ့လျက် နေယွေ့ သူဟ ဗိမာန်တော်ထဲတွင် ကြန့်ကြာနေတာဟို အံ့ဩကြအယ်။


အဲလိုလဲ အစေခံဟ ငါ့သခင် ပြန်လာဖို့ ကြာအုံးမယ်လို့ စိတ်ထဲမှာ အောက်မေ့ပင်း အစေခံ ယောက်ျားနဲ့ အစေခံ မိန်းမလို့အား ရိုက်နှက်ပင်း သောက်စား ယစ်မူးလျက်နေအယ်။


နင်လို့ဟို ငါပြောတာဟ သူလို့ဖက်တွင် အလျင်အမြန် တရားမျှတစွာ စီရင်မယ်။ အဲလိုလဲ လူသားဟ ကြွလာသောအခါ မြေကြီးပေါ်တွင် ယုံကြည်ခြင်းဟို တွေ့ရမလော” ဟု ပြောအယ်။


အဲပင်းရင် ယေရှုဟ လူလို့အား ပုံဥပမာဖြင့် ပြောသည်မှာ “လူတယောက်ဟ စပျစ်ဥယျာဉ် တခုဟို စိုက်ပျိုးယွေ့ သီးစားချအယ်။ အဲပင်းရင် နိုင်ငံရပ်ခြားသို့ ကာလအတော်ကြာ သွားယွေ့ နေအယ်။


နင်လို့ အိပ်မွေရာမှ ထလာရန် အချိန်ကောင်းဟို နင်လို့ သိသောကျောန့် နင် ဟေအရာဟို လုပ်ရမယ်။ အကျောန်းမှာ ကယ်တင်ခြင်းဟို ရောက်သော အခုအချိန်ဟ ငါလို့ ယုံကြည်ခါစ အချိန်ထက် အခု ပိုပင်း နီးအယ်။


အကျောန်းမှာ ထင်ဆှားသော ပစာအရာမဆို ဆှင်းလင်းယွေ့ အလင်း ဖြစ်လာလိမ့်မယ်။ အဲလိုမို့ “အိပ်မွေနေသောသူ၊ ထလော့ အားပင်း သေခြင်းမှ ထမြောက်လော့၊ အားပင်း ခရစ်တော်ဟ နင့်အပေါ်နှိုက် ထွန်းလင်းလိမ့်မယ်” ဟု ဆိုအယ်။


သမ္မာသတိဆိလျက် နိုးကြားစွာ စောင့်နေကြလော့။ နင်လို့ရဲ့ ရန်သူတည်းဟူသော မာရ်နတ်ဟ ဟောက်သော ခြင်္သေ့လိုမျိုး ဝါးမျိုရမယ့်သူဟို လှည့်လည်ဆှာဖွေလျက် ဆိအယ်။


နင်လို့နှိုက် ဆိသောအရာဟိုသာ ငါ ကြွလာလဲ့တိုင်အောန် စွဲကိုင်ထားကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ