36 ငါဟ အဝတ်ဝတ်စရာမဆိသောအခါ နင်လို့ဟ ငါ့ဟို အဝတ်ပေးကြအယ်။ ငါဖျားနာသောအခါ နင်လို့ဟ ငါ့ဟို ကျေ့ရှုကြအယ်။ ငါထောင်ကျသောအခါ ငါ့ဆေဟို လာကြအယ်’ ဟု မိန့်လိမ့်မယ်။
အေးအခါ ဖြောင့်မတ်သောသူလို့ဟ ‘သခင်ဘုရား၊ ကိုယ်တော် မွတ်တာဟို ပစာအခါနှိုက် မျော်ယွေ့ ငါလို့ ကျွေးမွေးကြလုန်း အဲဟာမဟုတ်ရင် ယေငတ်တာဟို ပစာအခါနှိုက် မျော်ယွေ့ ယေဟို ပေးလုန်း။
ငါဟ ဧည့်သည်ဖြစ်သောအခါ နင်လို့ဟ ငါ့ဟို ကြိုဆိုလက်ခံခြင်း မဆိ၊ ငါဟ အဝတ်ဝတ်စရာ မဆိဖြစ်သောအခါ နင်လို့ဟ ငါ့ဟို ဝတ်စရာအဝတ်ဟို မပေးကြ၊ ငါဟ ဖျားနာသောအခါနဲ့ ထောင်ကျသောအခါတွင်လည်း နင်လို့ဟ ငါ့ဟို မကျေ့ရှုကြ’ ဟု မိန့်အယ်။
သူဟ “ရှပ်အင်္ကျီ နေထည်ဆိသောသူဟ မဆိသောသူဟို ငရမယ်၊ စားစရာဆိသောသူဟလည်း အေးတိုင်းတိုင်း ငရမယ်” လို့ ပြန်ပြောအယ်။
အေးလို့ ကြိုးစား လုပ်ဆောင်ယွေ့ အားနည်းသော သူလို့ဟို ကူညီမစသင့်ကျောန်းနဲ့ ‘ပေးကမ်းခြင်းဟ ရယူခြင်းထက် သာယွေ့ မင်္ဂလာဆိအယ်’ ဟု သခင် ယေရှုတတ်တိုင်း မိန့်လဲ့စကားဟို သတိရသင့်ကျောန်း အရာရာနှိုက် နင်လို့အား ငါ ပြသအယ်” ဟု ဆိုအယ်။
နင်လို့ဟ အကျဉ်းခံ နေရသူလို့အတွက်ကျောန့် ကြင်နာသော စိတ်ဆိကြအယ်၊ မိမိလို့ရဲ့ ဥစ္စာပစ္စည်းများဟို မတရားသိမ်းယူတာဟိုလည်း ဝမ်းမြောက်စွာ ခံကြအယ်၊ ပစာကို့ မိမိလို့နှိုက် အေးအရာများထက် ပိုယွေ့ ကောင်းမြတ်တည်မြဲသောအရာ ဆိကျောန်းဟို သိကြသောကျောန့် ဖြစ်အယ်။
နင်လို့ဟ အကျဉ်းခံရသူများနဲ့အတူ အကျဉ်းခံနေရသလို မှတ်ယူလျက် သူလို့အား သတိရကြလော့။ မိမိလို့တတ်တိုင်း ဒုက္ခဝေဒနာ ခံရသလို ဒုက္ခဝေဒနာ ခံရသူများဟို သတိရကြလော့။
ခမည်းတော် ဘုရားသခင်ဆေ့နှိုက် စင်ကြယ်ယွေ့ ညစ်ညူးခြင်း ကင်းသော ဘာသာတရား ကိုင်းရှိုင်းမှုဆိုတာဟ ဆင်းရဲဒုက္ခခံရသော မိဘမဆိလဲ့ လပဲ့သငယ်များနဲ့ မုဆိုးမလို့ဟို ကျေ့ရှုခြင်း၊ လောကီအညစ်ကြေးလို့နဲ့ ကင်းစင်စေရန် မိမိတတ်တိုင်း စောင့်ထိန်းခြင်း ဖြစ်အယ်။