Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 25:34 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

34 အေးနောက် ဘုရင်ဟ လက်ယာဘက်တွင် ဆိသောသူလို့အား ‘ငါ့အဖဆေမှ ကောင်းချီးမင်္ဂလာဟို ခံရသူလို့ လောကဟို ဖန်ဆင်းချိန်မှစယွေ့ နင်လို့တွက် ပြင်ဆင်ထားလဲ့ နိုင်ငံတော်ဟို လာယွေ့ အမွေဆက်ခံကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 25:34
68 ပူးပေါင်းရင်းမြစ်များ  

အဲလိုမို့ “ငါဟ ပုံဥပမာဆောင်ယွေ့ ငါ့ရဲ့ စလောင်ဟို ဖွင့်လျက်၊ လောကဟို ဖန်ဆင်းကတုန်းဟ ဖုံးနေခဲ့လဲ့အရာများဟို ငါထုတ်ဖော်မယ်” ဟူသော ပရောဖက်အားဖြင့် မိန့်သောအရာ ပြေ့စုံခြင်းဟို ရောက်မယ် ဖြစ်အယ်။


အားပင်း ငါ့အတွက်ကျောန့် နေအိုင်၊ လယ်၊ ညီအကို၊ နှမ၊ မိဘ၊ သားသမီးဖြစ်စေ စွန့်သောသူတိုင်းဟ အဆတရာမျှ အကျိုးဟို ရဆိပင်း ထာဝရအသက်ဟိုလည်း အမွေခံ ရလိမ့်မယ်။


ယေရှုဟ “နင်လို့သည် ငါရဲ့ မုတ်မှ အမန်ပင် သောက်ရကြပေမဲ့ ငါရဲ့ လက်ယာဘက်နဲ့ လက်ဝဲဘက်လို့နှိုက် ထိန်ရသောအခွင့်ဟို ငါပေးတာ မဟုတ်။ ဟေနေရာဟ ငါ့ရဲ့အဖ ပြင်ဆင်ထားသူများ အတွက်သာ ဖြစ်အယ်” ဟု မိန့်အယ်။


“ကျေ့မန့်၊ နင်ရဲ့ ဘုရင်ဟ နင့်ဆေဟို ကြွလာပီ၊ အေးသူဟ နူးညံ့သိမ်မွေ့စွာဖြင့် မြည်းဟို စီးအယ်၊ ဝန်တင်သော တိရစ္ဆာန်ရဲ့ သား၊ မြည်းသငယ်ဟို စီးအယ်ဟု ဇိအုန်မြို့အား ပြောကြလော့။”


သူရဲ့သခင်ဟလည်း ‘ကောင်းလေစွ၊ သစ္စာဆိသော ငါ့အစေခံကောင်း၊ နင်ဟ သေးသောအမှုတွင် သစ္စာဆိအယ်။ အဲလိုမို့ ကြီးသောအမှုဟို နင့်အား ငါအပ်နှင်းမယ်။ ငါရဲ့ဝမ်းမြောက်ခြင်းနှိုက် ပါဝင်ပါလော့’ ဟု ဆိုအယ်။


သူရဲ့သခင်ဟ ‘ကောင်းလေစွ၊ သစ္စာဆိသော ငါ့အစေခံကောင်း၊ နင်ဟ သေးငယ်သောအမှုတွင် သစ္စာဆိအယ်၊ အဲလိုမို့ ကြီးသောအမှုဟို နင့်အား ငါအပ်နှင်းမယ်၊ ငါရဲ့ဝမ်းမြောက်ခြင်းနှိုက် ပါဝင်ပါလော့’ ဟု ဆိုအယ်။


ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန်ပြောတာဟ ငါရဲ့ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူ တယောက်အား နင်လို့ ပြုခဲ့သမျှဟ ငါ့အား ပြုခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။


“အေးနောက် ဘုရင်ဟ လက်ဝဲဘက်နှိုက်ဆိသော သူလို့အား ‘ကျိန်ဆဲခြင်း ခံရသောသူလို့ ငါ့ဆေမှ ထွက်သွားကြလော့၊ မာရ်နတ်နဲ့ သူ့ခေါန်းခင်တမန်များအတွက် ပြင်ဆင်ထားလဲ့ ထာဝရမီးထဲဟို ဆင်းသက်ကြလော့။


ယေရှုရဲ့ ခေါင်းထက်တွင် “ဟေသူဟ ယုဒဆှင်ဘုရင် ယေရှု ဖြစ်အယ်” ဟု ရေးထားလဲ့ ကိုယ်တော်အပေါ် တင်သောစွဲချက်ဟို တပ်ထားကြအယ်။


“နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့၊ ပစာကို့ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ” ဟု ဟောပြောလေအယ်။


ပစာကို့ အကြင်သူဟ အသေးဆုံး ပညတ်တခုဟို တတ်တိုင်းလွန်ကျူးယွေ့ သူတပါးလို့အားလည်း အေးတိုင်းတိုင်း သင်ကြားသော အဲသူဟ ခေါန်းခင်နိုင်ငံတော်နှိုက် အငယ်ဆုံးသောသူ ဖြစ်လိမ့်မယ်။ အဲလိုလဲ အကြင်သူဟ တတ်တိုင်းကျင့်ယွေ့ သူတပါးလို့အားလည်း သင်ကြားပေးသူဟ ခေါန်းခင်နိုင်ငံတော်တွင် အကြီးဆုံးသောသူ ဖြစ်လိမ့်မယ်။


ယေရှုဟ တဖန်စတင်ယွေ့ လမ်းနှိုက်ကြွခဲ့စဉ်၊ လူတယောက်ဟ ပြေးလာပင်းလျှင် ကိုယ်တော် ဆေ့ဦးတွင် ဒူးထောက်လျက် “ကောင်းမြတ်သော ဆရာ၊ ထာဝရအသက်ဟို ရဖို့ရန် ငါဟ ပစာလို ပြုရမလုန်း” ဟု မေးအယ်။


အဲလိုလဲ ငါ့ ညာဘက်နဲ့ ဘယ်ဘက်မှာ ထိန်မဲ့သူဟို ရွေးချယ်ပိုင်ခွင့် ဆိဝူး။ ဘုရားသခင်ဟ ဟေနေရာဟို ပြင်ဆင်ထားသော သူလို့အား ပေးလိမ့်မယ်” ဟု သူလို့အား ပြောလေအယ်။


အဲလိုလဲ ယေရှုဟ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ကြားယွေ့ လိုက်နာသောသူလို့ဟ သာယွေ့ မင်္ဂလာဆိကြအယ်” ဟု ပြန်ပြောအယ်။


အေးကျောန့် ကမ္ဘာဦးမှစယွေ့ သွန်းပင်းသော ပရောဖက်အပေါင်းလို့ရဲ့ အသွေးကျောန့် အခုဖြစ်သော လူလို့ဟ စစ်ကြောခြင်းဟို ခံရကြမယ်။


“သိုးစုသငယ်၊ မကြောက်ကြနဲ့၊ နင်လို့ရဲ့ အဖဟ နင်လို့အား နိုင်ငံတော်ဟို ပေးရန် အလိုတော်ဆိအယ်။


အေးသူလို့ဟ “ထာဝရဘုရားရဲ့ နာမတော်နဲ့ ကြွလာသောဘုရင်ဟ မင်္ဂလာဆိမန့်စေ၊ ခေါန်းခင်ဘုံတွင် ငြိမ်သက်ခြင်း ဆိမန့်စေ၊ အမြင့်ဆုံးသော ဘုရားသခင်ဟ ဘုန်းကြီးမန့်စေ” ဟု ကြွေးကြော်ကြအယ်။


နာသနေလဟ “ဆရာ၊ နင်ဟ ဘုရားသခင်ရဲ့ သားတော် ဖြစ်အယ်၊ ဣသရေလအမျိုးသားလို့ရဲ့ ဘုရင် ဖြစ်အယ်” လို့ ပြန်ဖြေအယ်။


အဲလိုမို့ သူလို့ဟ စွန်ပလွံခက်များဟို ကိုင်လျက် ကိုယ်တော်ဟို ခရီးဦးကြိုပြုရန် ထွက်သွားကြယွေ့ “ဟောရှဏ္ဏာ၊ ထာဝရဘုရားရဲ့ နာမနဲ့ လာသော သခင်ဟ မင်္ဂလာဆိစေမန့်၊ ဣသရေလလို့ရဲ့ ဘုရင်ဟ မင်္ဂလာဆိစေမန့်” ဟု ကြွေးကြော်ကြအယ်။


“အို အဖ၊ ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီ ငါ့ဟို ချစ်ယွေ့ ပေးသော ဘုန်းအသရေဟို ငါ့အား ကိုယ်တော်ပေးသော သူလို့ဟ မျော်ကြစေရန် ငါဆိရာအရပ်တွင် သူလို့အား ဆိစေလိုအယ်။


အဲသူလို့ဟ “သူ့ဟို သတ်မန့်၊ သူ့ဟို သတ်မန့်၊ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်မန့်” ဟု ပြန်ပင်း အော်ကြအယ်။ ပိလတ်မင်းဟလည်း “နင်လို့ရဲ့ ဆှင်ဘုရင်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်စေလိုသလော” ဟု မေးအယ်။ ယဇ်ပုရောဟိတ်ကြီးလို့ဟ “ငါလို့မှာ ကဲသာဘုရင်မှတပါး အခြား ဆှင်ဘုရင် မဆိမန့်” ဟု ပြောကြအယ်။


မခင်ကာလမှ စယွေ့ ဟေအမှုအရာများဟို သိစေသော ထာဝရဘုရား မိန့်အယ်’ ဟူယွေ့ ရေးထားလဲ့အတိုင်း ဖြစ်အယ်။”


နင်လို့ တဦးစီရဲ့ ဆိုးညစ်သောအမှုလို့ဟို စွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရစေရန် ဘုရားသခင်ဟ မိမိရဲ့ အစေခံဟို နင်လို့ဆေဟို ဦးစွာ စေလွှတ်အယ်” ဟု ပေတရုဟ ဟောပြောလေအယ်။


အဲလို့ လူပဲ့သငယ်များဖြစ်ကြရင် အမွေခံများလည်း ဖြစ်ကြအယ်။ ငါလို့ဟ ခရစ်တော်နဲ့အတူ ဘုန်းတော်ချီးမြောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းဟိုလည်း ကိုယ်တော်နဲ့အတူခံရကြရင် ဘုရားသခင်ရဲ့ အမွေခံများဖြစ်ကြပင်း ခရစ်တော်နဲ့အတူ အမွေဆက်ခံများလည်း ဖြစ်ကြအယ်။


ညီအကို မောင်နှမလို့၊ နင်လို့အား ငါ ဆိုအယ်။ အသွေးအသားဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေမခံနိန်။ ပုပ်ပျက်တတ်သောအရာဟ မပုပ်ပျက်နိန်သော အဖြစ်ဟို အမွေမခံနိန်။


ကျမ်းစာလာလဲ့အတိုင်း၊ “ဘုရားသခင်ဟ စသူမျှ မမျော် မကြားစဖူးဖြစ်မယ်ဟု စသူမျှ မထင်မမှတ်ဖူးလဲ့ အမှုအရာဟို မိမိအား ချစ်သောသူလို့အဖို့ ပြင်ဆင်ထားလေအယ်။”


ဆိုးညစ်သောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေမခံရတာဟို နင်လို့မသိကြသလော။ အလွဲမယူကြနဲ့၊ မတရားသောမေထုန်နှိုက် မှီဝဲသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သူ့မယားဟို ပစ်မားသောသူ၊ ယောက်ျားချင်း မေထုန်ဟို ပြုသောသူ၊


သူလို့ဟ ငြူစူခြင်း၊ သောက်စားမူးယဇ်ခြင်း၊ အပျော်လွန်ကြူးခြင်းလို့မှ စယွေ့ ဟေလိုမျိုး တခြားအရာတွေဟို လုပ်အယ်။ အရင်လိုပဲ ငါအခု နင့်ဟို သတိပေးတယ်။ အေးအရာများဟို ကျင့်သောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို ဝင်ရလိမ့်မယ် မဟုတ်ပေ။


အကျင့်ပျက်မှု၊ ယုတ်ညံ့ခြင်း အဲဟာမဟုတ်ရင် လောဘကြီးသူ စသူမဆို ခရစ်တော်ရဲ့ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်နှိုက် အမွေဟို ဖယ်တော့မှ ရဆိမယ် မဟုတ်ကျောန်း နင်သေချာသိကြအယ်။


ငါလို့ဟ နင်လို့အား အားပေးနှစ်သိမ့်ပေးကာ ကိုယ်တော်ရဲ့ နိုင်ငံတော်နဲ့ ဘုန်းအသရေတော်တွင် ပါဝင်ရန် ခေါ်လဲ့ ဘုရားသခင် နှစ်သက်သော အသက်တာမျိုးဖြင့် နေထိန်ရန် ငါလို့ ဆက်လက် တိုက်တွန်းထားအယ်။


ငါလို့ဟ သည်းခံရင် ကိုယ်တော်နဲ့အတူ စိုးစံလိမ့်မယ်။ ငါလို့ဟ ကိုယ်တော်အား စွန့်ပယ်ရင် ကိုယ်တော်ဟ ငါလို့အား စွန့်ပယ်လိမ့်မယ်။


အခုအခါတွင် ဖြောင့်မတ်ခြင်း သရဖူဟ ငါ့အတွက် အသင့်ဆိနေအယ်၊ အဲနေ့နှိုက် ဖြောင့်မတ်လဲ့ တရားစီရင်သူဖြစ်သော သခင်ဘုရားဟ အဲသရဖူဟို ငါ့အား ပေးလိမ့်မယ်၊ ငါ့ဟိုသာ မဟုတ်ဘဲ ကိုယ်တော်ရဲ့ ပေါ်ထွန်းခြင်းဟို လိုလားတောင့်တသူ အားလုံးလို့ဟိုလည်း ပေးလိမ့်မယ်။


ခေါန်းခင်တမန်အားလုံးလို့ဟ ကယ်တင်ခြင်းဟို အမွေဆက်ခံမဲ့သူများရဲ့ အမှုဟို ဆောင်ရွက်ရန် စေလွှတ်ခြင်းခံရလဲ့ အစေခံ ဝိညာဉ်များ ဖြစ်ကြတာ မဟုတ်လော။


အေးအစား သူလို့ဟ အထက်ခေါန်းခင်နှိုက် ဆိလဲ့ပြေတည်းဟူသော သာယွေ့ မြတ်သောပြေဟို ရမ်းဆာ့ တောင့်တနေကြအယ်။ အဲကျောန့် ဘုရားသခင်ဟ သူလို့ရဲ့ ဘုရားဟု ခေါ်ခြင်းခံရတာဟို ဆှက်ဝူး၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် မြို့ဟို ပြင်ဆင်ထားအယ်။


ယုံကြည်သူ ငါလို့ဟ ဘုရားသခင် ကတိထားသော ငြိမ်ဝပ်ရာ ချမ်းသာဟို ရဆိကြအယ်၊ “ငါဟ အမျက်ထွက်ယွေ့ ကျိန်ဆိုလျက် အဲသူလို့အား ငြိမ်ဝပ်ရာ ချမ်းသာရဆိရန် ပြေတော်ဟို ဝင်ခွင့်ဟို ပစာအခါမျှ ပေးလိမ့်မယ် မဟုတ်” ဟု ဘုရားသခင် မိန့်ခဲ့လဲ့အတိုင်း ဖြစ်အယ်။ လောကဟို ဖန်ဆင်းချိန်မှစယွေ့ ကိုယ်တော်ဟ မိမိလုပ်ဆောင်ရန် အမှုကိစ္စများ ပီးဆုံးသွားသော်လည်း ဟေစကားဟို မိန့်ခဲ့အယ်။


ဟေလို ပူဇော်ရရင် ကမ္ဘာတည်ချိန်မှ စယွေ့ ဒုက္ခဝေဒနာဟို အကြိမ်ကြိမ် ခံစားရလိမ့်မယ်။ အခုမှာ မိမိတတ်တိုင်း ပူဇော်ခြင်းအားဖြင့် အပစ်တရားဟို ပယ်လောရန် ကပ်ကာလအဆုံးနှိုက် တကြိမ်တည်း ပေါ်ထွန်းလာမယ်။


ငါ ချစ်သော ညီအကို မောင်နှမလို့၊ နားထောင်ကြလော့။ ဘုရားသခင်ဟ ဟေလောကတွင် ဆင်းရဲသောသူလို့ဟို ယုံကြည်ခြင်းနှိုက် ကြွယ်ဝသောသူအဖြစ် လည်းကောင်း၊ ကိုယ်တော်ဟို ချစ်သောသူလို့အား ကတိထားသော နိုင်ငံတော်ဟို အမွေဆက်ဆံသူအဖြစ် လည်းကောင်း ရွေးကောက်တာ မဟုတ်လော။


နင်လို့ဟ ကိုယ်တော်ဟို ယုံကြည်ခြင်းရဲ့ အကျိုးရလဒ်တည်းဟူသော နင်လို့ရဲ့ စိတ်ဝိညာဉ် ကယ်တင်ခြင်းကို ခံရသောကျောန့် ဖြစ်အယ်။


နင်လို့ဟ ကောင်းချီးမင်္ဂလာဟို အမွေဆက်ခံရမဲ့အကျောန်း ခေါ်ယူခြင်းဟို ခံရတာ ဖြစ်ယွေ့ အဆိုးဟို အဆိုးဖြင့် လည်းကောင်း၊ ကဲ့ရဲ့ပစ်တင်ခြင်းဟို ကဲ့ရဲ့ပစ်တင်ခြင်းဖြင့် လည်းကောင်း မတုန့်ပြန်ဘဲ ကောင်းချီးဟိုသာ ပေးကြလော့။


အသေသတ်ခြင်း ခံရလဲ့ သိုးသငယ်ရဲ့ အသက်စာစောင်နှိုက် ကမ္ဘာဦးမှ စယွေ့ နာမယ် မရေးထားသော မြေကြီးပေါ်တွင် နေထိန်သူအားလုံးလို့ဟ အဲသားရဲဟို ကိုးကွယ်ကြလိမ့်မယ်။


နင်မျော်သော သားရဲဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ တွင်းနက်ကြီးထဲဟ တက်လာယွေ့ ပျက်စီးခြင်းဟို ရောက်မယ်ဖြစ်အယ်။ မြေကြီးပေါ်နှိုက် နေထိန်သော သူလို့ထဲတွင် ကမ္ဘာတည်ချိန်မှစယွေ့ အသက်စာစောင်နှိုက် စာရင်းမဝင်သော သူလို့ဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ ရောက်လာမဲ့ အဲသားရဲဟို မျော်လျက် အံ့ဩကြလိမ့်မယ်။


ကိုယ်တော်ရဲ့ ဝတ်လုံနဲ့ ပေါင်လို့တွင် “ဘုရင်တကာလို့ရဲ့ ဘုရင်၊ အဆှင်တကာလို့ရဲ့ အဆှင်” ဟူသော အမယ်နာမဟို ရေးထားလျက် ဆိအယ်။


အောန်မြင်သောသူဟ ဟေအရာလို့ဟို အမွေဆက်ခံရလိမ့်မယ်။ ငါဟ သူရဲ့ ဘုရားသခင် ဖြစ်မယ်၊ သူဟလည်း ငါရဲ့ လူပဲ့သငယ် ဖြစ်လိမ့်မယ်။


သူလို့ဟို ငါလို့ရဲ့ ဘုရားသခင်အတွက် နိုင်ငံတခုနဲ့ ယဇ်ပုရောဟိတ်များ ဖြစ်စေသဖြင့် သူလို့ဟ မြေကြီးပေါ်တွင် အုပ်စိုးရကြလိမ့်မယ်” ဟု ဆိုကြအယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ