32 လူမျိုးအပေါင်းလို့ဟ ဆေ့တော်တွင် စုရုံးရကြပင်း သိုးထိန်းဟ သိုးနဲ့ ဆိတ်လို့ဟို တခြားစီခွဲထုတ်သလို လူသားဟလည်း လူလို့အား နေစုခွဲထုတ်ပင်းရင်၊
ကပ်ကမ္ဘာကုန်ဆုံးချိန်နှိုက်လည်း အဲနည်းတူဖြစ်လိမ့်မယ်။ ခေါန်းခင်တမန်များဟ လာယွေ့ သူယုတ်မာများဟို သူတော်ကောင်းများထဲမှ ခွဲထုတ်ပင်းရင်၊
အဲလိုမို့ နင်လို့ဟ သွားယွေ့ လူမျိုးတကာလို့ဟို ငါ့တဘဲ့ ဖြစ်စေကြလော့။ သူလို့အား ခမည်းတော်၊ သားတော်၊ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နှစ်ခြင်းမင်္ဂလာဟို ပေးကြလော့။
သူ့ရဲ့ လက်တော်တွင် စပါးလှေ့ရန် ဆန်ကောဟို ကိုင်လျက် မိမိရဲ့ ကောက်နယ်တလင်းဟို ဆှင်းလင်းအယ်။ သူဟ ဂျုံစပါးဟို ကျီတွင် စုသိမ်းယွေ့၊ အဖျင်းများဟိုဟ မငြိမ်းနိန်သော မီးနဲ့ ရှို့လိမ့်မယ်” ဟု ယောဟန်ဟ ပြောအယ်။
ငါဟ ကောင်းသော သိုးထိန်း ဖြစ်အယ်။ ခမည်းတော်ဟ ငါ့ဟို သိပင်း ငါဟလည်း ခမည်းတော်ဟို သိသလို ငါ့သိုးလို့ဟိုလည်း ငါသိယွေ့ ငါ့သိုးလို့ဟလည်း ငါဟိုသိကြအယ်။ ငါဟ သိုးလို့အဖို့ အသေခံရန် ဆန္ဒဆိအယ်။
ငါ့သိုးလို့ဟ ငါ့အသံဟို နားထောင်ကြအယ်။ ငါဟ သူလို့ဟို သိယွေ့ သူလို့ဟလည်း ငါ့နောက်ဟို လိုက်ကြအယ်။
ပညတ်တရား မဆိဘဲ အပစ်လုပ်ကြသောသူ စသူမဆို ပညတ်တရား မပါဘဲ ပျက်စီးရကြမယ် ဖြစ်အယ်၊ ပညတ်တရားဆိလဲ့ ယုဒအမျိုးနှိုက် အပစ်ကျူးလွန်လဲ့အခါ သူလို့ဟ ပညတ်တရားရဲ့ စီရင်ခြင်းဟို ခံရလိမ့်မယ်။
အားပင်း ငါဟောပြောလဲ့ သတင်းကောင်းအရ လူအားလုံးလို့ရဲ့ လျှို့ဝှက်ကြံစည်ချက်များဟို ယေရှု ခရစ်အားဖြင့် ဘုရားသခင် စစ်ဆေးစီရင်သောနေ့နှိုက် ဖြစ်လိမ့်မယ်။
အဲလိုမို့ သခင်ဘုရား ကြွလာမမူမီ စလိုအရာဟိုမျှ အချိန်မတန်ဘဲ မစီရင်ကြနဲ့။ အဲသခင်ဟ မိုက်ထဲနှိုက် အောန်းထားသောအရာလို့ဟို အလင်းဟို ယူဆောင်လာပင်း စိတ်နေလုံး အကြံစည်လို့ဟို ထင်ဆှားစေလိမ့်မယ်။ အဲအခါ လူအသီးသီးလို့ဟ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရကြလိမ့်မယ်။
အကျောန်းမှာ ငါလို့ဆိသမျှဟ ခရစ်တော်ရဲ့ တရားပလ္လင်ဆေ့နှိုက် ထင်ဆှားရမယ်။ ငါလို့ဟ ငါလို့ရဲ့ ကိုယ်ခန္ဓာ နေအိုင်နှိုက် ဆိနေစဉ် ငါလို့ပြုခဲ့လဲ့ ကောင်းသောအမှု အဲဟာမဟုတ်ရင် မကောင်းသောအမှုလို့အတွက် ထိုက်သင့်သော အကျိုးအပစ်ဟို ငါလို့ အသီးသီးခံရကြလိမ့်မယ်။