19 “ကာလအတော်ကြာသော် အေးကျွန်လို့ရဲ့ သခင်ဟ ပြန်လာယွေ့ သူလို့နဲ့ စာရင်းဆှင်းအယ်။
အဲလိုလဲ အေးကျွန်ဟ ကျွန်မိုက်ဖြစ်ပါဟ ‘ငါ့သခင်ပြန်လာအုံးမှာ မဟုတ်၊ ကြာအုံးမယ်’ ဟု စိတ်နေလုံးနှိုက် အောက်မေ့ကာ၊
အဲလိုလဲ ငွေဒင်္ဂါး တပိဿာ ရသူဟ သွားယွေ့ မိမိသခင်ရဲ့ ပိတ်ဆန်ဟို မြေကြီးနှိုက် ကျွင်းတူးကာ မြှပ်ထားလေအယ်။
မင်္ဂလာဆောင်သတို့သားဟ ရောက်လာရန် ကြန့်ကြာနေသောကျောန့် သူလို့အားလုံး ငိန်းကျာ့ယွေ့ အိပ်မွေ့နေကြအယ်။
အေးအတူ ဒါဝိဒ်ဟလည်း ဘုရားသခင်ဟ အကျင့်ဟို မထောက်ဘဲ ဖြောင့်မတ်တာဟု သတ်မှတ်ခြင်းခံရသော သူရဲ့ မင်္ဂလာဟို ပြောဆိုရာနှိုက်၊
အကျောန်းမှာ ငါလို့ဆိသမျှဟ ခရစ်တော်ရဲ့ တရားပလ္လင်ဆေ့နှိုက် ထင်ဆှားရမယ်။ ငါလို့ဟ ငါလို့ရဲ့ ကိုယ်ခန္ဓာ နေအိုင်နှိုက် ဆိနေစဉ် ငါလို့ပြုခဲ့လဲ့ ကောင်းသောအမှု အဲဟာမဟုတ်ရင် မကောင်းသောအမှုလို့အတွက် ထိုက်သင့်သော အကျိုးအပစ်ဟို ငါလို့ အသီးသီးခံရကြလိမ့်မယ်။
ငါ့ ညီအကို မောင်နှမလို့၊ ဆရာဖြစ်သော ငါလို့ဟ အခြားသူများထက် ပိုယွေ့ ကျပ်တည်းသော တရားစီရင်ခြင်းဟို ခံရမယ်ဖြစ်ကျောန်း သိမှတ်လျက် ဆရာဖြစ်သူ မများစေကြနဲ့။