1 “အေးကာလနှိုက် ခေါန်းခင်နိုင်ငံတော်ဟ မီးဖူးများဟို ယူယွေ့ မင်္ဂလာဆောင်သတို့သားဟို ကြိုဆိုရန် ထွက်သွားလဲ့ အပျိုကညာဆယ်ယောက်လို့နဲ့ တူလိမ့်မယ်။
ယေရှုဟ အခြားပုံဥပမာဟို ဆောင်ပင်း သူလို့အား မိန့်တာဟ “ခေါန်းခင်နိုင်ငံတော်သည် လူတယောက်ဟ မိမိဂျုံအစေ့ မျိုးကောင်းမျိုးသန့်ဟို ကြဲသောသူနဲ့တူအယ်။
ယေရှုဟ အခြားပုံဥပမာဟို ပေးယွေ့ သူလို့အား မိန့်တာဟ “ခေါန်းခင်နိုင်ငံတော်သည် လူတယောက်ဟ မုန်ညင်းအစေ့ဟို ယူယွေ့ မိမိစိုက်ခင်းထဲတွင် ကြဲသောသူနဲ့တူအယ်။
လယ်ဟ ဟေလောကဖြစ်ပင်း ကောင်းသောမျိုးစေ့ဟ နိုင်ငံတော်ရဲ့သားများ ဖြစ်ကြအယ်။ မြက်သီးပင်များဟ မာရ်နတ်ရဲ့သားများ ဖြစ်ကြအယ်။
“အဲပင်းရင် ခေါန်းခင်နိုင်ငံတော်သည် တံငါသည်အချို့လို့ဟ အိန်တွင် သူလို့ရဲ့ ပိုက်ကွန်ဟို ချယွေ့ ငါးအမျိုးမျိုးဟို အုပ်မိသောအရာနဲ့ တူအယ်။
“ခေါန်းခင်နိုင်ငံတော်သည် မခင်အခါဟ လူတယောက်သည် မိမိရဲ့ စပျစ်ဥယျာဉ်အတွက် အလုပ်သမားများဟို ငှားရန် နက်စာစောစော ထွက်သွားသောသူနဲ့တူအယ်။
“ခေါန်းခင်နိုင်ငံတော်ဟ မိမိရဲ့ သားအတွက် မင်္ဂလာဆောင်ဧည့်ခံပွဲ ပြင်ဆင်ထားတဲ့ ဘုရင်တပါး ကြုံတွေ့ရလဲ့ အဖြစ်အပျက်နဲ့ တူအယ်။
အပျိုကညာ အားလုံးတို့ဟ ထယွေ့ မိမိရဲ့မီးဖူးများဟို အသင့်ပြင်ကြအယ်။
“နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့၊ ပစာကို့ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ” ဟု ဟောပြောလေအယ်။
အေးတိုင်းတိုင်း လူလို့ဟ နင်လို့ရဲ့ ကောင်းသောအကျင့်ဟို မျော်ယွေ့ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖရဲ့ ဂုဏ်တော်ဟို ချီးမွန်းစေရန် နင်လို့ရဲ့ အလင်းဟို လူလို့ရဲ့ ဆေ့မှာ ထွန်းလင်းစေကြလော့။
ယေရှုဟ “မင်္ဂလာဆောင်ပွဲတွင် အပေါင်းအဖော်များဟ သတို့သားနဲ့အတူ ဆိနေချိန်နှိုက် ဝမ်းနည်းပူဆွေးကြမယ်လော။ ဝမ်းနည်းမယ် မဟုတ်ဘဲ သူလို့ဆေမှ သတို့သားဟို ခွဲခွာယူဆောင်သွားမဲ့ နေ့ရက် ရောက်လာလိမ့်မယ်။ အဲအခါ သူလို့ဟ အစာဆှောင်ကြလိမ့်မယ်။
အဲလိုမို့ သူဟ ရောမစစ်သားတတပ်၊ ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဖာရိရှဲလို့ရဲ့ စေလွှတ်လိုက်သော အစောင့်တပ်သားများဟိုလည်းကောင်း ခေါ်ခဲ့အယ်။ သူလို့ဟ မီးဖူးများ၊ မီးတုတ်များနဲ့ လက်နက်များဟို ကိုင်ဆောင်လာကြအယ်။
မင်္ဂလာဆောင်သတို့သမီးဟို သိမ်းပိုက်ရသူဟ မင်္ဂလာဆောင်သတို့သား ဖြစ်အယ်၊ အဲလိုလဲ သတို့သားရဲ့ မိတ်ဆွေဟ အဆင်သင့်စောင့်ဆိုင်းကာ သတို့သားရဲ့ အသံဟို နားထောင်လျက်နေအယ်၊ သတို့သားရဲ့ အသံဟို ကြားသော် ရမ်းဆာ့ ဝမ်းသာအားရသလို ငါဟလည်း အခု အပြေ့အဝ ဝမ်းသာရလေပီ။
ငါလို့ တွေ့ဆုံလဲ့ အပေါ်ထပ် အခန်းမှာ မီးဖူးများစွာ ထွန်းလျက်ဆိအယ်။
နင်လို့ဟ ငါ့ဟို အစဉ်အောက်မေ့ သတိရယွေ့ ငါပေးအပ်လဲ့ သွန်သင်ချက်အတိုင်း လိုက်နာပြုကျင့်ကြသောကျောန့် နင်လို့အား ငါချီးမွန်းအယ်။
ဘုရားသခင်ဟ နင်လို့ဟို သဝန်တိုစိတ်ဆိသလို ငါဟ နင်လို့ဟို သဝန်တိုစိတ် ဆိအယ်၊ နင်လို့ဟ ခရစ်တော် တဦးတည်းနဲ့ စုံဖက်ထိမ်းမြားရန် ငါကတိပြုထားလဲ့ အပျိုစင်နဲ့ တူကြအယ်။
အခုအခါတွင် ဖြောင့်မတ်ခြင်း သရဖူဟ ငါ့အတွက် အသင့်ဆိနေအယ်၊ အဲနေ့နှိုက် ဖြောင့်မတ်လဲ့ တရားစီရင်သူဖြစ်သော သခင်ဘုရားဟ အဲသရဖူဟို ငါ့အား ပေးလိမ့်မယ်၊ ငါ့ဟိုသာ မဟုတ်ဘဲ ကိုယ်တော်ရဲ့ ပေါ်ထွန်းခြင်းဟို လိုလားတောင့်တသူ အားလုံးလို့ဟိုလည်း ပေးလိမ့်မယ်။
ကြီးမြတ်လဲ့ ဘုရားသခင်ဖြစ်သော ငါလို့ရဲ့ ကယ်တင်ဆှင် ယေရှုခရစ်တော်ရဲ့ ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာဆိသော မျှော်လင့်ခြင်းဟို စောင့်မျှော်ရန်လည်းကောင်း သွန်သင်လျက်ဆိအယ်။
အဲသူလို့ဟ မိန်းမများအားဖြင့် ညစ်ညူးစေခြင်း မခံခဲ့သောသူများ ဖြစ်ကြအယ်။ အကျောန်းမှာ သူလို့ဟ လူပျိုစစ်စစ် ဖြစ်ကြအယ်။ သူလို့ဟ သိုးသငယ် သွားလေရာဟို လိုက်ပါသောသူများ ဖြစ်ကြပင်း ဘုရားသခင်နဲ့ သိုးသငယ်လို့အတွက် အဦးသီးအဖြစ် လူလို့အထဲမှ ရွေးနုတ်ခံရသောသူများ ဖြစ်ကြအယ်။
ငါလို့ဟ ဝမ်းမြောက်ရွှင်မြူးလျက် ကိုယ်တော်ရဲ့ ဘုန်းတော်ဟို ချီးမွန်းကြစို့။ အကျောန်းမှာ သိုးသငယ်ရဲ့ မင်္ဂလာဆောင်ပွဲ အချိန်ကျရောက် လာယွေ့ သူရဲ့ သတို့သမီးဟ မိမိတတ်တိုင်း ပြင်ဆင်လေပီ။
တဖန် သန့်ဆှင်းသော ယေရုရှလင်မြို့သစ်ဟ သတို့သားအတွက် ဆင်မြန်းထားလဲ့ သတို့သမီးလို ပြင်ဆင်လျက် ဘုရားသခင်ဆေ ခေါန်းခင်မှ ဆင်းသက်လာတာဟို ငါ မျော်ရအယ်။
အဲပင်းရင် နောက်ဆုံးသော ဘေးဒဏ် ခုနေပါးနဲ့ ပြေ့နေသော ဖလား ခုနေလုံးဟို ကိုင်ဆောင်လဲ့ ခေါန်းခင်တမန် ခုနေပါးထဲမှ တပါးဟ လာယွေ့ ငါနဲ့ စကားပြောလျက် “လာမန့်၊ သိုးသငယ်ရဲ့ ပေါင်အိုမဖြစ်သော သတို့သမီးဟို နင့်အား ငါ ပြမယ်” ဟု ဆိုအယ်။
ပလ္လင်တော်ထဲမှ ဆတ်ပျက်ထိုးခြင်း၊ အသံမြည်ဟည်းခြင်းနဲ့ မိုးချုန်းခြင်းများ ဖြစ်ပေါ်လေအယ်။ ဘုရားသခင်ရဲ့ ဝိညာဉ် ခုနေပါးဖြစ်သော မီးဖူး ခုနေလုံးဟလည်း ပလ္လင်ဆေ့နှိုက် ထွန်းလင်းလျက် ဆိအယ်။
တတိယ ခေါန်းခင်တမန်ဟ တံပိုးခရာဟို မှုတ်လိုက်သောအခါ မီးရှူးလိုမျိုး တောက်လောင်နေသော ကြယ်ကြီးတလုံးဟ ခေါန်းခင်မှ ကြွေကျယွေ့ မြစ်များရဲ့ သုံးပုံတပုံအပေါ်နဲ့ စမ်းယေတွင်းများ အပေါ်ဟို ကျလေအယ်။