49 ကျွန်ချင်းလို့အား ရိုက်နှက်လျက် သေရည်သောက်ကြူးသူလို့နဲ့ သောက်စားမူးယဇ်လျက် နေလိမ့်မယ်။
“အဲလိုလဲ အေးအစေခံဟ ထွက်သွားသောအခါ မိမိအား ငွေဒင်္ဂါးတရာ အကြွေးတင်သောသူ အစေခံချင်း တယောက်ဟို မျော်အယ်။ သူဟို ဖမ်းယွေ့ လည်ပင်းညစ်ပင်း ‘နင်ဆပ်ရန် ဆိသော အကြွေးဟို ပြန်ဆပ်လော့’ ဟု ဆိုအယ်။
အဲလိုလဲ အေးကျွန်ဟ ကျွန်မိုက်ဖြစ်ပါဟ ‘ငါ့သခင်ပြန်လာအုံးမှာ မဟုတ်၊ ကြာအုံးမယ်’ ဟု စိတ်နေလုံးနှိုက် အောက်မေ့ကာ၊
အေးနောက် အေးကျွန် မမျော်လင့်သောနေ့၊ မသိမျော်လဲ့ အချိန်နှိုက် သူ့သခင်ပြန်လာယွေ့၊
“မားသောပရောဖက်လို့ဟို သတိထားကြလော့။ သူလို့ဟ သိုးရေခြုံလျက် နင်လို့ဆေဟို လာပေမဲ့လည်း အတွင်းစိတ်ဟ ရက်စက်သော ဝံပုလွေလိုမျိုး ဖြစ်ကြအယ်။
“လူတိုင်းဟို စပျစ်ယေကောင်းနဲ့ အဦးဆုံး ဧည့်ခံတတ်အယ်၊ ဧည့်သည်လို့ ရမ်းဆာ့ မူးပင်းနောက် စပျစ်ယေအညံ့ဟို ထည့်ပေးလေ့ ဆိအယ်။ အဲလိုလဲ နင်ဟ စပျစ်ယေကောင်းဟို အခုထိ သိမ်းထားပီ” ဟု ဆိုအယ်။
အကျောန်းမှာ သူလို့ဟ ငါလို့ရဲ့ အဆှင် ခရစ်တော်ရဲ့ အစေဟို ခံသူများ မဟုတ်ဘဲ၊ သူလို့ရဲ့ ကိုယ်ပိုင်အရာကိုယ်သာ စိတ်ဝင်စားကြသူများ ဖြစ်ကြအယ်။ သူလို့ရဲ့ ချိုသာသော စကားများနဲ့ မြှောက်ပင့်သော စကားများဖြင့် အပစ်မဲ့သူလို့ဟို လှည့်စားတတ်ကြအယ်။
တစုံတယောက်ဟ နင့်ဟို ကျွန်ပြုတာ ဖြစ်စေ၊ အခွင့်ကောင်းယူခြင်း၊ လုယူတာ ဖြစ်စေ၊ အထင်မြင်သေးတာ ဖြစ်စေ အဲဟာမဟုတ်ရင် ပါးဟို ရိုက်တာ ဖြစ်စေ နင်လို့ဟ သည်းခံကြအယ်။
အဲသူလို့ရဲ့ အဆုံးဟ ပျက်စီးခြင်း ဖြစ်အယ်၊ သူလို့ရဲ့ ဘုရားဟ သူလို့ရဲ့ ဖိုက်ဖြစ်ယွေ့ သူလို့ဟ ဆှက်ဖွယ်ရာနှိုက် ဂုဏ်ယူဝါကြွားကြအယ်။ သူလို့ စွဲလမ်းသောအရာဟ လောကနဲ့ဆိုင်သောအရာများပင် ဖြစ်ကြအယ်။
နင်လို့အား ခွဲဝေပေးအပ်ထားသော သူလို့အပေါ် စိုးမိုးချယ်လှယ်ခြင်း မလုပ်ဘဲ သိုးစုအတွက် စံနမူနာဖြစ်ကြလော့။
သူလို့ဟ နင်လို့နဲ့အတူ စားသောက်သောအခါ ဆှက်ကြောက်ခြင်း မဆိဘဲ မိမိလို့အတွက်သာ ဂရုစိုက်လျက် နင်လို့ရဲ့ မေတ္တာပွဲနှိုက် အစွန်းအထင်းများ ဖြစ်ကြအယ်။ သူလို့ဟ လေနှိုက်လွင့်ပါသွားသော မိုးယေမပါလဲ့ မိုးချေးသားများ၊ အမြစ်ပါမကျန် ဆွဲနုတ်ခံရယွေ့ နေကြိမ်သေလဲ့ အသီး မသီးသော ဆောင်းဦးကာလ သစ်ပင်များ၊
သူဟ သန့်ဆှင်းသူလို့ဟို စစ်တိုက်ယွေ့ အောန်နိန်သောအခွင့်ဟို ရဆိပင်း လူမျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနဲ့ တိုင်းနိုင်ငံအသီးသီးလို့မှ လူလို့အား အုပ်စိုးရသော အခွင့်ဟိုလည်း ရဆိအယ်။
အကျောန်းမှာ အဲသူလို့ဟ သန့်ဆှင်းသူများနဲ့ ပရောဖက်များရဲ့ အသွေးဟို သွန်းခဲ့ကြတာ ဖြစ်ယွေ့ ကိုယ်တော်ဟ အဲအသွေးလို့ဟို သူလို့အား သောက်ရန် ပေးပီ။ သူလို့ဟ အဲလိုခံရရန် ထိုက်တန်ပေအယ်” ဟု ဆိုတာဟို ငါ ကြားရအယ်။
အဲမိန်းမဟ သန့်ဆှင်းသူလို့ရဲ့ အသွေးနဲ့ ယေရှုရဲ့ သက်သေခံများရဲ့ အသွေးလို့ဖြင့် ယစ်မူးနေတာဟို ငါ မျော်အယ်။ ငါဟ သူ့ဟို မျော်ရသောအခါ ရမ်းဆာ့ အံ့ဩမိအယ်။