43 အိုင်ဆှင်ဟ သူခိုးလာမယ့် အချိန်ဟိုသာ သိရရင် သတိနဲ့နေလျက် မိမိနေအိုင်ဟို သူခိုးဖောက်ခွင့်ပြုမယ် မဟုတ်ကျောန်း နင်လို့ သိမှတ်ကြလော့။
အရုဏ်ဦးအချိန်နှိုက် ယေရှုဟ ယေပေါ်မှာ စက်တော်ဖြန့်ယွေ့ တဘဲ့တော်လို့ ဆေဟို ကြွလာအယ်။
သူလို့ဟ သူလို့ရဲ့ အားခဟို ယူပင်း စတင်ကာ ဥယျာဉ်ဆှင်ဟို ကဲ့ရဲ့ပစ်တင်ကြအယ်။
သို့ဖြစ်ယွေ့ သတိနဲ့စောင့်နေကြလော့၊ ပစာကို့ နင်လို့ရဲ့ အဆှင်ဟ ပစာအခါ ကြွလာမယ်ဟို နင်လို့ မသိကြ။
အဲလိုမို့ လူသားဟ နင်လို့ မထင်မှတ်သော အချိန်နှိုက် ကြွလာမယ် ဖြစ်ယွေ့ နင်လို့ဟလည်း အဆင့်သင့်ဆိနေကြလော့။
အဲလိုမို့ ပညာမဲ့သောသူလို့ ဆီဝယ်ရန် ထွက်သွားနေခိုက် မင်္ဂလာဆောင်သတို့သားဟ ရောက်လာအယ်။ အသင့်ဆိနေကြသော အပျိုကညာလို့ဟလည်း သူနဲ့အတူ မင်္ဂလာဆောင်ပွဲဟို ဝင်ပင်းရင် ထင်ခါးဟို ပိတ်ထားလိုက်အယ်။
“သို့ဖြစ်ယွေ့ နင်လို့ဟလည်း အေးနေ့အေးအချိန်ဟို မသိကြသဖြင့် သတိနဲ့စောင့်နေကြလော့” ဟု ယေရှုဟ အဆုံးသတ် ပြောဆိုအယ်။
အဲကျောန့် အိုင်ဆှင်ဟ ညခင်းအချိန်နှိုက် ဖြစ်စေ၊ သန်းခေါင်အချိန် ဖြစ်စေ၊ ကြက်တွန်သောအခါ ဖြစ်စေ၊ မိုးသောက်ယံဖြစ်စေ အိုင်ဆှင်ဟ ပစာခါလဲ့ပြန်လာမယ်ဟို စသူမှ မသိသောကျောန့် သတိပြုကြလော့။
လေဆန်သောကျောန့် တဘဲ့တော်လို့ဟ တက်ခတ်ယွေ့ ပင်ပန်းကြတာဟို မျော်သောအခါ ကိုယ်တော်ဟ ယေပေါ်မှာ လမ်းဆှောက်ယွေ့ သူလို့ဆေဟို လာအယ်။ အချိန်ဟ မိုးမလင်းခင် ဖြစ်အယ်၊ ကိုယ်တော်ဟ သူလို့ အနီးမှ ဖြတ်ကျော်ယွေ့ သွားအယ်၊
ညနက်ချိန် ဖြစ်စေ၊ မိုးသောက်ယံနှိုက် ဖြစ်စေ၊ သခင်ဟ လာယွေ့ အေးလို့ အဆင်သင့် ပြင်ဆင်ထားတာဟို တွေ့ရင် အေးကျွန်လို့ဟ မင်္ဂလာဆိအယ်။
တကယ်လို့ အိုင်ပိုင်ဆှင်ဟ သူခိုးလာမဲ့အချိန်ဟို သိရရင် မိမိရဲ့ နေအိုင်ဟို သူခိုးအား ဖောက်ခွင့်ပြုမှာ ဟုတ်ဝူး။
အေးလိုမို့ ကျရောက်လာလိမ့်မယ် ဖြစ်သော အမှုအရာလို့နဲ့ ကင်းလွတ်ယွေ့ လူသားရဲ့ ဆေ့နှိုက် မတ်တတ်ရပ်နိန်ရန် နိုးနိုးကြားကြား ဆိပင်း အစဉ် ဆုတောင်းလျက် စောင့်နေကြလော့” ဟု ပြောလေအယ်။
“ကျေ့လော့၊ ငါဟ သူခိုးလို လာမယ်။ အဝတ်အချည်းစဲဖြင့် သွားလာယွေ့ မိမိအဆှက်ဟို လူလို့ မျော်ရလဲ့အဖြစ်မျိုး မဆိစေရန် မိမိအဝတ်များဟို ထိန်းသိမ်းလျက် သတိနဲ့ စောင့်နေသောသူဟ မင်္ဂလာဆိအယ်” ဟု ဆိုအယ်။
အဲကျောန့် နင်ဟ ခံယူယွေ့ နားထောင်ပင်းသောအရာဟို အောက်မေ့ယွေ့ စောင့်ဆှောက်လော့။ နောင်တရလော့။ နင်ဟ သတိနဲ့ စောင့်နေခြင်း မဆိရင် သူခိုးလို ငါလာမယ် ဖြစ်ယွေ့ စလို အချိန်နှိုက် နင်ဆေဟို ငါလာမယ်ဟို နင် လုံးဝသိလိမ့်မယ် မဟုတ်။