Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 24:14 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

14 နိုင်ငံတော်နဲ့ဆိုင်လဲ့ သတင်းကောင်း အကျောန်းဟို ကမ္ဘာတဝန်းလုံးဆိ လူမျိုးအပေါင်းလို့အား သက်သေခံ ဟောပြောပင်းမှ ကပ်ကမ္ဘာကုန်ဆုံးချိန် ရောက်လိမ့်မယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 24:14
29 ပူးပေါင်းရင်းမြစ်များ  

နင်လို့သွားပင်း ‘ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ’ ဟု ဟောပြောကြလော။


“အားပင်း နင်လို့အား ငါ အမန်အကန်ပြောတာဟ လောကတွင် နင်လို့အနက် လူနေယောက်လို့ဟ သဘောတူပင်း ဆုတောင်းလဲ့ အရာအားလုံးအတွက် ခေါန်းခင်နှိုက်ဆိသော ငါရဲ့အဖဟ သူလို့အတွက် အေးအရာဟို ပြေ့စုံစေမယ်။


ယေရှုဟ သံလွင်တောင်ပေါ်တွင် တကိုယ်တည်း ထိန်နေစဉ် တဘဲ့တော်လို့ဟ အထံတော်ဟို သီးသန့် ချဉ်းကပ်ပင်း “ဟေအမူအရာများဟ ပစာကာလနှိုက် ဖြစ်ပျက်မလော။ ကိုယ်တော် ကြွလာချိန်နဲ့ ကပ်ကမ္ဘာကုန်ဆုံးချိန်နှိုက် ပစာနိမိတ်များ ပေါ်ထွန်းမလော။ ငါလို့အား မိန့်ပါ” ဟု ဆှောက်ထားကြအယ်။


နင်လို့ဟ စစ်ပွဲများအကျောန်းနဲ့ စစ်မက်သတင်းများဟို ကြားကြပေမဲ့ သတိပြုလျက် မထိတ်လန့်ကြနဲ့။ ဟေအမှုအရာများဟ ဖြစ်ပျက်ရပေမဲ့ ကပ်ကမ္ဘာကုန်ဆုံးချိန်ဟ မရောက်သေး။


ယေရှုဟ ဂါလိလဲပြေတဆှောက်လုံး ပတ်သွားပင်း၊ တရားဇရပ်များတွင် သွန်သင်ကာ၊ နိုင်ငံတော်နဲ့ယှဉ်သော သတင်းကောင်းဟို ဟောပင်း၊ လူလို့တွင် အနာရောဂါအမျိုးမျိုးနဲ့ အဖျားအနာဆိသမျှလို့ဟို ငြိမ်းစေအယ်။


ယေရှုဟ မြို့ရွာဆိသမျှဟို လှည့်လည်ပင်းရင်၊ တရားဇရပ်များတွင် သွန်သင်ယွေ့၊ နိုင်ငံတော်နဲ့ယှဉ်သော သတင်းကောင်းအကျောန်းဟို ဟောပြောလျက် ဖျားနာခြင်းနဲ့ အနာရောဂါအမျိုးမျိုးလို့ဟို ပျောက်ကင်းစေအယ်။


အဲလိုလဲ အဆုံးချိန်မရောက်ခင်၊ သတင်းကောင်းဟို လူမျိုးအပေါင်းလို့အား ဟောပြောရကြမယ်။


အေးကာလနှိုက် ရောမ အင်ပါယာဆိ သန်းခေါင်စာရင်းဟို ယူရန် ဧကရာဇ် ဩဂုတ္တုဟ အမိန့်ထုတ်ပြန်အယ်။


နာမတော်ဟို အမှီပြုယွေ့ နောင်တရခြင်းတရားနဲ့ အပစ်ဖြေလွှတ်ခြင်း တရားဟို ယေရုရှလင်မြို့မှ အစပြုယွေ့ လူမျိုးအပေါင်းလို့ဟို ဟောပြောရမယ်။


အေးနောက် မာရ်နတ်ဟ ကိုယ်တော်ဟို ခေါ်သွားပင်း ခုတင်ချင်း လောကနှိုက် ဆိသမျှသော တိုင်းနိုင်ငံများဟို ပြသခဲ့အယ်။


ရွေးကောက်သော တမန်တော်များဟို သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် မိန့်မှာပင်းနောက် ခေါန်းခင်ဟို ဆောင်ယူခြင်းခံသော နေ့တိုင်အောန် ဖြစ်ပျက်သမျှလို့ဟို ပထမစာစောင်နှိုက် ငါရေးသား ဖော်ပြခဲ့အယ်။


အဲသူလို့အနက် အာဂဗု နာမယ်ဆိသော သူဟ ထယွေ့ ကမ္ဘာတဝှမ်းလုံးတွင် အစားအစာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးကြီး သက်ရောက်လိမ့်မယ်ဟု ဝိညာဉ်တော်အားဖြင့် ကြိုတင် ဟောပြောလေအယ်။ အေးဘေးဟ ဧကရာဇ် ကလောဒိ လက်ထက်နှိုက် ဖြစ်ပျက်ခဲ့လေအယ်။


အကျောန်းမှာ ရွေးချယ်သောသူအားဖြင့် လောကသားလို့ဟို မန်ကန်စွာ တရားစီရင်မဲ့ နေ့ရက်ဟို သတ်မှတ်ပီးသောကျောန့် ဖြစ်အယ်။ အေးသူဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသောအားဖြင့် လူအားလုံးလို့အား သက်သေပြပီ” ဟု ဟောလေအယ်။


အဲလိုလဲ သူလို့ဆှာယွေ့ မမျော်ကြသောအခါ ယာသုန်နဲ့ အခြား ယုံကြည်သူတချို့လို့ဟို မြို့အာဏာပိုင်များ ဆေ့ဟို ခေါ်ဆောင်ခဲ့ပင်း “အေးလူတွေဟ နေရာတိုင်းမှာ ဒုက္ခပေးခဲ့ကြပါအယ်၊ သူလို့ဟ ငါလို့ရဲ့ မြို့ဟိုလည်း အခု လာပါပီ၊


အေးလို့ဆိုရင် ငါလို့ရဲ့ လုပ်ငန်းဟလည်း နာမယ်ပျက်စေမယ့် အန္တရာယ်ဆိအယ်။ အဲအရာသာမက ကြီးမြတ်သော နတ်ဘုရားမ အာတေမိရဲ့ ဗိမာန်တော်ဟ ပစာအရာမှ အဓိပ္ပာယ်ဆိတော့မှာ မဟုတ်ဘဲ အာရှပြေနဲ့ ကမ္ဘာတဝန်းလုံးဆိ လူတိုင်းကိုးကွယ်သော နတ်ဘုရားမရဲ့ ကြီးမြတ်မှုဟို ဖျက်ဆီးခံရလိမ့်မယ်” ဟု ပြောဆိုလေအယ်။


“အခုဟ နိုင်ငံတော်အကျောန်းဟို နင်လို့အားလုံး အလယ်နှိုက် လှည့်လည်ဟောပြောခဲ့သော ငါ့ရဲ့မျက်နှာဟို နင်လို့ မျော်ရတော့မှာ မဟုတ်ကျောန်း ငါ သိအယ်။


အဲလိုလဲ သူလို့ ကြားဝူးလားလို့ ငါ မေးအယ်။ သူလို့ ကြားရကြပီ။ “သူလို့ရဲ့ အသံဟ မြေတပြင်လုံးနှိုက် ပျံ့နှံ့သွားအယ်။ သူလို့ရဲ့ စကားများဟလည်း ကမ္ဘာအဆုံးထိအောန် ရောက်လေပီ”


အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။


နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို အမန်သိမျော် ခံစားရတာနဲ့မျှ သတင်းကောင်းဟ နင်လို့ဆေဟို ပျံ့နှံ့ယွေ့ လာအယ်။ အဲတိုင်းတိုင်း သတင်းကောင်းဟ ကမ္ဘာတဝန်းလုံးသို့ ပျံ့နှံ့ယွေ့ ကောင်းချီးမင်္ဂလာများ ခံစားလျက် ဆိအယ်။


အားပေမဲ့ ဘုရားသခင်ဟ မိမိရဲ့ သားဦးအား လောကဟို စေလွှတ်မယ်ဖြစ်သောအခါ၊ “ဘုရားသခင်ရဲ့ ခေါန်းခင်တမန်အပေါင်းလို့ဟ အဲသူအား ကိုးကွယ်ဝတ်ပြုရကြမယ်” ဟု မိန့်အယ်။


အကျောန်းမှာ ဘုရားသခင်ဟ ငါလို့ ပြောဆိုနေသော နောင်လာမဲ့ ကမ္ဘာအား အုပ်စိုးရခွင့်ဟို ခေါန်းခင်တမန်လို့အား ပေးအပ်မှာ မဟုတ်။


အဲပင်းရင် အခြားသော ခေါန်းခင်တမန် တပါးဟ ခေါန်းခင်အလယ်နှိုက် ပျံသန်းနေတာဟို ငါ မျော်အယ်။ သူဟ မြေကြီးပေါ်တွင် နေထိန်ကြသူများ တည်းဟူသော တိုင်းနိုင်ငံ၊ လူမျိုးနွယ်စု၊ ဘာသာစကား အမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးလို့အား ဟောပြောရန် ထာဝရတည်လဲ့ သတင်းကောင်းဟို ယူဆောင်လာအယ်။


အဲဝိညာဉ်လို့ဟ နိမိတ်လက္ခဏာများဟို ပြုသောနတ်ဆိုးလို့ရဲ့ ဝိညာဉ်များ ဖြစ်ကြအယ်။ ၎င်းလို့ဟ ကမ္ဘာတဝန်းလုံးဆိ ဘုရင်များဟို အနန္တတန်ခိုးဆှင် ဘုရားသခင်ရဲ့ နေ့ရက်ကြီးများနဲ့ဆိုင်သော စစ်ပွဲအတွက် စုဝေးစေရန် အဲဘုရင်များဆေဟို ထွက်ခွာသွားကြအယ်။


နင်ဟ ငါရဲ့ သည်းခံခြင်းနဲ့ စပ်ဆိုင်သော နှုတ်ကပတ်တရားဟို စောင့်ဆှောက်သောကျောန့် မြေကြီးအပေါ်နှိုက် နေသောသူလို့ဟို စုံစမ်းစေခြင်းငှာ၊ လောကီနိုင်ငံအရပ်ရပ်လို့ဟို ပျံနှံ့လာသော စုံစမ်းရာကာလတွင် နင့်ဟို ငါ စောင့်ဆှောက်မယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ