Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 23:13 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

13 “သူတော်ကောင်းဟန်ဆောင်သူ ဖာရိရှဲနဲ့ ကျမ်းတတ်ဆရာလို့၊ နင်လို့ဟ အမင်္ဂလာ ဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ခေါန်းခင်နိုင်ငံတော်ဟို လူလို့ဆေ့နှိုက် ထင်ခါး ပိတ်ထားယွေ့ နင်လို့ တတ်တိုင်းလည်း မဝင်၊ ဝင်ရန် ကြိုးစားသူများဟိုလည်း ဝင်ခွင့် မပြုကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 23:13
25 ပူးပေါင်းရင်းမြစ်များ  

“လမ်းပြတဲ့ မျက်မမျော်လို့၊ နင်လို့ဟ အမင်္ဂလာ ဆိအယ်။ ‘တစုံတယောက်ဟ ဗိမာန်တော်ဟို တိုင်တည်ပင်း ကျိန်ဆိုရင် အေးကျိန်ဆိုချက်ဟ အတည်မဖြစ်ပေမဲ့ ဗိမာန်တော်ရဲ့ ဆွေဟို တိုင်တည်ယွေ့ ကျိန်ဆိုရင် အတည်ဖြစ်အယ်။’


“သူတော်ကောင်းဟန်ဆောင်သူ ဖာရိရှဲနဲ့ ကျမ်းတတ်ဆရာလို့၊ နင်လို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ပင်စိမ်း၊ စမွတ်နဲ့ ဇီရာလို့ဟို ဆယ်ဖို့တဖို့ ပေးလှူကြသော်လည်း တရားမျှတမူ၊ သနားကြင်နာမှု၊ ရိုးသားဖြောင့်မတ်မှုစလဲ့ ပညတ်ကျမ်းမှ အကယ်ပင် အရေးကြီးသော သွန်သင်ချက်များဟိုတော့ လျစ်လျူရှုကြအယ်။ အေးအရာများဟို ပြုရမယ်ဖြစ်ပင်း အထက်တွင်ဆိုသော အရာများဟိုလည်း လျစ်လျူမရှုကြနဲ့။


“သူတော်ကောင်းဟန်ဆောင်သူ ကျမ်းတတ်ဆရာနဲ့ ဖာရိရှဲလို့၊ နင်လို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ပန်းကန်ခွက်များရဲ့ အပြင်ဟို သန့်ဆှင်းအောင် ဆေးကြောကြသော်လည်း နင်လို့ရဲ့ စိတ်အတွင်းမှာဟ လောဘလွန်ကျူးမှုနဲ့ အကြမ်းဖက်မှုလို့ဖြင့် ပြည့်လျက်ဆိနေကြအယ်။


“သူတော်ကောင်းဟန်ဆောင်သူ ကျမ်းတတ်ဆရာနဲ့ ဖာရိရှဲလို့၊ နင်လို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ထုံးဖြူသုတ်သော လုတ်တိုင်းဂူများနဲ့ တူကြအယ်။ အေးဂူလို့ဟ အပြင်ပန်းအားဖြင့် လှသော်လည်း အထဲနှိုက်မှာတော့ လူသေအရိုးနဲ့ ပုပ်နေသော အလောင်းကောင်လို့ဖြင့် ပြည့်လျက်ဆိကြအယ်။


“သူတော်ကောင်းဟန်ဆောင်သူ ကျမ်းတတ်ဆရာနဲ့ ဖာရိရှဲလို့၊ နင်လို့ဟ အမင်္ဂလာ ဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ပရောဖက်များရဲ့ လုတ်တိုင်းဂူများဟို တည်ဆောက်ပင်း သူတော်ကောင်းလို့ရဲ့ လုတ်တိုင်းဂူများဟို မွမ်းမံခြယ်လှယ်ကြကာ၊


ဖာရိရှဲနဲ့ ဇဒ္ဒုကဲအများလို့ဟ နှစ်ခြင်းခံယူရန် လာကြတာဟို မျော်သောအခါ ယောဟန်ဟ သူလို့အား “အချင်းမြွေပွေးလို့၊ ရောက်လာမယ့် အူထော့ခြင်းဘေးမှ လွတ်မြောက်နိန်တယ် ဟု နင်လို့အား စလူဟ သတိပေးလုန်း။


“ကျမ်းတတ်ဆရာလို့ နင်လို့ဟ ရမ်းဆာ့ ဆိုးကြအယ်။ နင်လို့ဟ အသိပညာ ထင်ခါးသော့ဟို သိမ်းထားပင်းရင် နင်လို့တတ်တိုင်းလည်း မဝင်၊ ဝင်ချင်သောသူများဟိုလည်း တားဆီးကြအယ်” ဟု ပြောလေအယ်။


သူ့ရဲ့ မိဘဟ ဟေလို့ဖြေရခြင်းဟာ ယုဒအာဏာပိုင်လို့ဟို ကြောက်သောကျောန့် ဖြစ်အယ်၊ ယေရှုအား မေဆှိယအဖြစ် ဝန်ခံသောသူ စသူဟိုမဆို တရားဇရပ်မှ မောင်းထုတ်ခံရမယ် ဟု ယုဒလူလို့ဟ သဘောတူဆုံးဖြတ်ပင်း ဖြစ်အယ်။


အေးကျောန့် သူလို့ဟ မျက်စေ့ကန်းဖူးသောသူဟို ဒုတိယအကြိမ် ခေါ်ပင်း “ကတိပေးထားလဲ့အတိုင်း ဘုရားသခင်ဆေ့နှိုက် အမန်တရားဟို ပြောမန့်၊ နင့်ဟို ကျန်းမာစေသောသူဟ အပစ်သားဖြစ်ကျောန်းဟို ငါလို့ သိအယ်” ဟု ဆိုကြအယ်။


အေးသူလို့ဟလည်း “နင်ဟ မွေးစဟပင် တကိုယ်လုံးနှိုက် ဒုစရိုက်အပစ်စွဲသောသူဖြစ်ပင်း ငါလို့ဟို သွန်သင်ဖို့ ကြိုးစားနေတာလား” ဟု ဆိုပင်း တရားဇရပ်မှ နှင်ထုတ်လိုက်ကြအယ်။


အဲလိုလဲ ဟေလသဘာသာအားဖြင့် ဧလုမဟု နာမယ်ဆိသော မှော်ဆရာဟ အုပ်ချုပ်ရေးမှူးအား ယုံကြည်ခြင်း လွှဲမားစေရန် ဗာနဗနဲ့ ရှောလုလို့ဟို ဟန့်တားလေအယ်။


သူဟ “အဲနာမဟို အမှီပြုယွေ့ သွန်သင်ခြင်း မလုပ်ရန် နင်လို့အား ငါလို့ ကျပ်ကျပ်အမိန့် ပေးခဲ့အယ်၊ အဲလိုလဲ နင်လို့ ပစာလုပ်တာဟို ကျေ့လော့၊ နင်လို့ဟ ယေရုရှလင်မြို့ တမြို့လုံးတွင် သွန်သင်ချက်ဟို ပျံ့နှံ့စေယွေ့ အဲသူ သေရတာဟ ငါလို့ကျောန့် ဖြစ်အယ်ဟူယွေ့ နင်လို့ အပစ်တင်လိုကြတာ မဟုတ်လော” ဟု ပြောအယ်။


သူလို့ဟ တမန်တော်လို့ဟို ခေါ်လျက် သူလို့အား ကြိမ်ဒဏ်ခတ်ကာ “ယေရှုရဲ့ နာမဟို အမှီပြုယွေ့ သွန်သင်ခြင်းဟို နောက်တခါ မပြုရ” ဟု အမိန့်ပေးပင်းနောက် လွှတ်လိုက်ကြအယ်။


ရှောလုဟ သတေဖန်ရဲ့ လူသတ်မှုဟို သက်သေပြုခဲ့အယ်။ အဲနေ့မှ စပင်း ယေရုရှလင်မြို့ဆိ အသင်းတော်အပေါ် ပြင်းထန်သော ညှဉ်းဆဲခြင်းဟို ခံရအယ်။ တမန်တော်လို့မှ လွဲယွေ့ ယုံကြည်သူများ အားလုံးဟ ယုဒပြေနဲ့ ရှမာရိပြေများ တဆှောက် ကျဲပြေးကြကုန်အယ်။


ယန္နေနဲ့ ယံဗြေလို့ဟ မောရှေဟို ဆန့်ကျင်ခဲ့လဲ့တိုင်းတိုင်း အဲသူလို့ဟ သမ္မာတရားဟို ဆန့်ကျင်ကြအယ်၊ သူလို့ဟ စိတ်နေလုံး ပျက်စီးယိုယွင်းလျက် ယုံကြည်ခြင်းအရာနှိုက် ကျရှုံးသောသူများ ဖြစ်ကြအယ်။


နင်ဟလည်း သူ့ဟို သတိပြုလော့၊ ပစာကို့ သူဟ ငါလို့ရဲ့ စကားဟို ပြင်းထန်စွာ ဆန့်ကျင်သောကျောန့် ဖြစ်အယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ