12 မိမိတတ်တိုင်း ချီးမြှောက်သူဟ နိမ့်ကျရလိမ့်မယ်။ မိမိတတ်တိုင်း နိမ့်ချသူဟ ချီးမြှောက်ခြင်းဟို ခံရလိမ့်မယ်။
အဲကျောန့် ဟေလူပဲ့သငယ်လိုမျိုး မိမိတတ်တိုင်းနှိမ့်ချသောသူ စသူမဆို ခေါန်းခင်နိုင်ငံတော်တွင် အကြီးမြတ်ဆုံး ဖြစ်လိမ့်မယ်။
“စိတ်နေလုံး နှိမ့်ချသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ ခေါန်းခင်နိုင်ငံတော်ဟ အဲသူလို့ရဲ့ နိုင်ငံ ဖြစ်အယ်။
အကျောန်းမှာ ကိုယ့်တတ်တိုင်းကိုယ် ချီးမြှောက်သူတိုင်းဟ နှိမ့်ချခြင်းဟို ခံရလိမ့်မယ်၊ ကိုယ့်တတ်တိုင်းကိုယ် နှိမ့်ချသောသူဟ ချီးမြှောက်ခြင်းဟို ခံရလိမ့်မယ်” ဟု ပြောအယ်။
နင်လို့ဟို ငါပြောတာဟ ဟေသူသည် ဘုရားသခင် ဆေ့တော်တွင် အပစ်ပြေပင်း၊ သူ့အိုင်ဟို ပြန်သွားယွေ့ ဖာရိရှဲမှာမူ အပစ်မပြေ။ ပစာကို့ ကိုယ့်တတ်တိုင်း ချီးမြှောက်သူဟ နှိမ့်ချခြင်းဟို ခံရယွေ့ မိမိကိုယ်ဟို နှိမ့်ချသူဟ ချီးမြှောက်ခြင်း ခံရမယ်ဖြစ်သောကျောန့် ဖြစ်အယ်” ဟု ပြောလေအယ်။
အားပေမဲ့ ကိုယ်တော်ဟ ရမ်းဆာ့ ကြီးမြတ်သော ကျေးဇူးတော်ဟို ပေးအယ်။ အဲလိုမို့ “ဘုရားသခင်ဟ မာနထောင်လွှားသောသူလို့ဟို ဆန့်ကျင်ယွေ့ နှိမ့်ချသောသူလို့အား ကျေးဇူးတော်ဟို ခံစားစေအယ်” ဟု ဆိုထားအယ်။
အေးနည်းတူ လူငယ်လို့၊ အသင်းတော် လူကြီးများရဲ့ စကားဟို နားထောင်ကြလော့။ နင်လို့အားလုံး တယောက်အောက် တယောက် နှိမ့်ချခြင်း တန်ဆာဟို ဆင်ယင်ကြလော့။ ပစာကို့ “ဘုရားသခင်ဟ မာနထောင်လွှားသောသူလို့ဟို ဆန့်ကျင်ယွေ့ နှိမ့်ချသောသူလို့အား ကျေးဇူးတော်ဟို ခံစားစေအယ်” ဟု ကျမ်းစာဟ ဖော်ပြထားအယ်။
အဲလိုမို့ အချိန်တန်လာသောအခါ နင်လို့ဟို ချီးမြှောက်မဲ့အကျောန်း ဘုရားသခင်ရဲ့ တန်ခိုးကြီးသော လက်တော်အောက်နှိုက် မိမိကိုယ်ကို နှိမ့်ချကြလော့။