11 နင်လို့တွင် အကြီးမြတ်ဆုံးသူဟ နင်လို့ရဲ့ အစေခံ ဖြစ်ရမယ်။
နင်လို့ဟ ခေါင်းဆောင် ဟူယွေ့လည်း အခေါ်မခံကြနဲ့၊ ပစာကို့ နင်လို့တွင် မေဆှိယ တည်းဟူသော ခေါင်းဆောင် တပါးတည်းသာ ဆိအယ်။
ယေရှုဟ ထိန်လျက်၊ တဘဲ့တော် တဆယ့်နေပါးလို့ဟို ခေါ်ပင်းမှ၊ “စသူမဆို ပထမဖြစ်လိုသူဟ နောက်ဆုံးနှိုက် နေရာယူပင်း အားလုံးရဲ့ ကျွန်လည်းဖြစ်ရမယ်” ဟု သူလို့အား ပြောလေအယ်။
ငါဟ စသူ့ကျွန်မျှ မဟုတ်၊ လွတ်လပ်သူ ဖြစ်အယ်၊ အားပေမဲ့ ခရစ်တော်ဟို ယုံကြည်သူများ တိုးပွားများပြား လာစေရန် ငါဟ လူတိုင်းရဲ့ ကျွန် ဖြစ်လာအယ်။
သူလို့ဟ ခရစ်တော်ရဲ့ အစေခံ ဖြစ်ကြသလော။ ငါဟ သူရူးတယောက်လို ထင်ရပေမဲ့ ငါဟ သူလို့ထက် ပိုကောင်းလဲ့ အစေခံတယောက်ပါ။ ငါဟ အလုပ်ပိုကြိုးစားအယ်၊ ထောင်ထဲမှာ အကြိမ်များစွာ နေခဲ့အယ်၊ ကြိမ်ဒဏ်တွေလည်း ခံရအယ်၊ သေလုမျောပါးလည်း မကြာခဏ ရင်ဆိုင်ရအယ်။
အကျောန်းမှာ ငါလို့ဟ မိမိလို့အကျောန်းဟို ဟောပြောကြတာ မဟုတ်၊ ယေရှု ခရစ်တော်ဟ သခင်ဖြစ်ကျောန်း၊ ငါလို့ဟ ယေရှုအတွက် နင်လို့ရဲ့ အစေခံများ ဖြစ်ကျောန်းဟို ဟောပြောကြအယ်။
ငါ့မိတ်ဆွေလို့၊ နင်လို့အတွက်ဟတော့ လွတ်လပ်မှုအတွက် ခေါ်ခြင်းခံရကြအယ်။ အဲလိုလဲ အေးလွတ်လပ်မှုဟာ နင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆန္ဒတွေကို ချုပ်ကိုင်ထားဖို့ အကျောန်းပြချက်တခု ဖြစ်လာအောန် မလုပ်ပါနဲ့။ အေးအစား ချစ်ခြင်းမေတ္တာအားဖြင့် အချင်းချင်း အစေခံစေ။