39 သူ့ဟို ဖမ်းပင်း စပျစ်ဥယျာဉ် အပြင်ဟို ထုတ်ယွေ့ သတ်ကြအယ်။
အဲလိုလဲ အေးသူလို့ဟ ဥယျာဉ်ဆှင်ရဲ့ သားကို မျော်သောအခါ ‘ဟေသူဟ အမွေစား အမွေခံ ဖြစ်အယ်။ လာကြ၊ သူ့ဟို သတ်ယွေ့ သူ့ဥစ္စာဟို ယူကြကုန်အံ့’ ဟု အချင်းချင်း တိုင်ပင်ပင်းနောက်
“အဲလိုမို့ စပျစ်ဥယျာဉ်ဆှင် ရောက်လာသောအခါ ခြံသမားလို့အား ပစာသို့ ပြုလိမ့်မလုန်း” ဟု မေးအယ်။
ယေရှုဟ “မိတ်ဆွေ၊ နင်လာလဲ့ အကျောန်းကိစ္စဟို ဆောင်ရွက်လော့” ဟု မိန့်အယ်။ လူလို့ဟ လာယွေ့ ယေရှုဟို ဖမ်းဆီး ချုပ်ကိုင်ထားကြအယ်။
ယေရှုဟို ဖမ်းဆီးကြသော သူလို့ဟ ယဇ်ပုရောဟိတ်မင်း ကယာဖရဲ့ အိုင်ဟို ခေါ်ဆောင်သွားကြအယ်။ ကျမ်းတတ်ဆရာများနဲ့ အသက်ကြီးသူများဟ အေးအရပ်တွင် စုရုံးလျက်နေကြအယ်။
အဲပင်းရင် ရောမစစ်သားများနဲ့ ယုဒအမျိုးသား အစောင့်တပ်သားများဟ ယေရှုဟို ဖမ်းဆီးတုတ်ချေပင်း အန္နတ်မင်းဆေဟို ဆေ့ဦးစွာ ခေါ်သွားကြအယ်။
အဲပင်းရင် အန္နတ်မင်းဟ ကိုယ်တော်ဟို ချည်နှောင်လျက်ဆိလဲ့အတိုင်း ယဇ်ပုရောဟိတ်မင်း ကယာဖဆေဟို ပို့စေအယ်။
ဘုရားသခင်ဟ မိမိရဲ့ အစီစဉ်နဲ့အညီ ယေရှုဟို နင်လို့ လက်ဟို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပင်း၊ နင်လို့ဟ အပစ်လုပ်သူလို့ လက်ဖြင့် အေးအဆှင်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ခဲ့ကြအယ်။
နာဇရက်မြို့သား ယေရှု ခရစ်ရဲ့ နာမတော် တန်ခိုးအားဖြင့် အဲသူဟ ခြေသန်စွမ်းလာယွေ့ နင်လို့ ဆေ့တွင် ရပ်လျက်နေတာဟို နင်လို့နဲ့အတူ ဣသရေလအမျိုးသားအပေါင်းလို့ သိမှတ်ကြလော့၊ အဲအဆှင်ဟ နင်လို့ လက်ဝါးကပ်တိုင်မှာ တင်ယွေ့ သတ်ပင်းနောက် ဘုရားသခင် ဆှင်ပြန်ထမြောက်စေသောသူ ဖြစ်အယ်။
ငါလို့ ဖိုးဖေးများရဲ့ ဘုရားသခင်ဟ နင်လို့ လက်ဝါးကပ်တိုင်ပေါ်မှာ တင်ယွေ့ သတ်ခဲ့သော ယေရှုအား သေခြင်းမှ ဆှင်ပြန်ထမြောက်စေပီ။
နင်လို့ ဖိုးဖေးများ မနှိပ်စက်မညှဉ်းဆဲဖူးလဲ့ ပရောဖက်တပါးပါး ဆိသလော။ သူလို့ဟ ဖြောင့်မတ်သောသူ ကြွလာမဲ့အကျောန်းဟို ကြိုတင်ဟောကြားကြလဲ့ သူများဟိုပင် သတ်ခဲ့ကြအယ်။ အခု နင်လို့ဟ အဲအဆှင်ဟို သစ္စာဖောက်ယွေ့ သတ်ဖြတ်ကြပီ။
နင်လို့ဟ ဖြောင့်မတ်သောသူဟို အပစ်ဆိတာဟု သတ်မှတ်ယွေ့ သတ်ကြပီ၊ သူဟ နင်လို့ဟို ဆီးတားခြင်း မပြု။