35 ခြံသမားလို့ဟ ငယ်သားများဟို ဖမ်းယွေ့ ရိုက်သူဟို ရိုက်၊ သတ်သူဟို သတ်၊ ခဲနဲ့ပစ်သူဟို ပစ်ကြအယ်။
စပျစ်သီးပေါ်ချိန် နီးလာသောအခါ မိမိရဲ့ ငယ်သားများဟို ခြံသမားလို့ဆေ စေလွှတ်ပင်း သီးစားခ စပျစ်သီးများဟို တောင်းခံစေအယ်။
ထပ်ပင်း ဥယျာဉ်ဆှင်ဟ ပထမအကြိမ်ထက် ငယ်သားများဟို ပိုပင်း စေလွှတ်ယွေ့ ခြံသမားလို့ဟ အေးငယ်သားများဟိုလည်း အရင်ခါတိုင်း လုပ်ကြပြန်အယ်။
ရွှင်လန်းဝမ်းသာကြလော့၊ ခေါန်းခင်ဘုံတွင် နင်လို့ရမဲ့ ဆုဟ ကြီးအယ်။ ဟိုအရင်ခါဟ ဆိခဲ့လဲ့ ပရောဖက်လို့ဟို အေးတိုင်းတိုင်း နှိပ်စက်ခံရကြပီ။
နင်လို့ ဖိုးဖေးများ မနှိပ်စက်မညှဉ်းဆဲဖူးလဲ့ ပရောဖက်တပါးပါး ဆိသလော။ သူလို့ဟ ဖြောင့်မတ်သောသူ ကြွလာမဲ့အကျောန်းဟို ကြိုတင်ဟောကြားကြလဲ့ သူများဟိုပင် သတ်ခဲ့ကြအယ်။ အခု နင်လို့ဟ အဲအဆှင်ဟို သစ္စာဖောက်ယွေ့ သတ်ဖြတ်ကြပီ။
သိုးသငယ်ဟ ပဉ္စမ တံဆိပ်ဟို ဖွင့်သောအခါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျောန့် လည်းကောင်း၊ သစ္စာဆိလဲ့ သက်သေခံချက်ကျောန့် လည်းကောင်း၊ အသေသတ်ခြင်း ခံရသော သူလို့ရဲ့ ဝိညာဉ်များဟို ယဇ်ပလ္လင်အောက်တွင် ငါမျော်ရအယ်။