30 အဲပင်းရင် အဖဟ တခြားသား ဆေဟို သွားပင်း အဲတိုင်းတိုင်း ပြောအယ်။ သူဟ ‘ဟုတ်ကဲ့ ဆရာ၊ ငါ သွားမယ်’ ဟု ဖြေသော်လည်း မသွားဘဲနေအယ်။
သားကြီးဟ ‘ငါသွားချင်ဝူး’ ဟု ဖြေသော်လည်း နောက်မှ စိတ်ပြောင်းလဲသဖြင့် သွားလေအယ်။
အေးသား နေယောက်လို့တွင် စသူဟ အဖရဲ့ အလိုဟို ဆောင်ခဲ့လုန်း” ဟု မေးအယ်။ အေးသူလို့ဟ “ပထမ သား ဖြစ်အယ်” ဟု ဖြေကြားကြအယ်။ ယေရှုဟ သူလို့အား “နင်လို့အား ငါ အမန်အကန် ပြောတာဟ အခွန်ခံသူများနဲ့ ပြည့်တန်ဆာများဟ နင်လို့ထက် အရင် ဘုရားသခင်ရဲ့ ခေါန်းခင်နိုင်ငံတော်ဟို ဝင်ကြလိမ့်မယ်။
အဲလိုမို့ အေးသူလို့ ပြောသမျှအတိုင်း နင်လို့ ဂရုစိုက်ကြလော့။ အဲလိုလဲ သူလို့ပြုလဲ့အတိုင်း မပြုကြနဲ့ အကျောန်းမှာ သူလို့ ပြောသလိုမျိုး သူလို့ မကျင့်သုံးကြ။
သူလို့ဟ ဘုရားသခင်ဟို သိကြအယ်ဟု ဝန်ခံကြသော်လည်း သူလို့ပြုသော အမှုများအားဖြင့် ဘုရားသခင်ဟို ငြင်းပယ်ကြအယ်။ သူလို့ဟ စက်ဆုပ်ဖွယ်ကောင်းသောသူ၊ နာခံခြင်း မဆိသောသူ၊ ကောင်းသောအမှု ဆိသမျှနဲ့ မထိုက်တန်သောသူများ ဖြစ်ကြအယ်။