24 ဟေအကျောန်းအရာဟို အခြား တဘဲ့တော် ဆယ်ဦးလို့ ကြားသောအခါ သူလို့ဟ အဲညီအကိုနေယောက်ဟို အူထော့ကြအယ်။
ယေရှုဟ “နင်လို့သည် ငါရဲ့ မုတ်မှ အမန်ပင် သောက်ရကြပေမဲ့ ငါရဲ့ လက်ယာဘက်နဲ့ လက်ဝဲဘက်လို့နှိုက် ထိန်ရသောအခွင့်ဟို ငါပေးတာ မဟုတ်။ ဟေနေရာဟ ငါ့ရဲ့အဖ ပြင်ဆင်ထားသူများ အတွက်သာ ဖြစ်အယ်” ဟု မိန့်အယ်။
ယေရှုဟ သူလို့ဟို အတူတကွ ခေါ်လျက် “လူမျိုးခြားလို့တွင် အုပ်ချုပ်သူလို့ဟ ပြည်သူလို့အပေါ် စိုးမိုးခြယ်လှယ်ကြယွေ့ အကြီးအကဲလို့ဟ သူလို့အပေါ် အာဏာသုံးတတ်ကြတာဟို နင်လို့ သိကြအယ်။
ယေရှုဟ အေးအရာဟို သတိပြုမိသောအခါ၊ ကိုယ်တော်ဟ အူထော့ခဲ့ပင်း တဘဲ့တော်လို့အား “လပဲ့သငယ်လို့ဟို ငါ့ဆေသို့ လာကြပါစေ၊ သူလို့ဟို မဆီးတားကြနဲ့၊ ပစာကို့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ ဟေလိုမျိုး သူများနဲ့ ဆိုင်အယ်။
ဟေအကျောန်းအရာဟို အခြား တဘဲ့တော်ဆယ်ဦးလို့ဟ ကြားသောအခါ၊ သူလို့ဟ ယာကုပ်နဲ့ ယောဟန်လို့ဟို အူထော့လာကြအယ်။
ဥပုသ်နေ့တွင် ယေရှုဟ အနာရောဂါပျောက်စေလို့ ဆိုပင်း တရားဇရပ်အုပ်ချုပ်ရေးမှူးဟ စိတ်တိုပင်းလျှင် “ငါလို့မှာ အလုပ်လုပ်သင့်လဲ့နေ့ ခြောက်ရက် ဆိအယ်၊ အဲလိုမို့ ဟေဥပုသ်နေ့မှာတော့ အနာရောဂါငြိမ်းခြင်းဟို လာမလုပ်ကြပါနဲ့” ဟု လူလို့အား ပြောအယ်။
မေတ္တာဟ စိတ်ရှည်တတ်အယ်။ ကြင်နာသနားတတ်အယ်။ မေတ္တာဟ ဂုဏ်ပြိုင်ခြင်း မဆိ၊ ဝါကြွားခြင်း မဆိ၊ မာန်မာန မဆိ။
ကြွားဝါလိုသောစိတ်၊ အလကားကား ကျော်စောလိုသောစိတ်လို့ဖြင့် ပစာအမှုဟိုမျှ မပြုကြနဲ့၊ အားပေမဲ့ သူတပါးဟ မိမိထက်သာတာဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။
အားပေမဲ့ နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခါးသီးသော မနာလိုခြင်းနဲ့ တကိုယ်ကောင်းဆန်ခြင်းများ ဆိရင် သမ္မာတရားဟို ဆန့်ကျင်ယွေ့ ဝါကြွားခြင်း၊ လိမ်ညာခြင်းလို့ဟို မပြုကြနဲ့။
အေးနည်းတူ လူငယ်လို့၊ အသင်းတော် လူကြီးများရဲ့ စကားဟို နားထောင်ကြလော့။ နင်လို့အားလုံး တယောက်အောက် တယောက် နှိမ့်ချခြင်း တန်ဆာဟို ဆင်ယင်ကြလော့။ ပစာကို့ “ဘုရားသခင်ဟ မာနထောင်လွှားသောသူလို့ဟို ဆန့်ကျင်ယွေ့ နှိမ့်ချသောသူလို့အား ကျေးဇူးတော်ဟို ခံစားစေအယ်” ဟု ကျမ်းစာဟ ဖော်ပြထားအယ်။