15 ငါဟ ငါပိုင်လဲ့ ငွေဟို ပြုလိုသမျှ မပြုရသလော။ အဲဟာမဟုတ်ရင် ငါသဘော ကောင်းသောကျောန့် နင် မနာလိုစိတ် ဆိသလော’ ဟု ဆိုအယ်။”
အဲအချိန်တွင် ယေရှုဟ “ခေါန်းခင်နဲ့ မြေကြီးရဲ့ အဆှင်သခင်ဖြစ်သော အဖ၊ ကိုယ်တော်ဟ အသိပညာဆှင်များအား သိခွင့်မပေးဘဲထားလဲ့အရာများဟို ပညာမဲ့သူလို့အား ဖွင့်ပြသဖြင့် ကျေးဇူးတော်ဟို ချီးမွန်းအယ်။
အခု နင့်ရဲ့ အားခဟို ယူယွေ့ အိုင်ဟို သွားလော့။ နောက်ဆုံးငှားလဲ့ ဟေအလုပ်သမားအား နင့်ဟို ပေးသလို ငါပေးလိုအယ်။
အဲလိုလဲ နင်လို့ရဲ့ မျက်စေ့မွဲရင် ခန္ဓာကိုယ်တခုလုံး မိုက်လိမ့်မယ်။ အဲလိုမို့ နင်လို့တွင် ဆိသော အလင်းဟ မိုက်ဖြစ်ရင် အဲမိုက်ဟ ရမ်းဆာ့ မိုက်လိမ့်မယ်။
သူတပါး မယားဟို ပစ်မားခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးယုတ်မိုက်မဲခြင်း၊ လိမ်လည်လှည့်စားခြင်း၊ တရားလက်လွတ်ပြုမူခြင်း၊ မနာလိုခြင်း၊ သူ့အသရေဟိုဖျက်ခြင်း၊ မာနထောင်လွှားခြင်း၊ လျှပ်ပေါ်ခြင်း၊
အကျောန်းမှာ ကိုယ်တော်ဟ သားတော်အား လူအားလုံးဟို အုပ်စိုးရသောအခွင့်ဟို ပေးပီ၊ ဟေဟာဟ သားတော်သည် ကိုယ်တော်ပေးအပ်သမျှသောသူလို့အား ထာဝရအသက်ဟို ပေးနိန်ရန်အတွက် ဖြစ်အယ်။
အဲလိုလဲ ယုဒအမျိုးသားလို့ဟ လူအုပ်ဟို မျော်သောအခါ၊ မနာလိုစိတ်နဲ့ ပြေ့သဖြင့် ပေါလု ပြောသောစကားများဟို ငြင်းခုံပင်း စော်ကားကြအယ်။
စသူဟ နင်လို့အား သူတပါးထက် ထူးကဲစေလုန်း။ နင်လို့တွင် ဆိသမျှသောအရာလို့ဟ ဘုရားသခင် ချပေးသောအရာများ မဟုတ်လော။ နင်ခံယူ ရဆိခဲ့လဲ့အရာဖြစ်တာ မန်ရင် ခံယူရဆိခဲ့လဲ့အရာ မဟုတ်သလို ပစာကျောန့် နင်လို့ ဝါကြွားလုန်း။
အရာခပ်သိမ်းဟ ဘုရားသခင်ရဲ့ အကြံအစည်တော်နဲ့ ဆုံးဖြတ်ချက်အတိုင်း ပီးမြောက်ပင်း ဘုရားသခင်ဟ ငါလို့အား သူရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်ကျောန့် ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်ရန် ငါလို့ဟို ရွေးချယ်ခဲ့အယ်။ အစကတည်းဟ သူဆုံးဖြတ်ခဲ့တာကို အခြေခံတယ်။
အတိတ်ကာလနှိုက် နင်ဟ နင့်ရဲ့မနာခံမှုနဲ့ အပစ်များကျောန့် ဝိညာဉ်ရေးအရ သေဆုံးသွားခဲ့အယ်။
လွန်ကျူးသောအပစ်နှိုက် ငါလို့ဟ ဝိညာဉ်ရေးအရ သေနေစဉ်တွင် ခရစ်တော်နဲ့အတူ ငါလို့ဟို အသက်ပြန်ဆှင်စေအယ်။ နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကျောန့် ကယ်တင်ခြင်း ခံရအယ်။
ကိုယ်တော်ဟ မိမိဖန်ဆင်းသောအရာလို့တွင် ငါလို့ဟို အဦးသီးသဖွယ် ဖြစ်စေရန် အလိုတော်ဆိလဲ့အတိုင်း သမ္မာတရားနဲ့ဆိုင်သော နှုတ်ကပတ်တော်အားဖြင့် ငါလို့ဟို ဖြစ်ပွားစေအယ်။
ညီအကို မောင်နှမလို့၊ စစ်ကြောစီရင်ခြင်းနဲ့ ကင်းလွတ်မဲ့အကျောန်း အချင်းချင်း ငြင်းခုံပစ်တင်ခြင်းဟို မပြုကြနဲ့။ တရားစီရင်ပိုင်သောသူဟ ထင်ခါးနားမှာ ရပ်နေအယ်။