14 အခု နင့်ရဲ့ အားခဟို ယူယွေ့ အိုင်ဟို သွားလော့။ နောက်ဆုံးငှားလဲ့ ဟေအလုပ်သမားအား နင့်ဟို ပေးသလို ငါပေးလိုအယ်။
ဥယျာဉ်ဆှင်ဟ သူလို့ထဲမှ တယောက်အား ‘နားထောင်ပါ၊ မိတ်ဆွေ၊ ငါဟ နင့်ဟို မတရားပြုတာ မဟုတ်။ နင်ဟ တနေ့လျှင် ငွေဒင်္ဂါး တပြားနဲ့ အလုပ်လုပ်ရန် သဘောတူခဲ့တာ မဟုတ်လော။
ငါဟ ငါပိုင်လဲ့ ငွေဟို ပြုလိုသမျှ မပြုရသလော။ အဲဟာမဟုတ်ရင် ငါသဘော ကောင်းသောကျောန့် နင် မနာလိုစိတ် ဆိသလော’ ဟု ဆိုအယ်။”
“နင်လို့ဟ အစာဆှောင်ခြင်း အကျင့်ဟို ကျင့်သောအခါ ဟန်ဆောင်တတ်သောသူလို့ လိုမျိုး မျက်နှာညှိုးငယ်ခြင်း မဆိကြနဲ့။ အဲသူလို့ဟ မိမိလို့ အစာဆှောင်တာဟို လူများလို့ဆေ့မှာ ပေါ်လွင်စေဖို့၊ မိမိလို့ရဲ့ မျက်နှာဟို ဖျက်တတ်ကြအယ်။ ငါ နင်လို့ဟို အမန်ပြောတာဟ၊ အဲသူလို့ဟ မိမိလို့ အကျိုးဟို အပြေ့အဝခံစားရကြပီ။
“အဲလိုမို့ နင်ဟ လိုအပ်နေတဲ့သူဟို ပေးသောအခါ သူတော်ကောင်းဟန်ဆောင်သူလို့ လိုမျိုး လူများရဲ့ ချီးမွန်းဟို ခံလိုယွေ့ တရားဇရပ်များနဲ့ လမ်းဆုံလမ်းခွများတွင် မိမိလို့ဆေ့မှာ တံပိုးခရာ မှုတ်စေလဲ့နည်းတူ မပြုကြနဲ့။ ငါ နင့်ဟို အမန်ဆိုတာဟ၊ အဲသူလို့ဟ မိမိလို့အကျိုးဟို ရကြပီ။
အဲလိုလဲ နင်လို့ဟ ဆုတောင်းသောအခါ၊ နေအိုင်အတွင်းခန်းဟို ဝင်ယွေ့ ထင်ခါးဟို ပိတ်ပင်းရင် မျက်စေ့နဲ့ မမျော်နိန်သော နင်လို့ရဲ့ အဖဆေဟို ဆုတောင်းကြလော့။ အားပင်း မထင်မဆှားပြုသောအမှုဟို မျော်သော နင်လို့ရဲ့အဖဟ နင်လို့ဟို ဆုလာဘ်ပေးလိမ့်မယ်။
အဖဖြစ်သူဟ ‘ငါ့သား၊ နင်ဟ ငါနဲ့အမြဲ တူတူနေအယ်။ ငါ့ဥစ္စာပစ္စည်းဆိသမျှဟ နင့်ဟာဖြစ်အယ်။
အဲလိုလဲ အာဗြဟံဟ ‘ငါ့သား၊ နင်ဟ အသက်ဆှင်တုန်းခါဟ ကောင်းသောအရာများဟို ရဆိခဲ့ယွေ့ လာဇရုဟ မကောင်းသောအရာများဟို ရဆိခဲ့ကျောန်း သတိရလော့။ အဲလိုလဲ အခုမှာ သူဟ စိတ်သက်သာဟို ခံစားရယွေ့ နင်ဟ ရမ်းဆာ့ဝေဒနာဟို ခံစားနေရအယ်။
အကျောန်းမှာ ကိုယ်တော်ဟ သားတော်အား လူအားလုံးဟို အုပ်စိုးရသောအခွင့်ဟို ပေးပီ၊ ဟေဟာဟ သားတော်သည် ကိုယ်တော်ပေးအပ်သမျှသောသူလို့အား ထာဝရအသက်ဟို ပေးနိန်ရန်အတွက် ဖြစ်အယ်။
ပညတ်တရား ဆိုထားသမျှလို့ဟ ပညတ်တရား အောက်နှိုက် ဆိသော သူများအတွက် ဆိုထားကျောန်း အခု ငါလို့ သိကြအယ်။ အဲလိုမို့ စလောင်ဆိသမျှဟ ပိတ်ထားခြင်း ခံရယွေ့ လောကီသားအပေါင်းလို့ဟ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း လက်အောက်ဟို ကျရောက်ကြရန် ဖြစ်အယ်။
လုံးဝ မဟုတ်ပါ၊ လူသားအားလုံးဟ ဝါသောသူများ ဖြစ်ကြသော်လည်း ဘုရားသခင်ဟ မန်ကန်ရမယ်။ ကျမ်းစာပြောတာဟ၊ “နင်ပြောလဲ့စကား မန်တယ်ဆိုတာဟို နင့်ဟို ပြရမယ်၊ နင် တရားစီရင်ရသော အချိန်တွင် နင့်အမှုဟို အနိန်ရဆိရမယ်” လို့ မိန့်အယ်။