29 အားပင်း ငါ့အတွက်ကျောန့် နေအိုင်၊ လယ်၊ ညီအကို၊ နှမ၊ မိဘ၊ သားသမီးဖြစ်စေ စွန့်သောသူတိုင်းဟ အဆတရာမျှ အကျိုးဟို ရဆိပင်း ထာဝရအသက်ဟိုလည်း အမွေခံ ရလိမ့်မယ်။
လူတိုင်းဟ ငါကျောန့် နင်လို့ဟို မုန်းကြလိမ့်မယ်။ အဲလိုလဲ အဆုံးတိုင်အောန် တည်ကြည်သူဟ ကယ်တင်ခြင်းခံရလိမ့်မယ်။
မြေကောင်းမြေသန့်တွင် ကျလဲ့မျိုးစေ့ဟ တရားတော်ဟို ကြားယွေ့ နားလည်သူလို့ဟို ဆိုလိုအယ်။ အချို့လို့ဟ အဆတရာ၊ အဆခြောက်ဆယ်၊ အဆသုံးဆယ်ပွားများယွေ့ အသီးသီးတတ်အယ်” ဟု မိန့်အယ်။
အချို့မျိုးစေ့လို့ဟ မြေကောင်းမြေသန့်တွင် ကျသဖြင့် အချို့လို့ဟ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများယွေ့ အသီးသီးကြအယ်။”
အကျောန်းမှာ စသူမဆို မိမိအသက်ဟို ကယ်ချင်သောသူဟ အသက်ဆုံးရှုံးရပေမဲ့ ငါအတွက် အသက်ဆုံးရှုံးသောသူ စသူမဆို အသက်ဟို တွေ့လိမ့်မယ်။
လူတယောက်ဟ ယေရှုဆေဟို လာယွေ့ “ဆရာ၊ ထာဝရအသက်ဟို ရဖို့ ငါဟ မစာ ကောင်းမြတ်တဲ့ အမှုဟို ပြုရမှာလုန်း” ဟု မေးဆှောက်အယ်။
အေးနောက် ဘုရင်ဟ လက်ယာဘက်တွင် ဆိသောသူလို့အား ‘ငါ့အဖဆေမှ ကောင်းချီးမင်္ဂလာဟို ခံရသူလို့ လောကဟို ဖန်ဆင်းချိန်မှစယွေ့ နင်လို့တွက် ပြင်ဆင်ထားလဲ့ နိုင်ငံတော်ဟို လာယွေ့ အမွေဆက်ခံကြလော့။
အေးကျောန့် အေးသူလို့ဟ ထာဝရအပစ်ဒဏ် ခံရကြပေမဲ့ ဖြောင့်မတ်သောလို့ဟတော့ ထာဝရ အသက်ဆှင်ခြင်းဟို ဝင်စားရကြလိမ့်မယ်” ဟု မိန့်အယ်။
“နင်လို့ဟ ငါ့နောက်ဟို လိုက်သောကျောန့် လူလို့ရဲ့ အမျိုးမျိုးမဟုတ်ကဟုတ်က ဝါခြင်းဟို ခံရပင်း၊ နှိပ်စက်ခံရခြင်းနဲ့ စော်ကားခံရသောအခါ နင်လို့ဟ မင်္ဂလာဆိ ကြအယ်။
အဲလိုလဲ ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းဟို ဦးရင် ဆှာကြလော့၊ အားပင်း ဟေအရာအားလုံးလို့ဟို နင်လို့အား ထပ်ယွေ့ ပေးလိမ့်မယ်။
“ငါ့ဆေဟို လာသောသူလို့ဟ ငါ့ဟို ချစ်တာထက် တို့မေနဲ့ တို့ဖ၊ ပေါင်အိုမနဲ့ သားသမီး၊ ညီအကိုနဲ့ မောင်နှမနဲ့ မိမိတတ်တိုင်း ပိုယွေ့ ချစ်သောသူဟ ငါ့တဘဲ့ မဖြစ်နိန်။
သူလို့ဟ လှေဟို ကမ်းပေါ် ဆွဲတင်ပင်း ဆိသမျှအားလုံးဟို ထားပင်း ယေရှု နောက်လိုက်ကြအယ်။
“လူသားကျောန့် လူလို့ဟ နင်လို့ဟို မုန်းသောအခါနှိုက် လည်းကောင်း၊ ငြင်းပယ်ကြသောအခါနှိုက် လည်းကောင်း၊ စော်ကားခံရသောအခါနှိုက် လည်းကောင်း၊ မကောင်းသောသူဟု ပြောကြသောအခါနှိုက် လည်းကောင်း၊ နင်လို့ဟ မင်္ဂလာဆိကြအယ်။
နင်လို့ဟ လောကနဲ့ သက်ဆိုင်သောသူများဖြစ်ရင် လောကသားလို့ဟ မိမိလို့နဲ့ဆိုင်သော နင်လို့ဟို ချစ်ကြလိမ့်မယ်။ အဲလိုလဲ ငါဟ နင်လို့ဟို ဟေလောကထဲဟ ရွေးကောက်တာဖြစ်ယွေ့ နင်လို့ဟ ဟေလောကနဲ့ မသက်ဆိုင်ဝူး၊ အဲအကျောန်းကျောန့် လောကသားလို့ဟ နင်လို့ဟို မုန်းကြအယ်။
ရိတ်သူဟ အခဟို ခံယူပင်း ထာဝရ အသက်ဆှင်ခြင်းအလိုငှာ သီးနှံများဟို ရိတ်သိမ်းအယ်၊ အဲလိုမို့ စိုက်သူနဲ့ ရိတ်သူလို့ဟ အတူဝမ်းမြောက်ကြလိမ့်မယ်။
အကျောန်းမှာ ငါရဲ့ နာမတော် အတွက် စလောက် ဒုက္ခဆင်းရဲခံရမယ်ဟို သူ့အား ငါတတ်တိုင်း ဖော်ပြမယ်” ဟု မိန့်အယ်။
ကျမ်းစာလာလဲ့အတိုင်း၊ “ဘုရားသခင်ဟ စသူမျှ မမျော် မကြားစဖူးဖြစ်မယ်ဟု စသူမျှ မထင်မမှတ်ဖူးလဲ့ အမှုအရာဟို မိမိအား ချစ်သောသူလို့အဖို့ ပြင်ဆင်ထားလေအယ်။”
အဲကျောန့် ငါလို့ဟ စသူ့ဟိုမျှ လူ့စံနှုန်းများဖြင့် တရားမစီရင်တော့ပါ။ တချိန်ဟ ငါလို့ဟ ခရစ်တော်ဟို လူ့စံနှုန်းများနဲ့အညီ တရားစီရင်ခဲ့သော်လည်း အခုခါနှိုက် အဲသို့ မပြုတော့ပါ။
အဲမျှမက ငါရဲ့ သခင် ခရစ်တော် ယေရှုဟို သိသောဉာဏ်ရဲ့ ထူးမြတ်သော အကျိုးကျေးဇူးကျောန့် အရာခပ်သိမ်းဟို အရှုံးဟူယွေ့ ငါမှတ်ယူအယ်။ ငါဟ ကိုယ်တော်အတွက် အရာခပ်သိမ်းလို့ဟို စွန့်ပယ်ခဲ့အယ်။ ခရစ်တော်ဟို အမြတ်ရနိန်ရန် လည်းကောင်း၊ ကိုယ်တော်နဲ့ တလုံးတဝတည်းဖြစ်နိန်ရန် လည်းကောင်း၊ အဲအရာများဟို အမှိုက်လို ငါမှတ်ယူအယ်။
နင်လို့ဟ ခရစ်တော်ရဲ့ နာမကျောန့် ကဲ့ရဲ့ပစ်တင်ခြင်း ခံရရင် မင်္ဂလာဆိကြအယ်။ အကျောန်းမှာ ဘုန်းအသရေနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အပေါ်နှိုက် ကိန်းဝပ်အယ်။
အေးသူလို့ဟ မယုံကြည်သော သူလို့ဆေမှ ပစာအရာဟိုမှ မယူဘဲ နာမတော်အတွက် ခရီးပြုကြအယ်။