20 အဲလူငယ်ဟလည်း “ငါဟ အဲပညတ်အပေါင်းဟို စောင့်ထိန်းပီ၊ ငါ့တွင် မစာအရာ လိုနေသေးလုန်း” ဟု ပြန်လည်ဆှောက်ထားအယ်။
မိဘဟို ရိုသေစွာပြုလော့၊ အိုင်နီးချင်းဟို ကိုယ်နဲ့အမျှ ချစ်လော့” ဟု မိန့်အယ်။
ယေရှုဟ “နင်ဟ ပြည့်စုံသောသူဖြစ်လိုလျှင် သွားပင်း နင့်ဥစ္စာဆိသမျှဟို ရောင်းပင်းလျှင် ဆင်းရဲသူလို့အား ပေးကမ်းလော့၊ အားပင်း နင်ဟ ခေါန်းခင်ဘုံတွင် ဘဏ္ဍာဟို ရလိမ့်မယ်။ အဲပင်းရင် လာယွေ့ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်အယ်။
သားကြီးဟ ‘ကျေ့မန့်၊ ငါဟ နှစ်ပေါင်းများစွာ အဖအတွက် အစေခံလို အလုပ်လုပ် ပေးခဲ့အယ်၊ အဖရဲ့ အမိန့်ဟို တခါမှ မငြင်းဆန်ဖူးဝူး။ အဖ ငါ့အတွက် ပစာပေးခဲ့လဲ။ ငါ့သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားဖို့ ဆိတ်သငယ်တကောင်ဟိုမှ မပေးဝူး။
အေးနည်းတိုင်းတိုင်း နောင်တရစရာမလိုလဲ့ ဖြောင့်မတ်သောသူ ကိုးဆယ့်ကိုးယောက်ထက် နောင်တရလဲ့ အပစ်သားတဦးအတွက် ခေါန်းခင်ဘုံနှိုက် ပိုယွေ့ ကြီးသော ဝမ်းမြောက်ခြင်းဆိလိမ့်မယ်ဟု နင်လို့အား ငါဆိုအယ်။
အဲသူလို့ဟ ထပ်တလဲလဲ မေးခွန်းထုတ်ကြသောအခါ ကိုယ်တော်ဟ မော့ကျေ့ယွေ့ “နင်လို့ထဲနှိုက် အပစ်ကင်းသူတယောက်ဟ ဦးရင် သူ့ဟို ကျောက်ခဲနဲ့ ပေါက်စေ” ဟု မိန့်အယ်။
ငါတတ်တိုင်း ပညတ်တရားရဲ့ ဆိတ်ကွယ်ရာအရပ်မှာ အသက်ဆှင်ခဲ့အယ်။ အဲလိုလဲ ပညတ်တရား ပေါ်လာသောအခါ အပစ်တရားဟ ဆှင်ပြန်ပင်း၊
အေးလိုမို့ ယုံကြည်ခြင်းအားဖြင့် ငါလို့ဟ ဘုရားသခင်ဆေ့နှိုက် ဖြောင့်မတ်အယ်လို့ ငါလို့အသိအမှတ်ပြု ခံရရန် ငါလို့ဟို ခရစ်တော် မကြွလာခင်အချိန်ထိ ပညတ်တရားဟ ငါလို့ရဲ့ အုပ်ထိန်းသူ ဖြစ်အယ်။
စိတ်အားထက်သန်မှုအရဆိုရင် အသင်းတော်ဟို ညှဉ်းဆဲသောသူ၊ ပညတ်တရား နာခံခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရမယ်ဆိုရင် အပစ်ကင်းသောသူ ဖြစ်အယ်။