16 လူတယောက်ဟ ယေရှုဆေဟို လာယွေ့ “ဆရာ၊ ထာဝရအသက်ဟို ရဖို့ ငါဟ မစာ ကောင်းမြတ်တဲ့ အမှုဟို ပြုရမှာလုန်း” ဟု မေးဆှောက်အယ်။
ကိုယ်တော်ဟ သူလို့အပေါ်မှာ လက်တော်တင်ပင်း အဲအရပ်မှ ထွက်ကြွအယ်။
ယေရှုဟ သူလို့ဟို စိုက်ကျေ့လျက် “ဟေအရာဟ လူလို့အတွက် မဖြစ်နိန်ပေမဲ့လည်း ဘုရားသခင်အတွက် အရာအားလုံးဟ ဖြစ်နိန်အယ်” ဟု မိန့်အယ်။
အားပင်း ငါ့အတွက်ကျောန့် နေအိုင်၊ လယ်၊ ညီအကို၊ နှမ၊ မိဘ၊ သားသမီးဖြစ်စေ စွန့်သောသူတိုင်းဟ အဆတရာမျှ အကျိုးဟို ရဆိပင်း ထာဝရအသက်ဟိုလည်း အမွေခံ ရလိမ့်မယ်။
အေးကျောန့် အေးသူလို့ဟ ထာဝရအပစ်ဒဏ် ခံရကြပေမဲ့ ဖြောင့်မတ်သောလို့ဟတော့ ထာဝရ အသက်ဆှင်ခြင်းဟို ဝင်စားရကြလိမ့်မယ်” ဟု မိန့်အယ်။
ငါဟ သူလို့အား ထာဝရအသက်ဟို ပေးယွေ့ သူလို့ဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မယ်။ စသူမျှ အဲသိုးလို့ဟို ငါ့လက်မှ လုယူယွေ့ မရနိန်။
မိမိအသက်ဟို ချစ်သောသူဟ အသက် ဆုံးရှုံးလိမ့်မယ်၊ ဟေလောကတွင် မိမိအသက်ဟို မုန်းသောသူဟ မိမိအသက်ဟို ထာဝရအသက်အတွက် စောင့်ဆှောက်လိမ့်မယ်။
အဲလိုမို့ သူ့ဟို ယုံကြည်သောသူတိုင်းဟ ထာဝရ အသက်ဟို ရဆိလိမ့်မယ်။
အဲလိုလဲ ငါပေးလဲ့ ယေဟို သောက်သူဟ နောက်တဖန် ဖယ်တော့မှ ယေငတ်ခြင်းနဲ့ ကင်းလွတ်လိမ့်မယ်။ အမန်တကယ် ငါပေးလဲ့ ယေဟ အဲသူလို့နှိုက် ထာဝရ အသက်ဆှင်ခြင်းအလိုငှာ ထွက်သောစမ်းယေ ဖြစ်လိမ့်မယ်” ဟု မိန့်လေအယ်။
ကျမ်းစာဟို ဆာဖွေယွေ့ ထာဝရအသက်ဟို တွေ့ဆိလိမ့်မယ်ဟု နင်လို့ ထင်မှတ်ကြသောကျောန့် ကျမ်းစာဟို လေ့လာကြအယ်။ အေးကျမ်းစာပင် ငါ့အကျောန်းဟို သက်သေခံအယ်၊
နင်လို့အား ငါ အမန်ဆိုတာဟ ငါ့ဟို ယုံကြည်သောသူဟ ထာဝရ အသက်ဟို ရအယ်။
ရှိမုန် ပေတရုဟ “သခင်ဘုရား၊ ငါလို့ဟ စသူ့ဆေဟို သွားရမှာတုန်း၊ ထာဝရအသက်နဲ့ဆိုင်သော စကားလို့ဟ ကိုယ်တော်နှိုက်သာ ဆိပါအယ်။
အေးနောက် သူလို့ဟို အပြင်သို့ ခေါ်လာပင်း “ဆရာလို့၊ ငါ ကယ်တင်ခြင်း ခံရဖို့ စလို လုပ်ရမလုန်း” လို့ မေးအယ်။
တချို့လူတွေဟ ဆက်ပင်း ကောင်းလဲ့အရာဟို လုပ်လျက် ဘုန်းအသရေနဲ့ ဂုဏ်ပြုခြင်းဟို လည်းကောင်း၊ သေခြင်းနဲ့လွတ်လဲ့ ဖဝါ့ဟို ဆှာသော သူလို့အား ဘုရားသခင်ဟ ထာဝရ အသက် ပေးလိမ့်မယ်။
အဲလို့မို့ အပစ်တရားဟ သေခြင်းအားဖြင့် အစိုးရလဲ့အတိုင်း၊ ကျေးဇူးတော်ဟလည်း ဖြောင့်မတ်ခြင်းအားဖြင့် အစိုးရယွေ့ ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။
အားပေမဲ့ ငါဟ ကရုဏာတော်ဟို ခံစားရလဲ့အကျောန်းမှာ ခရစ်တော် ယေရှုဟ အဆိုးဆုံးဖြစ်သော ငါနှိုက် ခပ်သိမ်းသော စိတ်ဆှည်သည်းခံခြင်းဟို ပြသခြင်းအားဖြင့် ကိုယ်တော်ဟို ယုံကြည်ယွေ့ ထာဝရ အသက်ရဆိမဲ့သူများအတွက် ငါ့ဟို စံနမူဖြစ်စေရန် ဖြစ်အယ်။
ယုံကြည်ခြင်းနဲ့ဆိုင်လဲ့ ကောင်းသောတိုက်ပွဲဟို တိုက်ယွေ့ ထာဝရ အသက်ဟို ရယူပိုင်ဆိုင်လော့၊ နင်ဟ အဲအသက်အတွက် ခေါ်ယူခြင်းဟို ခံရယွေ့ ရမ်းဆာ့သော သက်သေလို့ဆေ့တွင် ကောင်းသော ဝန်ခံချက်ဟို ပေးလေပီ။
ဟေနည်းအားဖြင့် သူလို့ဟ အနာဂတ်အတွက် ခိုင်ခံ့လဲ့ အုတ်မြစ် တည်းဟူသော ဘဏ္ဍာဟို စုဆောင်းရာရောက်ယွေ့ စစ်မန်သော အသက်ဟို ရဆိကြလိမ့်မယ်။
ဝါခြင်းနဲ့ ကင်းစင်လဲ့ ဘုရားသခင်ဟ အေးထာဝရအသက် မျော်လင့်ခြင်းဟို ဆေ့ကာလများ မတိုင်ခင်ဟပင် ကတိပေးပင်း၊
အေးလို့မို့ ငါလို့ဟ ကိုယ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်တာ ဟု အသိအမှတ်ပြုခြင်းခံရလျက် ငါလို့ မျော်လင့်လဲ့ ထာဝရအသက်ဟို အမွေခံဖြစ်လာကြမဲ့ အကျောန်းဖြစ်အယ်။
အဲအသက်ဟ ထင်ဆှားခဲ့ပီ၊ ငါလို့လည်း မျော်ရကြပီ၊ ခမည်းတော်နဲ့အတူ ဆိဖူးယွေ့ ငါလို့အား ထင်ဆှားခဲ့ပင်းသော အဲထာဝရ အသက်ဟို ငါလို့ဟ နင်လို့အား သက်သေခံယွေ့ ပြသကြအယ်။
ဟေဟာဟ ငါလို့အား ခရစ်တော်တတ်တိုင်း ကတိထားသော ထာဝရ အသက် ဖြစ်အယ်။
ဘုရားသခင်ရဲ့ သားတော်ဟ ကြွလာယွေ့ စစ်မန်သော ဘုရားသခင်ဟို သိဆိနိန်လဲ့ အသိဉာဏ်ဟို ငါလို့အား ပေးတာဟိုလည်း ငါလို့ သိကြအယ်။ အဲကျောန့် ငါလို့ဟ စစ်မန်သော ဘုရားသခင်နှိုက် လည်းကောင်း၊ ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်တော်နှိုက် လည်းကောင်း ဆိကြအယ်။ ကိုယ်တော်ဟ စစ်မန်သော ဘုရားသခင် ဖြစ်ပင်း ထာဝရ အသက်လည်း ဖြစ်အယ်။
ဘုရားသခင်ရဲ့ မေတ္တာတော်နှိုက် မိမိကိုယ်ဟို စောင့်ထိန်းယွေ့ ထာဝရအသက်ဟို ပို့ဆောင်လျက် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ကရုဏာတော်ဟို စောင့်မျှော်ကြလော့။