10 တဘဲ့တော်လို့ဟ ကိုယ်တော်အား “လင်နဲ့ မယား ပေါင်းသင်းဆက်ဆံမှုဟ ဟေသို့ဖြစ်လျှင် အိုင်ထောင် မပြုဘဲနေတာဟ ပိုယွေ့ ကောင်းအယ်” ဟု ဆှောက်ကြအယ်။
ယေရှုဟ “ဟေသင်ကြားခြင်းသည် လူတိုင်း ခံယူနိန်တာ မဟုတ်၊ အဲလိုလဲ ဘုရားသခင် ခွင့်ပြုသူများသာလျှင် ခံယူကြအယ်။
နင်လို့အား ငါပြောတာဟ မိမိရဲ့ပေါင်အိုမအား အကျင့်ဖောက်ပြန်လဲ့ အပစ်မှတပါး အခြား စလို အပစ်ကျောန့် မဆို ကွာဆှင်းယွေ့ အခြားအမျိုးသမီးတယောက်နဲ့ အိုင်ထောင်ပြုသူဟ အိုင်ထောင်ရေးဖောက်ပြန်အယ်” ဟု မိန့်အယ်။
အဲလိုမို့ အိုင်ထောင်မဆိသူများနဲ့ မုဆိုးမများအား ငါတိုင်းတိုင်း တကိုယ်တည်း ဆက်လက် နေထိန်နိန်ရင် ပိုပင်း ကောင်းလိမ့်မယ်။
အဲသူလို့ဟ လူလို့အား ထိမ်းမြားခြင်း မပြုရန်နဲ့ အချို့သော အစားအစာများဟို ဆှောင်ကြဉ်ကြစေရန် သွန်သင်ကြအယ်။ အားပေမဲ့ ယုံကြည်ယွေ့ သမ္မာတရားဟို သိကျွမ်းသူလို့ဟ ကျေးဇူးတော်ဟို ချီးမွန်းလျက် စားသောက်နိန်ကြစေရန် ဟေအစားအစာများဟို ဘုရားသခင် ဖန်ဆင်းထားအယ်။