35 “အေးစာဟ နင်လို့သည် ညီအကိုအား စိတ်နေလုံးထဲမှ ခွင့်မလွှတ်ရင် ခေါန်းခင်ဘုံနှိုက် ဆိသော ငါရဲ့ အဖဟလည်း နင်လို့ဟို အဲတိုင်းတိုင်းပြုလိမ့်မယ်” ဟု မိန့်အယ်။
သူရဲ့ သခင်ဟ အူထော့ယွေ့ အကြွေးဆိသမျှ ပြန်ဆပ်လဲ့တိုင်အောင် သူ့ဟို အကျဉ်းချနှိပ်စက်သောသူ လက်ဟို အပ်လေအယ်။
သူတပါးဟ ငါလို့ဟို ပစ်မားလဲ့ အပစ်များဟို ငါလို့ဟ လွှတ်သလိုမျိုး ငါလို့ရဲ့ အပစ်များဟို လွှတ်မန့်။
နင်လို့ဟ ရပ်လျက် ဆုတောင်းသောအခါ၊ တစုံတယောက်အပေါ် အပစ်တင်စရာ ဆိရင်၊ သူလို့ဟို ခွင့်လွှတ်မန့်၊ အေးလို့မှသာ ခေါန်းခင်ဘုံနှိုက် ဆိသော နင်လို့ အဖဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်ပေးလိမ့်မယ်။”
ယေရှုဟ အေးသူလို့အား၊ “နင်လို့ဟ လူလို့ဆေ့မှာ မိမိတတ်တိုင်း ဖြောင့်မတ်ကျောန်း ဖော်ပြတတ်သူများ ဖြစ်ကြအယ်၊ အဲလိုလဲ ဘုရားသခင်ဟ နင်လို့ရဲ့ စိတ်နေလုံးဟို သိဆိအယ်။ လူလို့ အမြတ်တနိုးထားသောအရာဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် စက်ဆုပ်ဖွယ် ဖြစ်အယ်။
ပစာကို့ သနားကရုဏာ မဆိသူသောသူဟ ကရုဏာကင်းသော တရားစီရင်ခြင်းဟို ခံရလိမ့်မယ်။ အားပေမဲ့ သနားကရုဏာဟ တရားစီရင်ခြင်းအပေါ် အောန်မြင်တတ်အယ်။
အားပေမဲ့ နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခါးသီးသော မနာလိုခြင်းနဲ့ တကိုယ်ကောင်းဆန်ခြင်းများ ဆိရင် သမ္မာတရားဟို ဆန့်ကျင်ယွေ့ ဝါကြွားခြင်း၊ လိမ်ညာခြင်းလို့ဟို မပြုကြနဲ့။
ဘုရားသခင်ဆေဟို ချဉ်းကပ်ကြလော့။ အဲလိုပြုရင် ကိုယ်တော်ဟ နင်လို့ဆေ ချဉ်းကပ်လိမ့်မယ်။ အပစ်သားလို့၊ နင်လို့ လက်ဟို စင်ကြယ်စေကြလော့။ စိတ်နေခွဆိသောသူလို့၊ နင်လို့ စိတ်နေလုံးဟို သန့်ဆှင်းစေကြလော့။
သူရဲ့ လူပဲ့သငယ်လို့ဟိုလည်း သေဘေးဖြင့် ငါ အဆုံးစီရင်မယ်။ အဲအခါ ငါဟ စိတ်နေလုံးနဲ့ အတွင်းသဘောဟို စစ်ဆေးသောသူဖြစ်ကျောန်း အသင်းတော်အားလုံး သိရကြလိမ့်မယ်။ နင်လို့အသီးသီးဟိုလည်း မိမိလို့ ပြုသောအမှုများနဲ့အညီ အကျိုးအပစ်ဟို ငါ ပေးမယ်။