33 နင့်ဟို ငါသနားသလို နင်ဟလည်း အစေခံချင်းဟို မသနားသင့်ဝူးလော’ ဟု ဆိုအယ်။
အဲအခါ သခင်ဟ အဲကျွန်ဟို ခေါ်ယွေ့ ‘ဆိုးညစ်သော အစေခံ၊ နင်ဟ ငါ့ဟို တောင်းပန်သောကျောန့် နင်ပေးဆပ်ရန် အကြွေးဆိသမျှဟို ငါပယ်ဖျက်ခဲ့အယ်။
သူရဲ့ သခင်ဟ အူထော့ယွေ့ အကြွေးဆိသမျှ ပြန်ဆပ်လဲ့တိုင်အောင် သူ့ဟို အကျဉ်းချနှိပ်စက်သောသူ လက်ဟို အပ်လေအယ်။
သနားကြင်နာသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ ဘုရားသခင်ဟ အဲသူလို့အား သနားကြင်နာ လိမ့်မယ်။
သူတပါးဟ ငါလို့ဟို ပစ်မားလဲ့ အပစ်များဟို ငါလို့ဟ လွှတ်သလိုမျိုး ငါလို့ရဲ့ အပစ်များဟို လွှတ်မန့်။
တယောက်နဲ့တယောက် သနားစုံမက်ကြကာ ဘုရားသခင်ဟ ခရစ်တော်နှိုက် နင်လို့ဟို ခွင့်လွတ်သလိုမျိုး တယောက်နဲ့တယောက် ခွင့်လွတ်ခြင်း ဆိကြလော့။
တယောက်နှိုက်တယောက် အပစ်တင်စရာ အခွင့်ဆိရင် အချင်းချင်း သည်းခံယွေ့ အပစ်ဟို ခွင့်လွှတ်ကြလော့။ သခင်ဘုရားဟ နင်လို့ရဲ့ အပစ်ဟို လွှတ်သလို အဲတိုင်းတိုင်း ပြုကြလော့။