27 ဘုရင်ဟ သူ့ဟို သနားသောကျောန့် အကြွေးဟို ခွင့်လွှတ်ပေးယွေ့ သူ့ဟို သွားခွင့်ပြုအယ်။
“အဲလိုလဲ အေးအစေခံဟ ထွက်သွားသောအခါ မိမိအား ငွေဒင်္ဂါးတရာ အကြွေးတင်သောသူ အစေခံချင်း တယောက်ဟို မျော်အယ်။ သူဟို ဖမ်းယွေ့ လည်ပင်းညစ်ပင်း ‘နင်ဆပ်ရန် ဆိသော အကြွေးဟို ပြန်ဆပ်လော့’ ဟု ဆိုအယ်။
အဲအခါ သခင်ဟ အဲကျွန်ဟို ခေါ်ယွေ့ ‘ဆိုးညစ်သော အစေခံ၊ နင်ဟ ငါ့ဟို တောင်းပန်သောကျောန့် နင်ပေးဆပ်ရန် အကြွေးဆိသမျှဟို ငါပယ်ဖျက်ခဲ့အယ်။
အကြွေးဆပ်ရန် မဆိသောကျောန့်၊ အကြွေးငမ်းထားသူဟ အေးသူနေဦးလုံးဟို အကြွေးကျေခွင့် ပေးလိုက်အယ်။ အေးသူနေဦးထဲမှာ စသူဟ အကြွေးငမ်းထားသူဟို ပိုပင်း ချစ်လိမ့်မလဲ” ဟု မေးအယ်။
ရှိမုန်ဟ “ရမ်းဆာ့သော အကြွေးဟို လျှော်ပေးခြင်း ခံရသူဖြစ်မယ်လို့ ငါထင်မြင်အယ်” ဟု ပြန်ပြောအယ်။ ယေရှုဟ “နင် ယူဆလဲ့အတိုင်း မန်အယ်” ဟု ပြောအယ်။