9 သူလို့ တောင်ပေါ်မှ ဆင်းကြစဉ်၊ ယေရှုဟ သူလို့အား “နင်လို့ မျော်ခဲ့ကြလဲ့ ရူပါရုံဟို လူသား သေခြင်းမှ မထမြောက်ခင် စသူမျှ မပြောကြနဲ့” ဟု မှာထားအယ်။
မိမိရဲ့အကျောန်းဟို သူတပါးလို့အား မပြောကြားရန် အဲသူလို့ဟို အမိန့်ပေးအယ်။
အဲလိုလဲ နင်လို့အား ငါပြောတာဟ ဧလိယဟ ရောက်လာပေမဲ့ လူလို့ဟ သူ့ဟို မသိကြသဖြင့် သူ့အား လုပ်ချင်ရာဟို လုပ်ခဲ့ကြပီ။ အဲတိုင်းတိုင်းပင် လူသားဟလည်း အဲသူလို့ရဲ့လက်တွင် ဒုက္ခဆင်းရဲ ခံရလိမ့်မယ်” ဟု မိန့်အယ်။
ယေရှုဟ “နင်လို့သည် ယုံကြည်ခြင်း အားနည်းသောကျောန့် ဖြစ်အယ်။ နင်လို့အား ငါ အမန်အကန် ပြောတာဟ၊ နင်လို့ဟ မုန်ညင်းစေ့လောက် ယုံကြည်ခြင်းဆိပါက ဟေတောင်အား ‘ဟေနေရာမှ အဲနေရာဟို ရွေ့ပြောင်းလော့’ ဟုဆိုလျှင် ပြောင်းရွေ့လိမ့်မယ်။ နင်လို့ မတတ်နိန်လဲ့ အရာမဆိ။”
တဘဲ့တော် အားလုံးလို့ဟ ဂါလိလဲပြေဟို အတူလာကြသောအခါ ယေရှုဟ သူလို့အား “လူလို့ရဲ့ လက်တွင်းသို့ လူသားဟို အပ်ကြလိမ့်မယ်။
သူ့ဟို သတ်ကြပေမဲ့ သုံးရက်မြောက်သောနေ့တွင် လူသားဟ သေခြင်းမှ ဆှင်ပြန်ထမြောက်လိမ့်မယ်” ဟု မိန့်အယ်။ တဘဲ့တော်လို့ဟလည်း ရမ်းဆာ့ စိတ်မချမ်းမသာ ဖြစ်ကြကုန်အယ်။
အဲလိုမို့ သူလို့ဟ မော်ကျေ့ပင်း ယေရှု မှလွဲယွေ့ အခြားစသူဟိုမျှ မမျော်ကြတော့ချေ။
ယေရှုဟ “မြေခွေးမှာ တွင်း ဆိအယ်။ မိုးခေါန်းခင် ငက်မှာလည်း အသိုက် ဆိပေမဲ့ လူသားမှာဟ ခေါင်းချစရာ နေရာမဆိ” ဟု မိန့်အယ်။
အဲအခါ ယေရှုဟ “နားထောင်လော့၊ စသူ့ဟိုမှ မပြောနဲ့။ အဲလိုလဲ ယဇ်ပုရောဟိတ် ဆေဟို သွားယွေ့ နင့်ရဲ့ ကိုယ်ဟို ပြပင်း လူလို့ဆေ့နှိုက် သက်သေဖြစ်စေဖို့ မောရှေ စီရင်မှာထားသော ပူဇော်သကာဟို ဆက်လော့” ဟု မိန့်အယ်။
အဲပင်းရင် ယေရှုဟ “ငါ့အကျောန်း စသူဟိုမှ မပြောနဲ့” ဟု သူလို့အား မိန့်မှာခဲ့အယ်။
သူ့ရဲ့ မိဖလို့ဟ အံ့ဩသွားကြအယ်၊ အဲလိုလဲ ယေရှုဟ ပစာဖြစ်ပျက်ခဲ့အယ်ဆိုတာ တယောက်မှ မပြောဖို့ အမိန့်ပေးခဲ့တယ်။
အသံရပ်သွားသောအခါ၊ ယေရှုဟ တယောက်တည်း ဆိအယ်။ တဘဲ့တော်များဟ သူလို့ မျော်လဲ့အကျောန်းအရာများဟို အဲအချိန်နှိုက် စသူမှ မပြောဘဲ တိတ်ဆိတ်နေကြအယ်။