2 အဲမှာ ကိုယ်တော်ဟ သူလို့ရဲ့ ဆေ့တွင် အရောင်အဆင်း ပြောင်းလဲသွားအယ်။ မျက်နှာတော်ဟ နေလိုမျိုးတောက်ပလျက် အဝတ်ဟလည်း အလင်းလို ဖြူလျက်နေအယ်။
ခြောက်ရက်ကြာသောအခါ ယေရှုဟ သူနဲ့အတူ ပေတရု၊ ယာကုပ်၊ ယာကုပ်ရဲ့ညီ ယောဟန်လို့ဟို ယိုးကာ တောင်အမြင့်ပေါ်ဟို ခေါ်သွားအယ်။
အဲပင်းရင် မောရှေနဲ့ ဧလိယဟ ယေရှုနဲ့ စကားပြောလျက်နေတာဟို တဘဲ့တော် သုံးယောက်ဟ မျော်ကြအယ်။
သူရဲ့ပုံစံဟ ရှပ်စီးလပ်သလိုဖြစ်ယွေ့ သူရဲ့ အဝတ်ဟ နှင်းပွင့်လို ဖြူအယ်။
ကိုယ်တော်ရဲ့ အဝတ်များဟ ဖြူဖွေးတောက်ပလာအယ်၊ ဟေလောကထဲမှာ စသူမှ အေးလောက် ဖြူဖွေးအောန် သူလို့ မဖွတ်နိန်ကြ။
ဆုတောင်းနေလဲ့အချိန်တွင် သူ့ရဲ့ မျက်နှာ ပြောင်းလဲလာပင်း၊ သူ့ရဲ့ အဝတ်အစားဟ ဖြူဖွေး တောက်ပလာအယ်။
နှုတ်ကပတ်တော်ဟ လူသားအဖြစ် ခံယူယွေ့ ကျေးဇူးတော်နဲ့ သမ္မာတရားဟို ပြေ့စုံလျက် ငါလို့ထဲတွင် ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါးတည်းသော သားတော်အဖြစ် ခံယူရဆိလဲ့ ဘုန်းအသရေ ဖြစ်အယ်။
“အို အဖ၊ ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီ ငါ့ဟို ချစ်ယွေ့ ပေးသော ဘုန်းအသရေဟို ငါ့အား ကိုယ်တော်ပေးသော သူလို့ဟ မျော်ကြစေရန် ငါဆိရာအရပ်တွင် သူလို့အား ဆိစေလိုအယ်။
နင်လို့ဟ လောကရဲ့ ပုံသဏ္ဌာန်အတိုင်း လိုက်ပင်း မကျင့်ကြနဲ့။ ကောင်းသောအရာ၊ ဘုရားသခင် နှစ်သက်ဖွယ်သောအရာ၊ အပစ်ဆိုဖွယ် မဆိသောအရာ တည်းဟူသော ဘုရားသခင် အလိုဆိသောအရာဟို စလိုအရာဖြစ်တာဟို သိဆိနိန်ရန် စိတ်နေလုံးဟို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်း ဆိကြလော့။
အဲပင်းရင် ခွန်အားကြီးသော ခေါန်းခင်တမန်တပါးဟ မိုးချေးသားဟို ခြုံလျက် ခေါန်းခင်မှ ဆင်းလာတာဟို ငါမျော်အယ်။ သူရဲ့ ဦးခေါင်းပေါ်တွင် သက်တံ့ဆိယွေ့ သူရဲ့ မျက်နှာဟ နေလို ဖြစ်ပင်း သူရဲ့ ခြေဟ မီးခဲတိုင်လို ဖြစ်အယ်။
အဲပင်းရင် ဖြူသော ပလ္လင်ကြီးနဲ့ အဲပလ္လင်ပေါ်တွင် ထိန်သောသူဟို ငါ မျော်ရအယ်။ ခေါန်းခင်နဲ့ မြေကြီးဟ အဲသူရဲ့ မျက်မှောက်မှ ပျောက်လွင့်သွားယွေ့ အေးဟာအတွက် နေရာမဆိ။