11 ယေရှုဟ “ဧလိယသည် အရင်လာပင်း အမှုအရာအားလုံးဟို အသင့်ပြင်ဆင်ရမယ် မန်အယ်။
အဲပင်းရင် တဘဲ့တော်လို့ဟ “ဧလိယသည် အရင် လာရမယ်ဟု ကျမ်းပြုဆရာလို့ဟ မစာကျောန့် ဆိုလုန်း” ဟု ယေရှုအား မေးဆှောက်ကြအယ်။
အဲလိုလဲ နင်လို့အား ငါပြောတာဟ ဧလိယဟ ရောက်လာပေမဲ့ လူလို့ဟ သူ့ဟို မသိကြသဖြင့် သူ့အား လုပ်ချင်ရာဟို လုပ်ခဲ့ကြပီ။ အဲတိုင်းတိုင်းပင် လူသားဟလည်း အဲသူလို့ရဲ့လက်တွင် ဒုက္ခဆင်းရဲ ခံရလိမ့်မယ်” ဟု မိန့်အယ်။
အဲပင်းရင် တမန်တော်လို့ဟ ယေရှုနဲ့ တွေ့ရန် စုဝေးလာကြသောအခါ သူလို့ဟ “အဆှင်၊ ဟေအချိန်ဟ ဣသရေလ အမျိုးသားလို့အတွက် နိုင်ငံဟို ပြန်လည်ထူထောင် ပေးမယ်လော” ဟု မေးဆှောက်ကြအယ်။
မခင်ဟ မိမိရဲ့ သန့်ဆှင်းသော ပရောဖက်များရဲ့ စလောင်အားဖြင့် ဘုရားသခင် မိန့်ခဲ့လဲ့အရာတည်းဟူသော အလုံးစုံလို့ဟို မူလအတိုင်း ပြန်ဖြစ်စေမဲ့ ကာလများတိုင်အောန် ခေါန်းခင်ဟ အေးအဆှင်ဟို လက်ခံထားရမယ်။