28 နင်လို့အား ငါ အမန်အကန် ဆိုတာဟ လူသားဟ နိုင်ငံတော်တည်လျက် ကြွလာတာဟို ဟေအရပ်နှိုက် ရပ်နေသော လူအချို့လို့ဟ မမျော်ခင် မသေရကြ” ဟု မိန့်အယ်။
သူလို့ဟ နင်လို့ဟို မြို့တမြို့တွင် ညှဉ်းဆဲနှိပ်စက်သောအခါ အခြားတမြို့ဟို ထွက်ပြေးကြလော့။ အမန်အကန် နင်လို့အား ငါပြောတာဟ နင်လို့သည် ဣသရေလမြို့ဆိသမျှဟို သွားလာယွေ့ မပင်းခင် လူသားဟ ကြွလာလိမ့်မယ်။
ယေရှုဟ ကဲသရိ ဖိလိပ္ပုပြေနယ်ဟို ရောက်ဆိသောအခါ ကိုယ်တော်ဟ တဘဲ့တော်လို့အား “လူလို့ဟ လူသားဟို စသူဖြစ်အယ်ဟု ပြောဆိုကြလုန်း” ဟု မေးအယ်။
ယေရှုဟ သံလွင်တောင်ပေါ်တွင် တကိုယ်တည်း ထိန်နေစဉ် တဘဲ့တော်လို့ဟ အထံတော်ဟို သီးသန့် ချဉ်းကပ်ပင်း “ဟေအမူအရာများဟ ပစာကာလနှိုက် ဖြစ်ပျက်မလော။ ကိုယ်တော် ကြွလာချိန်နဲ့ ကပ်ကမ္ဘာကုန်ဆုံးချိန်နှိုက် ပစာနိမိတ်များ ပေါ်ထွန်းမလော။ ငါလို့အား မိန့်ပါ” ဟု ဆှောက်ထားကြအယ်။
နင်လို့အား ငါ အမန်အကန် ပြောတာဟ ဟေအမှုအရာ အားလုံး မဖြစ်ပျက်မီတိုင်အောန် ဟေမျိုးဆက်ဟ ပစာအခါမှ ပျောက်ကွယ်လိမ့်မယ် မဟုတ်။
သို့ဖြစ်ယွေ့ သတိနဲ့စောင့်နေကြလော့၊ ပစာကို့ နင်လို့ရဲ့ အဆှင်ဟ ပစာအခါ ကြွလာမယ်ဟို နင်လို့ မသိကြ။
ယေရှုဟ “နင်ဟောသည် အတိုင်းမန်ပေမဲ့ နင်လို့အား ငါပြောတာဟ နောင်အခါတွင် လူသားဟ အနတ္တတန်ခိုးဆှင်ရဲ့ လက်ယာဘက်တွင် ထိန်လျက်နေတာဟိုလည်းကောင်း၊ ခေါန်းခင် မိုးချေးသားဟို စီးယွေ့ ကြွလာတာဟို လည်းကောင်း နင်လို့ မျော်ရကြမယ်” ဟု မိန့်အယ်။
ယေရှုဟ “မြေခွေးမှာ တွင်း ဆိအယ်။ မိုးခေါန်းခင် ငက်မှာလည်း အသိုက် ဆိပေမဲ့ လူသားမှာဟ ခေါင်းချစရာ နေရာမဆိ” ဟု မိန့်အယ်။
အဲအခါ လူသားဟ ကြီးစွာသော တန်ခိုးတော်နဲ့ ဘုန်းအသရေလို့ဖြင့် မိုးချေးသားများထဲမှ ကြွလာလိမ့်မယ်။
ဟေဘုရားတရားမဲ့နဲ့ ဆိုးသွမ်းသောနေ့နှိုက် နင်ဟ ငါနဲ့ ငါ့သွန်သင်ချက်ဟို ဆှက်ရင်၊ သန့်ဆှင်းသော ခေါန်းခင်တမန်လို့နဲ့အတူ ခမည်းတော်ဟ ဘုန်းတန်ခိုးနဲ့ ကြွလာသောအခါ လူသားဟ နင်လို့ဟို ဆှက်လိမ့်မယ်။”
အဲပင်းရင် ကိုယ်တော်ဟ သူလို့ဟို “နင်ဟို အမန် ငါပြောတာဟ၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ တန်ခိုးနဲ့အတူ လာတာဟို မမျော်ခင်အထိ ဟေအရပ်ဆိ လူအချို့လို့ဟာ မသေရကြ” ဟု ပြောလေအယ်။
နင်လို့ဟို ငါပြောတာဟ သူလို့ဖက်တွင် အလျင်အမြန် တရားမျှတစွာ စီရင်မယ်။ အဲလိုလဲ လူသားဟ ကြွလာသောအခါ မြေကြီးပေါ်တွင် ယုံကြည်ခြင်းဟို တွေ့ရမလော” ဟု ပြောအယ်။
သူဟ ထာဝရဘုရား ကတိထားလဲ့ မေဆှိယဟို မမျော်ရခင် မသေရဟု ဗျာဒိတ်တော် ရဆိထားသူလည်း ဖြစ်အယ်။
နင်လို့ဟို ငါအမန်အကန်ဆိုတာဟ ဟေအရပ်နှိုက်ဆိသော သူအချို့လို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို မမျော်ခင် မသေရကြ” ဟု ပြောအယ်။
ယေရှုဟ “ငါ ကြွလာလဲ့တိုင်အောန် သူ့အား အသက်ဆှင်စေရန် ငါအလိုဆိရင် နင်နဲ့ စလိုဆိုင်တုန်း၊ နင်ဟ ငါ့နောက်ဟို လိုက်လော့” ဟု မိန့်အယ်။
နင်လို့အား ငါ အမန်ဆိုအယ် ငါ့စကားဟို နာခံသောသူဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်လိမ့်မယ်” ဟု မိန့်လေအယ်။
ယုဒလူလို့ဟ “နင်နှိုက် နတ်ဆိုးစွဲတာဟို အခု ငါလို့ သိကြအယ်၊ အာဗြဟံဟ သေလွန်ခဲ့ပင်း ပရောဖက်လို့လည်း သေလွန်ကြပီ၊ ငါ့စကားဟို နာခံသောသူဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်လိမ့်မယ်” ဟု ဆိုလေအယ်။
“ဂါလိလဲပြေသားလို့၊ နင်လို့ဟ ပစာကျောန့် ရပ်ယွေ့ မိုးခေါန်းခင်ဟို မော်ကျေ့နေကြလုန်း၊ နင်လို့ဆေမှ ခေါန်းခင်ဘုံဟို ယူဆောင်ခြင်းဟို ခံသော အေးယေရှုဟ ပစာသို့ ခေါန်းခင်ဘုံဟို တက်ကြွတာဟို နင်လို့ မျော်ရကြအယ်၊ ဟေနည်းအတိုင်းပင် ပြန်လည် ကြွလာလိမ့်မယ်” ဟု ဆိုကြအယ်။
အားပေမဲ့ လူအသီးသီးလို့ဟ မိမိလို့ အလှည့်အတိုင်း ဆှင်ပြန်ထမြောက်ရကြမယ်။ ခရစ်တော်ဟ အဦးသီးသော အသီးဖြစ်အယ်။ ခရစ်တော်ဟ ကြွလာသောအခါ တဘဲ့တော်ဖြစ်သော သူလို့ဟ ဆှင်ပြန်ထမြောက်ခြင်းသို့ ရောက်ကြလိမ့်မယ်။
အားပင်း သေခြင်းမှ ထမြောက်စေသော သားတော်ယေရှုဟ ခေါန်းခင်ဘုံမှ ကြွလာမယ်ဟို စောင့်မျှော်လျက် လာမယ့် ဘုရားသခင်ရဲ့ အမျက်တော်မှ ငါလို့ဟို ကယ်တင်မယ့်သူ ဖြစ်အယ်။
အားပေမဲ့ ယေရှုဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသက်ဟို စွန့်နိန်ရန် ကာလကတစ်မျှ ခေါန်းခင်တမန်များထက် နှိမ့်ချမှုဟို ခံရပင်း၊ အသေခံလဲ့အတွက် ဘုန်းအသရေ၊ ဂုဏ်အသရေနဲ့ ပြေ့ဝလျက်ဆိတာဟို အခုအခါ ငါလို့ တွေ့မျော်ကြရအယ်။
အဲကျောန့် ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရား ကြွလာလဲ့တိုင်အောန် သည်းခံယွေ့ စောင့်နေကြလော့။ လယ်သမားဟ မိမိမြေမှ ဖိုးထိုက်သော အသီးနှံများ ထွက်ရန် မိုးဦးနဲ့ မိုးနှောင်း ရွာပီးလဲ့တိုင်အောန် စောင့်မျော်တတ်အယ်။
အကျောန်းမှာ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ တန်ခိုးတော်နဲ့ ကြွလာခြင်းလို့ဟို နင်လို့အား ပြောပြသောအခါ ပါးနပ်စွာ ဖန်တီးထားသော ဒဏ္ဍာရီများဟို အသုံးပြုတာ မဟုတ်။ ငါလို့ဟ အေးအဆှင်ရဲ့ ကြီးမြတ်သော တန်ခိုးဟို တတ်တိုင်း မျော်တွေ့ရသူများ ဖြစ်ကြအယ်။
အဲကျောန့် လူပဲ့သငယ်လို့၊ ငါလို့ဟ ကိုယ်တော်ပေါ်ထွန်းသောအခါ ယုံကြည်စိတ်ချမှု ဆိယွေ့ ကိုယ်တော်ကြွလာလဲ့တိုင်အောန် ဆေ့တော်နှိုက် ဆှက်ကြောက်ခြင်း မဆိစေရန် ကိုယ်တော်နှိုက် တည်နေကြလော့။