9 ငါ့ဟို ကိုးကွယ်သောသူလို့နှိုက် အကျိုးမဆိ၊ ပစာကို့ သူလို့ဟ ငါရဲ့ပညတ်တွေလိုဘဲ လူ့စည်းမျဉ်းတွေဟို သင်ပေးအယ်’ ဟု မိန့်အယ်။”
အေးနောက် ယေရှုဟ လူအုပ်လို့အား အထံတော်ဟို ခေါ်ပင်း သူလို့အား “နားထောင်ပင်း နားလည်ကြလော့၊
သူလို့ဟ ငါ့ဟို အလကားကား ကိုးကွယ်ကြအယ်၊ ပစာကို့ သူလို့ဟ လူ့စည်းမျဉ်း ဟို သင်ကြားပေးအယ်၊ အဲလိုလဲ သူလို့ဟ ဘုရားသခင်ရဲ့ ပညတ်တွေပါပဲ’ ဟု ရေးသားခဲ့အယ်။
အေးသတင်းကောင်းဟ နင်လို့အား ငါဟောပြောလဲ့ တရားဖြစ်အယ်။ နင်လို့ဟ အေးသတင်းကောင်းဟို စွဲမြဲစွာ ယုံကြည်လက်ခံလျှင် ကယ်တင်ခြင်းဟို ခံရကြမယ်၊ အဲဟာမဟုတ်ရင် နင်လို့ ယုံကြည်ခဲ့တာဟ အချည်းနှီး ဖြစ်အယ်။
ဒဏ္ဍာရီများနဲ့ မဆုံးနိန်သော ဆွေစဉ်မျိုးဆက်စာရင်းများဟို အာရုံမစိုက်ကြရန် လည်းကောင်း ညွှန်ကြားလော့။ အဲအရာလို့ဟ ယုံကြည်ခြင်းနှိုက် တည်သော ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုထက် အငြင်းပွားမှုများဟိုသာ ဖြစ်စေအယ်။
အေးလိုမို့ ယုဒလူမျိုးရဲ့ ဒဏ္ဍာရီများနဲ့ သမ္မာတရားဟို ပယ်သောသူလို့ရဲ့ ပညတ်ချက်များအပေါ် အာရုံမစိုက်ဘဲ ယုံကြည်ခြင်းအရာနှိုက် မန်ကန်ပြေ့စုံမှုဆိရန် သူလို့ဟို ပြင်းထန်စွာ ဆိုဆုံးမလော့။
ထူးခြားသော သွန်သင်ချက် အမျိုးမျိုးနောက်ဟို လိုက်ပါ မသွားကြနဲ့။ အကျောန်းမှာ စားစရာအားဖြင့် မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နေလုံးဟို တည်မြဲစေခြင်းဟ ကောင်းမြတ်အယ်။ စားစရာအားဖြင့် အသက်ဆှင် ဆှောက်လှမ်းသောသူလို့ဟ အကျိုးဟို မရဆိကြပေ။
အချင်း လူမိုက် အကျင့်ကင်းသော ယုံကြည်ခြင်းဟ အကျိုးမဆိကျောန်း နင် သိလိုသလော။
ဟေစာစောင်နှိုက် ပါလဲ့ ပရောဖက်ပြု ဟောပြောသော စကားလို့ဟို ကြားရသူတိုင်းအား ငါ သက်သေခံတာဟ စသူမဆို ဟေအရာလို့ဟို ထပ်မံ ဖြည့်စွက်ရင် ဘုရားသခင်ဟ ဟေစာစောင်နှိုက် ရေးထားသော ဘေးဒဏ်များဟို အေးသူအပေါ်နှိုက် သက်ရောက်စေလိမ့်မယ်။