6 သူဟ မိမိရဲ့အဖအား ဂုဏ်ပြုရန် မလို။ အေးနည်းလမ်းဖြင့် နင်လို့ဟ မိမိလို့ရဲ့ ထုံးတမ်းစဉ်လာများဟို လိုက်နာရန် ဘုရားသခင်ရဲ့ ပညတ်ဟို ပစ်ပယ်ကြအယ်။
အဲလိုလဲ နင်လို့ သင်ကြတာဟ လူတယောက်နှိုက် အဖ အဲဟာမဟုတ်ရင် အမေ့အား ကူညီရန် ပစ္စည်းတစုံတခု ဆိသော်လည်း အေးပစ္စည်းဟို ‘ဘုရားသခင်ပိုင်လဲ့ ပစ္စည်းဖြစ်အယ်’ ဟု ဆိုရင်၊
သူတော်ကောင်းဟန်ဆောင်တတ်သောသူလို့၊ ဟေရှာယဟ နင်လို့ဟို ရည်မှတ်ယွေ့ ဟေသို့ ဟောတာဟ၊
အေးနည်းအတိုင်း နင်လို့ သူတပါးများအား လက်ဆင့်ကမ်း ပေးအပ်ကြလဲ့ သွန်သင်ချက်များအားဖြင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို ပယ်ဖျက်ကြအယ်။ အေးလို့ပုံစံမျိုးပင် ရမ်းဆာ့သော တခြားအရာလို့ဟိုလည်း နင်လို့လုပ်ကြအယ်” ဟု ပြောလေအယ်။
အဲယုံကြည်ခြင်းအားဖြင့် ငါလို့ဟ ပညတ်တရားဟို ပယ်ဖျက်တာဟို ဆိုလိုသလော။ လုံးလုံး ဟုတ်ဝူး။ ပညတ်တရားဟို အတည်ပြုခြင်းသာ ဖြစ်အယ်။
ယုံကြည်သူအမျိုးသမီး တစုံတဦးနှိုက် ဆွေမျိုးတော်စပ်လဲ့ မုဆိုးမများဆိရင် အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ အဲမုဆိုးမလို့ဟို သူ့တတ်တိုင်း ကူညီစောင့်ဆှောက်မန့်၊ အဲသို့ပြုရင် အသင်းတော်ဟ အမန်တကယ် အကူညီလိုအပ်လဲ့ မုဆိုးမများဟို ကူညီစောင့်ဆှောက်နိန်လိမ့်မယ်။
စသူမဆို မိမိဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိအိုင်သူအိုင်သားလို့ဟို ဂရုမစိုက်ဘဲနေရင် အဲသူဟ ယုံကြည်ခြင်းဟို ငြင်းပယ်ပီ ဖြစ်ယွေ့ မယုံကြည်သူထက်ပင် ဆိုးရွားအယ်။