4 အကျောန်းမှာ ဘုရားသခင်ဟ ‘နင့်ရဲ့ မိဘဟို ရိုသေစွာပြုလော့။ မိဘဟို ကျိန်ဆဲသောသူဟ သေဒဏ်ခံစေ။’
ယေရှုဟ “နင်လို့သည် မစာကျောန့် ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို နာမခံဘဲ မိမိလို့ရဲ့ သွန်သင်ချက်များဟို လိုက်နာကြလုန်း။
အဲလိုလဲ နင်လို့ သင်ကြတာဟ လူတယောက်နှိုက် အဖ အဲဟာမဟုတ်ရင် အမေ့အား ကူညီရန် ပစ္စည်းတစုံတခု ဆိသော်လည်း အေးပစ္စည်းဟို ‘ဘုရားသခင်ပိုင်လဲ့ ပစ္စည်းဖြစ်အယ်’ ဟု ဆိုရင်၊
မိဘဟို ရိုသေစွာပြုလော့၊ အိုင်နီးချင်းဟို ကိုယ်နဲ့အမျှ ချစ်လော့” ဟု မိန့်အယ်။
ယေရှုဟ သူ့အား “အချင်း စာတန်၊ ငါ့နားဟနေပင်း သွားလော့၊ ‘နင့်ရဲ့ အဆှင် ဘုရားသခင်ဟိုသာလျှင် ဝတ်ပြုရှိခိုးရမယ်၊ အဲအဆှင်ရဲ့ အစေဟိုသာလျှင် ခံရမယ်’ ဟု ကျမ်းစာနှိုက် ရေးထားအယ်” ဟု မိန့်အယ်။
အဲယုံကြည်ခြင်းအားဖြင့် ငါလို့ဟ ပညတ်တရားဟို ပယ်ဖျက်တာဟို ဆိုလိုသလော။ လုံးလုံး ဟုတ်ဝူး။ ပညတ်တရားဟို အတည်ပြုခြင်းသာ ဖြစ်အယ်။
လူပဲ့သငယ်လို့၊ သခင်ဘုရားနှိုက် မိဘစကားကို နားထောင်ကြလော့၊ အကျောန်းမှာ အေးအရာဟို ပြုလုပ်ခြင်းဟ မန်ကန်သော အရာဖြစ်အယ်။