18 အဲလိုလဲ စလောင်ထဲဟ ထွက်လဲ့အရာဟတော့ စိတ်နေလုံးထဲမှ ထွက်လာသောအရာဖြစ်ပင်း အဲအရာများဟ လူဟို စုတ်ပဲ့စေအယ်။
မြွေပွေးအမျိုးလို့၊ နင်လို့ဟ ဆိုးယုတ်သောသူများဖြစ်လျက် စလို ကောင်းလဲ့စကားဟို ပြောနိန်ကြမလုန်း။ စိတ်နေလုံးနှိုက် ပြည့်လျှံနေလဲ့အရာများဟို နှုတ်ဟ ဖော်ပြတတ်အယ်။
လူဟို စုတ်ပဲ့စေလဲ့အရာဟ စလောင်ထဲဟို ဝင်သည့်အရာ မဟုတ်၊ စလောင်ထဲမှ ထွက်လဲ့အရာ သာလျှင် လူဟို စုတ်ပဲ့စေအယ်” ဟု မိန့်အယ်။
စလောင်ထဲဟို ဝင်သောအရာဟူသမျှဟ အစာအိမ်ဟို ရောက်ပင်းနောက် အိုင်သာတွင် စွန့်ပစ်တာဟို နင်လို့ နားမလည်သလော။
ကိုယ်တော်ဟ ဆက်ပြောအယ်၊ “လူရဲ့ အတွင်းမှ ထွက်လဲ့အရာဟ လူဟို စုတ်ပဲ့စေအယ်။
မင်းကြီးဟ ‘ဆိုးညစ်သော အစေခံ၊ နင်ပြောလဲ့အတိုင်း နင့်ဟို ငါစီရင်မယ်။ ငါဟ ခက်ထန်သူဖြစ်ယွေ့ မိမိမပိုင်လဲ့အရာဟို သိမ်းယူတတ်တာဟို လည်းကောင်း၊ မိမိမစိုက်ပျိုးသည့် အသီးအနှံဟို ရိတ်သိမ်းတတ်တာဟို လည်းကောင်း နင်သိတာမန်ရင်၊