11 လူဟို စုတ်ပဲ့စေလဲ့အရာဟ စလောင်ထဲဟို ဝင်သည့်အရာ မဟုတ်၊ စလောင်ထဲမှ ထွက်လဲ့အရာ သာလျှင် လူဟို စုတ်ပဲ့စေအယ်” ဟု မိန့်အယ်။
အေးနောက် ယေရှုဟ လူအုပ်လို့အား အထံတော်ဟို ခေါ်ပင်း သူလို့အား “နားထောင်ပင်း နားလည်ကြလော့၊
အဲပင်းရင် တဘဲ့တော်လို့ဟ အထံတော်ဟို လာယွေ့ “ကိုယ်တော်မိန့်သော စကားကျောန့် ဖာရိရှဲလို့ ခံစားကြတာဟို သိသလော” ဟု မေးကြအယ်။
လူရဲ့ အပြင်မှ ဝင်လဲ့အရာဟ လူဟို စုတ်ပဲ့စေနိန်ဝူး။ အတွင်းမှ ထွက်လဲ့အရာဟသာ လူဟို စုတ်ပဲ့စေနိန်အယ်။”
ပကတိအလျောက် မစင်ကြယ်သော အစားအစာ တစုံတခုမှ မဆိဟု သခင် ယေရှုနှိုက် ငါအမန် သိလျက် ယုံကြည်စိတ်ချအယ်။ အဲလိုလဲ အစားအစာဟို မစင်ကြယ်အယ်ဟု မှတ်ယူသောသူအတွက် အေးအရာဟ မစင်ကြယ်။
ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ အစားအသောက်နဲ့မဆိုင်၊ အဲလိုလဲ သန့်ဆှင်းသော ဝိညာဉ်တော်မှ ရဆိသော ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်း ဖြစ်အယ်။
ဘုရားသခင်ရဲ့ အမှုတော်ဟို အစားအစာကျောန့် မဖျက်ဆီးနဲ့။ အစားအစာအားလုံး သန့်ဆှင်းပေမဲ့လည်း အေးအစားအစာများဟို စားသုံးခြင်းဖြင့် သူတပါးအား မှောက်မားစေသူနှိုက် အဆိုး ဖြစ်အယ်။
အဲသူလို့ဟ လူလို့အား ထိမ်းမြားခြင်း မပြုရန်နဲ့ အချို့သော အစားအစာများဟို ဆှောင်ကြဉ်ကြစေရန် သွန်သင်ကြအယ်။ အားပေမဲ့ ယုံကြည်ယွေ့ သမ္မာတရားဟို သိကျွမ်းသူလို့ဟ ကျေးဇူးတော်ဟို ချီးမွန်းလျက် စားသောက်နိန်ကြစေရန် ဟေအစားအစာများဟို ဘုရားသခင် ဖန်ဆင်းထားအယ်။
သန့်ဆှင်းသော သူလို့အတွက် ခပ်သိမ်းသောအရာလို့ဟ သန့်ဆှင်းကြအယ်။ အဲလိုလဲ ညစ်ညူးယွေ့ ယုံကြည်ခြင်း မဆိသော သူလို့အတွက်ဟ စလိုအရာမှ မသန့်ဆှင်းတာ သာမက သူလို့ရဲ့ စိတ်နေလုံးနဲ့ အသိစိတ်လို့ဟလည်း ညစ်ညူးကြအယ်။
ထူးခြားသော သွန်သင်ချက် အမျိုးမျိုးနောက်ဟို လိုက်ပါ မသွားကြနဲ့။ အကျောန်းမှာ စားစရာအားဖြင့် မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နေလုံးဟို တည်မြဲစေခြင်းဟ ကောင်းမြတ်အယ်။ စားစရာအားဖြင့် အသက်ဆှင် ဆှောက်လှမ်းသောသူလို့ဟ အကျိုးဟို မရဆိကြပေ။
အကျောန်းမှာ သူလို့ဟ အလကားကား ချဲ့ထွင်ဝါကြွားလျက် မားယွင်းခြင်းနှိုက် အသက်ဆှင်နေထိန်သော သူလို့ထဲမှ လွတ်မြောက်ခါစ ဆိသော သူလို့ဟို သွေးသားဇာတိရဲ့ တပ်မက်ခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဖြင့် လှည့်စားဆွဲဆောင်ကြအယ်။