8 မိနီငယ်ဟလည်း သူ့မေ့ရဲ့ အကြံပေးချက်အရ “နှစ်ခြင်းဆရာယောဟန်ရဲ့ ဦးခေါန်းဟို လင်ပန်းပေါ်တွင် တင်ပင်း ငါ့အား ဟေနေရာတွင်ပင် ပေးပါ” ဟု တောင်းဆှောက်အယ်။
ဦးခေါင်းဟို လင်ပန်းပေါ်တင်ယွေ့ ယူလာကာ မိနီငယ်အား ပေးပင်းမှ မိနီငယ်ဟလည်း အဲဦးခေါန်းဟို သူ့မေ့ဆေဟို ယူသွားအယ်။
အေးကျောန့် ဟေရုဒ်ဟ “နင်တောင်းသမျှ အရာအားလုံး ငါပေးမယ်” ဟု ကျိန်ဆိုယွေ့ သူ့အား ကတိပြုလေအယ်။
ဘုရင်ဟ စိတ်မချမ်းမသာဖြစ်သော်လည်း ဧည့်သည်တော်များဆေ့တွင် မိမိပေးခဲ့လဲ့ ကတိဟို ထောက်ယွေ့ မိနီငယ် တောင်းဆှောက်လဲ့အတိုင်း ပေးစေရန် အမိန့်ချအယ်။
အေးကျောန့် မိနီငယ်ဟ ထွက်သွားကာ သူမေ့အား “ငါ ပစာအရာဟို တောင်းရမလဲ” ဟု မေးအယ်။ အမေ့ဟ “နှစ်ခြင်းဆရာ ယောဟန်ရဲ့ ဦးခေါင်း” ဟု ပြန်ဖြေအယ်။
မိနီငယ်ဟ ခုတင်ချင်း ဆှင်ဘုရင်ဆေဟို အလျင်အမြန်ဝင်ယွေ့ “နှစ်ခြင်းဆရာ ယောဟန်ရဲ့ ဦးခေါင်းဟို ဟေလင်ပန်းပေါ်တွင် တင်ယွေ့ ခုတင်ချင်း ကျွန်မအား ပေးစေချင်ပါအယ်” ဟု တောင်းဆှောက်အယ်။
အဲပင်းရင် သူဟ ဦးခေါင်းဟို လင်ပန်းပေါ်တွင် တင်ယွေ့ ယူလာပင်း မိနီငယ်ဟို ပေးယွေ့၊ မိနီငယ်ဟလည်း အဲအရာဟို သူ့မေအား ပေးအယ်။