25 အရုဏ်ဦးအချိန်နှိုက် ယေရှုဟ ယေပေါ်မှာ စက်တော်ဖြန့်ယွေ့ တဘဲ့တော်လို့ ဆေဟို ကြွလာအယ်။
အိုင်ဆှင်ဟ သူခိုးလာမယ့် အချိန်ဟိုသာ သိရရင် သတိနဲ့နေလျက် မိမိနေအိုင်ဟို သူခိုးဖောက်ခွင့်ပြုမယ် မဟုတ်ကျောန်း နင်လို့ သိမှတ်ကြလော့။
အဲကျောန့် အိုင်ဆှင်ဟ ညခင်းအချိန်နှိုက် ဖြစ်စေ၊ သန်းခေါင်အချိန် ဖြစ်စေ၊ ကြက်တွန်သောအခါ ဖြစ်စေ၊ မိုးသောက်ယံဖြစ်စေ အိုင်ဆှင်ဟ ပစာခါလဲ့ပြန်လာမယ်ဟို စသူမှ မသိသောကျောန့် သတိပြုကြလော့။
လေဆန်သောကျောန့် တဘဲ့တော်လို့ဟ တက်ခတ်ယွေ့ ပင်ပန်းကြတာဟို မျော်သောအခါ ကိုယ်တော်ဟ ယေပေါ်မှာ လမ်းဆှောက်ယွေ့ သူလို့ဆေဟို လာအယ်။ အချိန်ဟ မိုးမလင်းခင် ဖြစ်အယ်၊ ကိုယ်တော်ဟ သူလို့ အနီးမှ ဖြတ်ကျော်ယွေ့ သွားအယ်၊
ညနက်ချိန် ဖြစ်စေ၊ မိုးသောက်ယံနှိုက် ဖြစ်စေ၊ သခင်ဟ လာယွေ့ အေးလို့ အဆင်သင့် ပြင်ဆင်ထားတာဟို တွေ့ရင် အေးကျွန်လို့ဟ မင်္ဂလာဆိအယ်။
တဘဲ့တော်လို့ဟ သုံးလေးမိုင်ခန့် လှော်ခတ်ပင်းသောအခါ ယေရှု ယေပေါ်မှာ လမ်းဆှောက်ယွေ့ မိမိလို့ လှေအနီးသို့ ကြွလာတာဟို မျော်ကြအယ်၊ အေးအခါ သူလို့ဟ ကြောက်ရွံ့ကြအယ်။
သူရဲ့ လက်နှိုက် ဖွင့်ထားသော စာလိပ်ငယ်တခု ဆိအယ်။ သူဟ မိမိရဲ့ လက်ယာခြေထောက်ဟို ပင်လယ်ပေါ်တွင် လည်းကောင်း၊ လက်ဝဲခြေထောက်ဟို ကုန်းမြေပေါ်မှာ လည်းကောင်း ချထားကာ၊
အဲအခါ ပင်လယ်နဲ့ ကုန်းမြေပေါ်တွင် ရပ်နေတာဟို ငါမျော်ရသော ခေါန်းခင်တမန်ဟ မိမိရဲ့ လက်ယာလက်ဟို ခေါန်းခင်ဟို မြှောက်လျက်
အဲပင်းရင် ငါကြားခဲ့သော ခေါန်းခင်မှ အသံဟ “ပင်လယ်နဲ့ ကုန်းမြေပေါ်တွင် ရပ်နေသော ခေါန်းခင်တမန်ရဲ့ လက်နှိုက် ဆိလဲ့ ဖွင့်ထားသော စာလိပ်ဟို သွားယွေ့ ယူလော့” ဟု ငါ့အား တဖန် မြွတ်ဆိုလေအယ်။