23 လူအပေါင်းလို့အား ပြန်စေပင်းနောက် ယေရှုဟ ဆုတောင်းရန် တောင်ပေါ်ဟို တကိုယ်တည်း တက်အယ်။ ညခင်းချိန်ရောက်သောအခါ အဲအရပ်တွင် ကိုယ်တော် တယောက်တည်း ဆိနေအယ်။
အေးနောက် ယေရှုဟ တဘဲ့တော်လို့နဲ့အတူ ဂေသရှေမန် ဟုခေါ်သော အရပ်ဟို ရောက်ဆိအယ်။ ကိုယ်တော်ဟ “ငါဟ အေးနေရာဟို သွားယွေ့ ဆုတောင်းနေစဉ် နင်လို့ ဟေနေရာတွင် ထိန်နေကြလော” ဟု တဘဲ့တော်လို့အား မိန့်ပင်းရင်
အဲလိုလဲ နင်လို့ဟ ဆုတောင်းသောအခါ၊ နေအိုင်အတွင်းခန်းဟို ဝင်ယွေ့ ထင်ခါးဟို ပိတ်ပင်းရင် မျက်စေ့နဲ့ မမျော်နိန်သော နင်လို့ရဲ့ အဖဆေဟို ဆုတောင်းကြလော့။ အားပင်း မထင်မဆှားပြုသောအမှုဟို မျော်သော နင်လို့ရဲ့အဖဟ နင်လို့ဟို ဆုလာဘ်ပေးလိမ့်မယ်။
မနက်စောစော မိုးမလင်းခင် ယေရှုဟ အိပ်ယာမှ ထပင်း၊ သူဟ နေအိုင်ဟနေ တိတ်ဆိတ်လဲ့ နေရာဟို ထွက်သွားပင်း အဲအရပ်နှိုက် ဆုတောင်းလေအယ်။
လူအပေါင်းလို့ဟို နှုတ်ဆက်ပင်းနောက်၊ ကိုယ်တော်ဟ ဆုတောင်းရန် တောင်ပေါ်ဟို တက်လေအယ်။
လူအပေါင်းလို့ နှစ်ခြင်းဟို ခံယူပင်းသောအခါ ယေရှုဟလည်း နှစ်ခြင်း ခံယူအယ်။ ယေရှုဟ ဆုတောင်းနေစဉ်တွင် ခေါန်းခင် ပွင့်လာယွေ့၊
အဲလိုလဲ ယေရှုဟ လူသူကင်းဝေးရာ နေရာဟို သွားပင်း ဆုတောင်းလေအယ်။
အေးအချိန်ခါနှိုက် ယေရှုဟ ဆုတောင်းဖို့ တောင်ပေါ် တက်သွားပင်း၊ အေးမှာ တညလုံး ဘုရားသခင်ဆေ ဆုတောင်းနေအယ်။
တနေ့မှာ ယေရှုတယောက်တည်း ဆုတောင်းနေသောအခါ တဘဲ့တော်များဟ သူ့ဆေဟို လာကြအယ်။ ကိုယ်တော်ဟ “လူအုပ်များဟ ငါ့ဟို စသူလို့ ပြောကြတုန်း” ဟု သူလို့ဟို မေးကြအယ်။
အေးအကျောန်းဟို ပြောပင်း တပတ်လောက်ကြာသောအခါ၊ ယေရှုဟ ပေတရု၊ ယောဟန်နဲ့ ယာကုပ်လို့ဟို ခေါ်ပင်း သူနဲ့အတူ ဆုတောင်းဖို့ တောင်ပေါ်ဟို သွားအယ်။
ငါလို့တတ်တိုင်းဟ ဆုတောင်းခြင်းနဲ့ နှုတ်ကပတ်တော် ဟောပြောခြင်း အလုပ်အားဖြင့်သာ အချိန်ဟို ကုန်လွန်စေကြမယ်” ဟု ဆိုအယ်။