38 လယ်ဟ ဟေလောကဖြစ်ပင်း ကောင်းသောမျိုးစေ့ဟ နိုင်ငံတော်ရဲ့သားများ ဖြစ်ကြအယ်။ မြက်သီးပင်များဟ မာရ်နတ်ရဲ့သားများ ဖြစ်ကြအယ်။
လမ်းတွင် ကျလဲ့ မျိုးစေ့ဟ နိုင်ငံတော်အကျောန်း တရားတော်ဟို ကြားသော်လည်း နားမလည်သူလို့နဲ့တူအယ်။ သူလို့ရဲ့ စိတ်နေလုံးတွင် ကြဲထားလဲ့ တရားတော်မျိုးစေ့ဟို မာရ်နတ်ဟ လာယွေ့ နှုတ်ယူသွားအယ်။
နိုင်ငံတော်နဲ့ဆိုင်လဲ့ သတင်းကောင်း အကျောန်းဟို ကမ္ဘာတဝန်းလုံးဆိ လူမျိုးအပေါင်းလို့အား သက်သေခံ ဟောပြောပင်းမှ ကပ်ကမ္ဘာကုန်ဆုံးချိန် ရောက်လိမ့်မယ်။
နင်လို့ဟ ဟုတ်တာဟို ‘အဟုတ်’ မဟုတ်တာဟို ‘မဟုတ်’ — ဟူယွေ့ ရိုးဆှင်းစွာ ပြောဆိုကြလော့။ ဟေထက်ပိုသော စကားဟ မာရ်နတ်ဆေမှ လာသောစကား ဖြစ်အယ်။
အဲလိုလဲ နိုင်ငံတော်သား ဖြစ်သင့်သောသူလို့မူကား အပြင်မိုက်ထဲဟို လောထုတ်ခြင်းဟို ခံရကြလိမ့်မယ်၊ အဲအရပ်တွင် သူလို့ဟ ငိုကြွေးမြည်တမ်းယွေ့ အံသွားခဲကြိတ်လျက် နေကြလိမ့်မယ်” ဟု မိန့်အယ်။
နာမတော်ဟို အမှီပြုယွေ့ နောင်တရခြင်းတရားနဲ့ အပစ်ဖြေလွှတ်ခြင်း တရားဟို ယေရုရှလင်မြို့မှ အစပြုယွေ့ လူမျိုးအပေါင်းလို့ဟို ဟောပြောရမယ်။
နင်လို့အား ငါ အမန် ဆိုအယ်၊ ဂျုံစေ့ဟ မြေသို့ကျယွေ့ မပျက်ရင် တစေ့တည်း နေအယ်၊ ပျက်ယွေ့ သွားရင် ရမ်းဆာ့သော အသီးဟို သီးတတ်အယ်။
နင်လို့ရဲ့အဖဟ မာရ်နတ် ဖြစ်အယ်၊ အဲလိုမို့ နင်လို့အဖရဲ့ အလိုဟို လိုက်ယွေ့ နင်လို့ဟ ပြုကြအယ်။ မာရ်နတ်ဟ ဟိုးအရင်ကပင် လူသတ်သမား ဖြစ်ပင်း သူနှိုက် အမန်တရား မဆိသောကျောန့် သူဟ သမ္မာတရားနှိုက် မရပ်တည်ခဲ့ဝူး။ သူဟ ဝါပြောသောအခါ မိမိသဘာဝဟိုသာ လုပ်တာဖြစ်ပင်း ဝါပြောတတ်သောသူလို့ရဲ့ အဖ ဖြစ်အယ်။
“စဉ်းလဲခြင်းအပေါင်းနဲ့ လှည့်စားမှု ဆိသမျှလို့ဖြင့် ပြေ့ဝသူ၊ မာရ်နတ်ရဲ့ သား၊ ဖြောင့်မတ်ခြင်း အပေါင်းလို့ရဲ့ ရန်သူ၊ နင်ဟ ထာဝရဘုရားရဲ့ ဖြောင့်မတ်သောလမ်းဟို ကွေ့ကောက်အောန် လုပ်ခြင်းမှ မရပ်တန့်ဘဲ နေမလော။
အဲလိုလဲ သူလို့ ကြားဝူးလားလို့ ငါ မေးအယ်။ သူလို့ ကြားရကြပီ။ “သူလို့ရဲ့ အသံဟ မြေတပြင်လုံးနှိုက် ပျံ့နှံ့သွားအယ်။ သူလို့ရဲ့ စကားများဟလည်း ကမ္ဘာအဆုံးထိအောန် ရောက်လေပီ”
အခု စလိုပဲဖြစ်ဖြစ် ပရောဖက်များ ရေးသားသောအရာအားဖြင့် လူမျိုးအားလုံးလို့ဟ ဘုရားသခင်ဟို ယုံကြည်ကာ ကိုယ်တော်ရဲ့ စကားဟို နားထောင်လာကြစေရန် ထာဝရ အသက်ဆှင်လဲ့ ဘုရားရဲ့ အမိန့်အရ အေးအမန်တရားဟ သိသာထင်ဆှားလာလေပီ။
အဲလို့ လူပဲ့သငယ်များဖြစ်ကြရင် အမွေခံများလည်း ဖြစ်ကြအယ်။ ငါလို့ဟ ခရစ်တော်နဲ့အတူ ဘုန်းတော်ချီးမြောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းဟိုလည်း ကိုယ်တော်နဲ့အတူခံရကြရင် ဘုရားသခင်ရဲ့ အမွေခံများဖြစ်ကြပင်း ခရစ်တော်နဲ့အတူ အမွေဆက်ခံများလည်း ဖြစ်ကြအယ်။
နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို အမန်သိမျော် ခံစားရတာနဲ့မျှ သတင်းကောင်းဟ နင်လို့ဆေဟို ပျံ့နှံ့ယွေ့ လာအယ်။ အဲတိုင်းတိုင်း သတင်းကောင်းဟ ကမ္ဘာတဝန်းလုံးသို့ ပျံ့နှံ့ယွေ့ ကောင်းချီးမင်္ဂလာများ ခံစားလျက် ဆိအယ်။
ကိုယ်တော်ဟ မိမိဖန်ဆင်းသောအရာလို့တွင် ငါလို့ဟို အဦးသီးသဖွယ် ဖြစ်စေရန် အလိုတော်ဆိလဲ့အတိုင်း သမ္မာတရားနဲ့ဆိုင်သော နှုတ်ကပတ်တော်အားဖြင့် ငါလို့ဟို ဖြစ်ပွားစေအယ်။
ငါ ချစ်သော ညီအကို မောင်နှမလို့၊ နားထောင်ကြလော့။ ဘုရားသခင်ဟ ဟေလောကတွင် ဆင်းရဲသောသူလို့ဟို ယုံကြည်ခြင်းနှိုက် ကြွယ်ဝသောသူအဖြစ် လည်းကောင်း၊ ကိုယ်တော်ဟို ချစ်သောသူလို့အား ကတိထားသော နိုင်ငံတော်ဟို အမွေဆက်ဆံသူအဖြစ် လည်းကောင်း ရွေးကောက်တာ မဟုတ်လော။
အကျောန်းမှာ နင်လို့ဟ ပျက်စီးတတ်သော မျိုးစေ့အားဖြင့် မဟုတ်ဘဲ ပျက်စီးခြင်းနဲ့ လွတ်လဲ့ မျိုးစေ့တည်းဟူသော အသက်ဆှင်ယွေ့ အမြဲတည်လဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် အသစ်တဖန် မွေးဖွားစေခြင်းဟို ခံရကြပီ။
ချစ်ရသောသူလို့၊ အခု ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ အားပေမဲ့ နောင်ကာလတွင် ငါလို့ စလိုဖြစ်ကြမယ်ဟို ထင်ဆှားစွာ မသိသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းသောအခါ ကိုယ်တော်ဟို ပကတိအဖြစ်တော်အတိုင်း မျော်ရကြမယ် ဖြစ်ယွေ့ ငါလို့ဟ ကိုယ်တော်နဲ့ တူကြမယ်ဟို ငါလို့ သိကြအယ်။
အဲပင်းရင် အခြားသော ခေါန်းခင်တမန် တပါးဟ ခေါန်းခင်အလယ်နှိုက် ပျံသန်းနေတာဟို ငါ မျော်အယ်။ သူဟ မြေကြီးပေါ်တွင် နေထိန်ကြသူများ တည်းဟူသော တိုင်းနိုင်ငံ၊ လူမျိုးနွယ်စု၊ ဘာသာစကား အမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးလို့အား ဟောပြောရန် ထာဝရတည်လဲ့ သတင်းကောင်းဟို ယူဆောင်လာအယ်။