1 အဲနေ့နှိုက်ပင်လျှင် ယေရှုဟ အဲနေအိုင်မှ ထွက်ယွေ့ အိန်နားတွင် ထိန်ပင်း သွန်သင်အယ်။
ခေါန်းခင်ဘုံဆှင် ငါ့ခမည်းတော်ရဲ့ အလိုတော်အတိုင်း ဆောင်ရွက်သူမန်သမျှဟ ငါ့ညီ၊ ငါ့နှမနဲ့ ငါမေ့လို့ဖြစ်အယ်” ဟု မိန့်အယ်။
အဲပင်းရင် ယေရှုဟ လူအုပ်ကြီးဆေမှ ထွက်ခွာယွေ့ နေအိုင်ထဲဟို ဝင်အယ်။ တဘဲ့တော်လို့ဟ အထံတော်ဟို လာယွေ့ “လယ်ထဲမှ မြက်သီးပင်များရဲ့ ပုံဥပမာဟို ငါလို့အား ဆှင်းပြမန့်” ဟု ဆှောက်ထားကြအယ်။
ယေရှုဟ နေအိုင်ထဲဟို ဝင်သောအခါ၊ အဲမျက်မမြင်လို့ဟ ကိုယ်တော်ဆေဟို လာကြအယ်၊ အားပင်း ယေရှုဟ “ဟေအရာဟို ငါ လုပ်နိန်အယ်ဟု နင်လို့ ယုံကြည်ကြသလော” ဟု မေးရင် အဲသူလို့ဟ “ယုံကြည်ပါအယ်၊ သခင်ဘုရား” ဟု ပြန်ဆှောက်ကြအယ်။
ယေရှုဟ ဂါလိလဲအိန်နားဟို နောက်တခါ လဲ့ပြန်လာအယ်။ လူအုပ်လို့ဟ ကိုယ်တော်ဆေဟို လာကြယွေ့ သူလို့ဟို စတင်သွန်သင်လေအယ်။