4 သူဟ ဘုရားသခင်ရဲ့ အိုင်တော်ဟို ဝင်ယွေ့ ယဇ်ပုရောဟိတ်မှတပါး သူတတ်တိုင်းရော သူနဲ့အတူဆိသော သူလို့ပါ စားခွင့်မဆိသော ဆေ့တော်မုန့်ဟို စားခဲ့ကြအယ်။
ယေရှုဟ “ဒါဝိဒ်မင်းဟ မိမိနဲ့ အဖော်လို့ မွတ်သောအခါ ပစာသို့ပြုခဲ့ကျောန်း နင်လို့တခါမျှ မဖတ်ဝူးသလော။
အဲဟာမဟုတ်ရင် ဗိမာန်တော်တွင် ယဇ်ပုရောဟိတ်လို့ဟ ဥပုသ်နေ့ဆိုင်ရာ ပညတ်ဟို ချိုးဖောက်သော်လည်း အပစ်မသင့်ကျောန်း မောရှေရဲ့ပညတ်ကျမ်းတွင် မဖတ်ဝူးကြသလော။
ယဇ်ပုရောဟိတ်မင်း အဗျာသာလက်ထက်တွင် ဒါဝိဒ်ဟ ဘုရားသခင်ရဲ့ ဗိမာန်တော်သို့ဝင်ယွေ့ ယဇ်ပုရောဟိတ်များမှအပ ပညတ်အရ စသူမျှ မစားရသော ဆေ့တော်မုန့်ဟို စားယွေ့ သူနဲ့အတူဆိသော အပေါင်းအဖော်များအားလည်း ပေးခဲ့အယ်” ဟု ပြောလေအယ်။
သူဟ ဘုရားသခင်ရဲ့ အိုင်တော်ဟို ဝင်ယွေ့ ပညတ်အရ ယဇ်ပုရောဟိတ်မှတပါး စသူမှ စားခွင့် မဆိသော ဆေ့တော်မုန့်ဟို ယူစားပင်း သူရဲ့ လူများအား ပေးခဲ့အယ်” သူလို့အား ပြောအယ်။
လူလို့ဟ သန့်ဆှင်းရာ ဌာနတော်ဟုခေါ်သော အပြင်တဲတော်ဟို တည်ဆောက်ကြအယ်။ အဲတဲတော်တွင် ဆီမီးခုံဟို လည်းကောင်း၊ ဘုရားသခင်အား ဆက်ကပ်သော မုန့်နဲ့ စားပွဲဟို လည်းကောင်း တွေ့ရအယ်။