6 ငါရဲ့အပေါ်နှိုက် သံသယကင်းသူလို့ဟ မင်္ဂလာဆိကြအယ်” ဟု မိန့်အယ်။
အဲလိုလဲ သူလို့ရဲ့ စိတ်နေလုံးတွင် အမြစ်မစွဲ၊ ကာလကတစ်သာ တည်နေအယ်။ အဲလိုမို့ သူလို့ဟ သတင်းစကားကျောန့် ဒုက္ခ အဲဟာမဟုတ်ရင် နှိပ်စက်ညှဉ်းပန်းမှု ကြုံသောအခါ ခုတုံးပင် ဖောက်ပြန်သွားကြအယ်။
လူတွေရဲ့ ယုံကြည်ခြင်းပျက်ပြားစေလဲ့ ကမ္ဘာကြီးဟာ ကြောက်စရာကောင်းလဲ့အရာဟ နင့်ဟို စောင့်နေအယ်၊ အေးလို့သော အမူအရာလို့ဟ အမြဲတမ်း တည်လိမ့်မယ်။ အဲလိုလဲ သူလို့ကို ယုံကြည်ခြင်းမှာ မားစေသောသူဟ ကြောက်စရာကောင်းလဲ့အရာဟ နင်ဟို စောင့်နေအယ်။
အေးကာလနှိုက် ရမ်းဆာ့သောလူလို့ဟ ယုံကြည်ခြင်း လမ်းလွဲကြလျက် အချင်းချင်း တယောက်ဟိုတယောက် မုန်းပင်း သစ္စာဖောက်ကြလိမ့်မယ်။
အေးနောက် ယေရှုဟ သူလို့အား “ကျမ်းစာထဲတွင် ‘ဘုရားသခင်ဟ သိုးထိန်းဟို သတ်သဖြင့် သိုးလို့ဟ ဖရိုဖရဲ ဖြစ်ကြလိမ့်မယ်’ ဟု ပြောထားသည်နဲ့အညီ ခုညနှိုက်ပင် နင်လို့ဟ ငါ့ဟို စွန့်ပစ်ယွေ့ ပြေးကြလိမ့်မယ်။
နင့်ရဲ့ လက်ယာမျက်စေ့ဟ နင်ဟို မားယွင်းစေရင် အဲမျက်စေ့ဟို ဆယ်ယွေ့ လောပလိုက်လော့။ နင်ရဲ့ ခန္ဓာကိုယ်တခုလုံး ငရဲဟိုသွားရတာထက် ကိုယ်အင်္ဂါတခု ချို့တဲ့ရခြင်းဟ သာယွေ့ကောင်းအယ်။
သူဟ လက်သမား မဟုတ်လော၊ မာရိရဲ့ အောင်နီငယ်ဖြစ်ပင်း ယာကုပ်၊ ယောသပ်၊ ယုဒနဲ့ ရှိမုန်လို့ရဲ့ ညီအကို မဟုတ်လော၊ သူ့ရဲ့ နှမများဟလည်း အေးမှာနေတာ မဟုတ်လော” ဟု မေးအယ်။ အေးကျောန့် သူလို့ဟ ကိုယ်တော်ဟို ငြင်းပယ်ကြအယ်။
ရှုမောင်ဟ သူလို့ဟို ကောင်းချီးပေးပင်း သူ့မေ မာရိအား၊ “ဟေအောင်နီငယ်ဟို ဣသရေလူမျိုးထဲဟ လူလို့ဟို ဖျက်စီးခြင်းနဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင် ရွေးချယ်ထားပီ၊ သူဟ ဘုရားသခင်ရဲ့ နိမိတ်လက္ခဏာ ဖြစ်ပင်း သူ့ဟို ရမ်းဆာ့သော လူများဟ ဆန့်ကျင် ပြောဆိုလိမ့်မယ်။
ငါ့အကျောန်းကျောန့် သံသယ မဆိသောသူဟ မင်္ဂလာဆိအယ်” ဟု ပြန်ပြောအယ်။
“နင်လို့ရဲ့ ယုံကြည်ခြင်း မပျက်ပြားစေရန် ဟေအရာများဟို ငါ ပြောထားခဲ့ပီ။
အဲအချိန်မှစယွေ့ တဘဲ့တော်လို့ထဲမှ အများစုဟ ပြန်လှည့်သွားပင်း ကိုယ်တော်နဲ့အတူ မလိုက်ပါတော့ဘဲ နေကြအယ်။
ဝိညာဉ်တော်ဟို မခံယူသူဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော် ချပေးလဲ့ ဆုကျေးဇူးများဟို မခံယူနိန်။ ဝိညာဉ်ရေးဟို အခြေခံမှသာလျှင် အဲအရာများရဲ့ တန်ဖိုးဟို အကဲဖြတ်နိန်သဖြင့် ဝိညာဉ်တော် မခံယူသူဟ ဆုကျေးဇူးများအကျောန်းဟို အကယ်ပင် နားမလည်နိန်၊ သူရဲ့ အတွက် အဲအရာလို့ဟ အနက်အဓိပ္ပာယ် ကင်းမဲ့သောအရာများသာလျှင် ဖြစ်ကြအယ်။
ညီအကိုနဲ့ နှမလို့၊ ငါဟ အရေဖျားလှီးခြင်းကို ဟောပြောသေးရင် ပစာကျောန့် ညှဉ်းဆဲခြင်းဟို ငါ ခံနေရသေးလုန်း။ အေးအခြေအနေတွင် လက်ဝါးကပ်တိုင်ရဲ့ ထိမိယွေ့ လဲစရာဟို ဖယ်ဆှားခြင်း ခံရပီ။
အခြားကျမ်းစာနှိုက် “အေးကျောက်ဟ လူလို့အား ခိုက်မိစေယွေ့ ပြိုလဲစေသောကျောက် ဖြစ်အယ်” ဟု ပြောအယ်။ သူလို့ဟ နှုတ်ကပတ်တော်ဟို မယုံကြည်သောကျောန့် ခလုတ်တိုက်ကြအယ်။ ဟေဟာဟ အေးသူလို့အတွက် ဘုရားသခင်ရဲ့ အလိုတော် ဖြစ်အယ်။