4 ယေရှုဟ အဲသူလို့အား “နင်လို့ မျော်ရ၊ ကြားရလဲ့ အရာများဟို ယောဟန်ဆေ သွားပင်း ပြောပြကြလော့။
“ကိုယ်တော်ဟ ကြွလာမယ့်အဆှင်လော၊ အဲဟာမဟုတ်ရင် ငါလို့ဟ အခြားသောသူဟို စောင့်မျော်ရမယ်လော” ဟု မေးစေအယ်။
မျက်စေ့ကန်းသူလို့ဟ မျက်စေ့မျော် ရကြအယ်။ ခြေမသန်သောသူလို့ဟ လမ်းဆှောက်နိန်ကြအယ်။ အရေပြားရောဂါစွဲသူလို့ဟ သန့်စင်သွားကြအယ်။ နားပင်းသူလို့ဟ ကြားရကြအယ်။ သေသူလို့ဟ အသက်ပြန်ဆှင်ခြင်းဟို ခံရကြပင်း ဆင်းရဲသူလို့ဟ သတင်းကောင်းဟို ကြားရကြအယ်။
လူအုပ်ကြီးဟ ခြေမစွမ်းမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများ၊ ဆွံ့အသူများနဲ့ အခြားရောဂါသည်များဟို ခေါ်လာကာ ယေရှုရဲ့ ခြေတော်ရင်းတွင် ချထားကြအယ်။ ယေရှုဟ အဲလူနာလို့ရဲ့ ရောဂါများဟို ပျောက်ကင်းစေအယ်။
ဗိမာန်တော်တွင် မျက်မမြင်များနဲ့ ခြေမစွမ်းမသန်သူများဟ အထံတော်ဟို လာကြပင်း ကိုယ်တော်ဟ သူလို့ရဲ့ ရောဂါများဟို ပျောက်ကင်းစေအယ်။
ယေရှုဟ လက်တော်ဟို ဆန့်ယွေ့ အေးသူဟို တို့ထိကာ “ငါ အလိုဆိအယ်၊ သန့်စင်စေ” ဟု မိန့်အယ်။ ခုတုံး သူဟ အဲအရေပြားရောဂါ ပျောက်ကင်း သွားလေအယ်။
ငါဟ ခမည်းတော်နှိုက် ဆိယွေ့ ခမည်းတော်ဟ ငါနှိုက် ဆိကျောန်းဟို ယုံကြလော့။ မယုံရင် ငါပြုသောအမှုများဟို ထောက်ယွေ့ ယုံကြလော့။
အဲလိုလဲ ယောဟန်ရဲ့ သက်သေခံချက်ထက် ကြီးမြတ်လဲ့ သက်သေခံချက် ငါ့မှာ ဆိအယ်၊ ခမည်းတော် ငါ့အား ပေးအပ်သဖြင့် ခုတုံး ငါ ပီးမြောက်အောန် လုပ်ဆောင်ဖို့ ဆိလဲ့အရာများဟ ငါ့ဟို ခမည်းတော်စေလွှတ်ကျောန်း သက်သေခံကြအယ်။