6 ဣသရေလအမျိုးရဲ့ ပျောက်သော သိုးများဆိရာဟိုသာ သွားကြလော့။
“နင်လို့ဟ ဟေလူပဲ့သူငယ်ထဲမှ တစုံတယောက်ဟို မထီမဲ့မြင် မလုပ်မိစေဖို့ သတိထားကြလော့။ နင်လို့အား ငါပြောတာဟ၊ သူလို့ရဲ့ ခေါန်းခင်တမန်များဟ ခေါန်းခင်ဘုံဆှင် ငါ့ခမည်းတော်ရဲ့ မျက်မှောက်နှိုက် အမြဲတမ်း ခစားလျက် ဆိကြအယ်။
[11]
နာမတော်ဟို အမှီပြုယွေ့ နောင်တရခြင်းတရားနဲ့ အပစ်ဖြေလွှတ်ခြင်း တရားဟို ယေရုရှလင်မြို့မှ အစပြုယွေ့ လူမျိုးအပေါင်းလို့ဟို ဟောပြောရမယ်။
အဲအခါ ပေါလုနဲ့ ဗာနဗလို့ဟ ရဲရင့်စွာ ဟောကြားတာဟ “ငါလို့ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို နင်လို့အား ပထမဆုံး ဟောပြောရမယ်။ အဲလိုလဲ နင်လို့ဟ တရားတော်ဟို ငြင်းပယ်ကာ မိမိလို့ကိုယ်ကို ထာဝရအသက်နဲ့ မထိုက်တန်ဟု စီရင်ကြသောကျောန့်၊ ငါလို့ဟ နင်လို့နားမှ ထွက်ခွာယွေ့ လူမျိုးခြားလို့ဆေဟို သွားကြမယ်။
ယုဒလူလို့ဟ သူ့ဟို မကောင်းသောအရာများ အကျောန်းဟို ပြောဆိုသောအခါ၊ ပေါလုဟ မိမိအဝတ်မှ ဖုန်များဟို ပုတ်ချယွေ့ သူလို့အား “နင်လို့ သေကြေပျက်စီးကြရင် နင်လို့ရဲ့ တာဝန်ပင် ဖြစ်အယ်၊ ငါ့မှာ တာဝန် မဆိတော့ပီ။ အခုမှစယွေ့ ငါဟ လူမျိုးခြားလို့ဆေ သွားတော့မယ်” ဟု ဆိုအယ်။
ပထဦးဆုံး ဒမာသက်မြို့နှိုက်ဆိသော သူလို့ဟို လည်းကောင်း၊ အဲပင်းရင် ယေရုရှလင်မြို့မှစပင်း ယုဒပြေတပြေလုံးဆိ လူလို့အား လည်းကောင်း၊ လူမျိုးခြားလို့အား လည်းကောင်း အပစ်များမှ နောင်တရပင်း ဘုရားသခင်ဆေဟို ပြောင်းလဲကာ သူလို့ဟို နောင်တနဲ့ ထိုက်တန်သောအမှုများဟို ပြုကြရန် ငါ ဟောပြောခဲ့အယ်။
နင်လို့ တဦးစီရဲ့ ဆိုးညစ်သောအမှုလို့ဟို စွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရစေရန် ဘုရားသခင်ဟ မိမိရဲ့ အစေခံဟို နင်လို့ဆေဟို ဦးစွာ စေလွှတ်အယ်” ဟု ပေတရုဟ ဟောပြောလေအယ်။
နင်လို့ဟလည်း လမ်းလွဲသော သိုးလို့လိုမျိုး ဖြစ်ကြပေမဲ့ အခုဟ သိုးထိန်းဖြစ်ယွေ့ နင်လို့ရဲ့ စိတ်ဝိညာဉ်ဟို ကြီးကြပ်သူဖြစ်သော အဆှင်စေဟို ပြန်ရောက်ကြပီ။