37 “တစုံတယောက်ဟ သူလို့ မိဖဟို ငါ့ထက်ပိုယွေ့ ချစ်သူဟ ငါနဲ့မထိုက်တန်၊ တစုံတယောက်ဟ သူလို့ရဲ့သား အဲဟာမဟုတ်ရင် သမီးဟို ငါ့ထက်ပိုယွေ့ ချစ်သူဟ ငါနဲ့မထိုက်တန်။
ယေရှုဟ “ ‘နင်ရဲ့ ဘုရားသခင် ထာဝရဘုရားဟို စိတ်နေလုံး အကြွင်းမဲ့၊ ကိုယ်စွမ်းဆိသမျှ၊ ဉာဏ်စွမ်းဆိသမျှနဲ့ ချစ်ရမယ်။’
အေးနောက် ငယ်သားလို့ဟို ခေါ်ပင်းရင် ‘မင်္ဂလာဆောင်ဧည့်ခံပွဲဟ အသင့်ဆိပီ ဖြစ်သော်လည်း ဖိတ်ကြားခြင်း ခံရသူလို့ဟ အေးပွဲနဲ့ မတန်ကြ။
“ငါ့ဆေဟို လာသောသူလို့ဟ ငါ့ဟို ချစ်တာထက် တို့မေနဲ့ တို့ဖ၊ ပေါင်အိုမနဲ့ သားသမီး၊ ညီအကိုနဲ့ မောင်နှမနဲ့ မိမိတတ်တိုင်း ပိုယွေ့ ချစ်သောသူဟ ငါ့တဘဲ့ မဖြစ်နိန်။
အဲလိုလဲ သေခြင်းမှ ဆှင်ပြန်ထမြောက်လာပင်း နောင်လာမဲ့ အသက်တာတွင် ဆှင်သန်ရန် ထိုက်တန်သော အမျိုးသားနဲ့ အမျိုးသမီးများဟ ထိမ်းမြားခြင်းဟို မပြုတတ်ကြ။
အေးလိုမို့ ကျရောက်လာလိမ့်မယ် ဖြစ်သော အမှုအရာလို့နဲ့ ကင်းလွတ်ယွေ့ လူသားရဲ့ ဆေ့နှိုက် မတ်တတ်ရပ်နိန်ရန် နိုးနိုးကြားကြား ဆိပင်း အစဉ် ဆုတောင်းလျက် စောင့်နေကြလော့” ဟု ပြောလေအယ်။
အဲလိုမို့ လူအပေါင်းလို့ဟ ခမည်းတော်အား ရိုသေကြလဲ့တိုင်း သားတော်အား ရိုသေကြရမယ်။ သားတော်အား မရိုသေသောသူဟ သားတော်ဟို စေလွှတ်သော ခမည်းတော်အား မရိုသေသောသူ ဖြစ်အယ်။
အဲလိုလဲ သာဒိမြို့နှိုက် မိမိလို့ အဝတ်ဟို မညစ်ညူးစေသောသူဟ ကတစ်သာ ဆိအယ်။ အဲသူလို့ဟ ထိုက်တန်သောသူများ ဖြစ်သောကျောန့် ဖြူသောအဝတ်ဟို ဝတ်လျက် ငါနဲ့အတူ သွားလာရကြလိမ့်မယ်။