27 မိုက်နှိုက် နင်လို့အား ငါပြောသောအရာများဟို နင်လို့ဟ အလင်းနှိုက် ကြားပြောကြလော့၊ နင်လို့နားနှိုက် ပြောယွေ့ ကြားတဲ့အရာများဟို အိုင်မိုးပေါ်မှာ ဟောကြလော့။
နေအိုင်မိုးပေါ်တွင် ဆိသူဟ အိုင်ထဲမှ ဥစ္စာပစ္စည်းများဟို ယူရန် အောက်ဟို မဆင်းစေနဲ့။
အဲလိုမို့ မိုက်တွင် နင်လို့ ပြောလဲ့စကားများဟို သူများလို့ဟ အလင်းနှိုက် ကြားသိရလိမ့်မယ်၊ အိုင်အတွင်းခန်းတွင် နင်လို့ သီးသန့် တိုးတိုးပြောလဲ့စကားဟ နေအိုင်မိုးပေါ်ဟ အော်ပြောရလိမ့်မယ်ဟု မိန့်အယ်။
ယေရှုဟလည်း “နင်လို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ဆိုင်လဲ့ လျှို့ဝှက်တဲ့အရာလို့ဟို သိနားလည်ရန် နင်လို့အား ပေးခဲ့အယ်။ အဲလိုလဲ ကြွင်းသောအရာဟ နင်လို့ ကျေ့လျက်နဲ့ မမျော်၊ ကြားရလျက်ပင် နားမလည်” ဟု ပုံဥပမာရဲ့ ဆိုလိုရင်းဟို ပြောပြလာအယ်။
“နင်လို့ရဲ့ ယုံကြည်ခြင်း မပျက်ပြားစေရန် ဟေအရာများဟို ငါ ပြောထားခဲ့ပီ။
အဲလိုလဲ သမ္မာတရားရဲ့ ဝိညာဉ်တော် ရောက်လာသောအခါ သမ္မာတရား အလုံးစုံထဲဟို နင်လို့ဟို ရိုးသွားလိမ့်မယ်။ အဲဝိညာဉ်တော်ဟ ကိုယ်အလိုအလျောက် ဟောပြောတာ မဟုတ်၊ မိမိကြားသိရလဲ့အရာလို့ဟို နင်လို့အား ပြောလိမ့်မယ်၊ နောက်ဖြစ်လာမဲ့အရာလို့ဟိုလည်း နင်လို့အား ဖော်ပြလိမ့်မယ်။
“ဟေအရာလို့ဟို ပုံဥပမာအားဖြင့် ငါပြောအယ်။ ပုံဥပမာအားဖြင့် မဟောပြောဘဲ ခမည်းတော်နဲ့ စပ်ဆိုင်သောအရာလို့ဟို နင်လို့အား ပွင့်လင်းစွာ ဖော်ပြသော အချိန်ကာလ ရောက်ဆိလာလိမ့်မယ်။
အဲပင်းရင် သူ့ရဲ့ တဘဲ့တော်လို့ဟလည်း “အခု ကိုယ်တော်ဟ ပုံဥပမာမဆောင်ဘဲ ပွင့်လင်းစွာ ပြောလေအယ်။
အေးကျောန့် တရားဇရပ်တွင် ယုဒအမျိုးသားများ၊ ဘုရားသခင်ဟို ကိုးကွယ်သော တပါးအမျိုးသားနဲ့ လည်းကောင်း၊ နေ့စဉ်နေ့တိုင်း အများနဲ့ဆိုင်သော နေရာ လာရောက်ကြသူများနဲ့ လည်းကောင်း ဆွေးနွေးအယ်။
“ဗိမာန်တော်ဟို သွားယွေ့ လူလို့အား အသက်ဆှင်ခြင်း အကျောန်းအလုံးစုံဟို ဟောပြောကြလော့” ဟု ဆိုအယ်။
သူဟ “အဲနာမဟို အမှီပြုယွေ့ သွန်သင်ခြင်း မလုပ်ရန် နင်လို့အား ငါလို့ ကျပ်ကျပ်အမိန့် ပေးခဲ့အယ်၊ အဲလိုလဲ နင်လို့ ပစာလုပ်တာဟို ကျေ့လော့၊ နင်လို့ဟ ယေရုရှလင်မြို့ တမြို့လုံးတွင် သွန်သင်ချက်ဟို ပျံ့နှံ့စေယွေ့ အဲသူ သေရတာဟ ငါလို့ကျောန့် ဖြစ်အယ်ဟူယွေ့ နင်လို့ အပစ်တင်လိုကြတာ မဟုတ်လော” ဟု ပြောအယ်။
ငါလို့ဟ ဟေသို့သော မျော်လင့်ခြင်း ဆိသောကျောန့်၊ ရမ်းဆာ့ ရဲရင့်ကြအယ်။