24 “တဘဲ့ဟ ဆရာထက်မသာ၊ ကျွန်ဟ သခင်ထက်မသာ။
တဘဲ့ဟ သူလို့ရဲ့ ဆရာလိုမျိုးလည်းကောင်း၊ ကျွန်ဟ သူလို့ရဲ့ သခင်လိုမျိုးလည်းကောင်း ဖြစ်ရင် လုံလောက်အယ်။ အိုင်ထောင်ဦးစီးဟို ဗေလဇေဗုလဟု ခေါ်ကြရင် သူရဲ့ နေအိုင်သူအိုင်သားများဟို စလောက် ပိုယွေ့ ခေါ်ကြလိမ့်မလဲ။
တဘဲ့ဟ သူလို့ ဆရာထက် မြတ်တာ မဟုတ်၊ အဲလိုလဲ တဘဲ့တိုင်း သူရဲ့ ပညာသင် ပင်းသောအခါ သူလို့ဆရာလို ဖြစ်လိမ့်မယ်။
နင်လို့အား ငါ အမန်ဆိုတာဟ အစေခံသည် သူ့သခင်ထက် ကြီးမြတ်တာ မဟုတ်၊ တမန်ဟလည်း စေလွှတ်သောသူထက်သာယွေ့ ကြီးမြတ်တာ မဟုတ်။
‘အစေခံဟ သခင်ထက် ကြီးမြတ်တာ မဟုတ်’ ဟု နင်လို့အား ငါပြောခဲ့တာဟို သတိရကြလော့။ သူလို့ဟ ငါ့ဟို ညှဉ်းဆဲရင် နင်လို့ဟိုလည်း ညှဉ်းဆဲကြလိမ့်မယ်၊ ငါ့စကားဟို နားထောင်ရင် နင်လို့ရဲ့ စကားဟိုလည်း နားထောင်ကြလိမ့်မယ်။