16 “နားထောင်ကြမန့်၊ သိုးများအား ဝံပုလွေစုထဲဟို စေလွှတ်သလိုမျိုး နင်လို့အား ငါစေလွှတ်အယ်။ မြွေလိုမျိုး ပါးနပ်လိမ္မာကာ ချိုးတူးမလိုမျိုး ရိုးသားဖြူစင်ကြလော့။
နားထောင်ကြလော့၊ ဟေအရာများ နင်လို့အား ကြိုတင်ယွေ့ ငါဖော်ပြပီ။
“သစ္စာဆိပင်း ပညာဆိသော ကျွန်ဟ စသူလုန်း၊ အေးသူဟ တခြား ကျွန်များဟို အုပ်ချုပ်ရန်နဲ့ အချိန်တန်လျှင် ရိက္ခာများထုတ်ပေးရန် သခင်ဟ ခန့်ထားသူဖြစ်အယ်။
သူလို့အနက် ငါးယောက်ဟ ပညာဆိဖြစ်ကြပင်း ငါးယောက်မှာတော့ ပညာမဲ့ ဖြစ်ကြအယ်။
ပညာဆိသူများဟတော့ မိမိလို့ရဲ့ မီးဖူးများမက ဆီအပိုဟိုလည်း ဖူးတွင် ထည့်ပင်း ယူခဲ့ကြအယ်။
ပညာဆိသူများဟလည်း ‘နင်လို့ အဖို့နဲ့ ငါလို့ အဖို့ ဆီမလောက်ပါ။ သွားယွေ့ နင်လို့အတွက် ဝယ်ကြပါ’ ဟု ပြန်ပြောကြအယ်။
သွားကြ၊ ဝံပုလွေအုပ်ထဲဟို သိုးသငယ်များဟို စေလွှတ်သလိုမျိုး နင်လို့ဟို ငါ စေလွှတ်အယ်။
ပစာကို့ နင့်ရန်သူအပေါင်းလို့ဟ မငြင်းခုံ အဲဟာမဟုတ်ရင် မဟန့်တားနိန်သော နှုတ်သတ္တိနဲ့ ဉာဏ်သတ္တိဟို ငါပေးလိမ့်မယ်။
ငါ ထွက်ခွာသွားလဲ့နောက် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများဟ နင်လို့အထဲဟို ရောက်လာယွေ့ သိုးများဟို မညာဘဲ ပြုမူကြမယ်ဖြစ်ကျောန်းဟို ငါ သိအယ်။
ညီအကို မောင်နှမလို့၊ နင်လို့ဟ စဉ်းစားဆင်ခြင်မှုတွင် လူပဲ့သငယ်များလို မဖြစ်ကြနဲ့။ မတရားသောအမှုနှိုက် လူပဲ့သငယ်များလို ဖြစ်ကြလော့။ အားပေမဲ့ စဉ်းစားဆင်ခြင်မှုတွင်မူ အသက်ရွယ် ရင့်ကျက်သူများ ဖြစ်ကြလော့။
ငါလို့ ဩတ္တပ္ပစိတ်ဟ သက်သေခံယွေ့ ဂုဏ်ယူဝါကြွားစရာ တခုဟ ဟေလောကနှိုက် အသက်ဆှင်စဉ်၊ အထူးသဖြင့် နင်လို့နဲ့ ဆက်ဆံရာတွင် လူသားလို့ရဲ့ အသိဉာဏ်ဟို အမှီမပြုဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော် တန်ခိုးဟို သာလျှင် အမှီပြုယွေ့ ငါလို့ဟ ဘုရားသခင် ပေးသနားသော ရိုးသားမှုနဲ့ ပွင့်လင်းစွာ ပြုမူကျင့်ကြံခြင်းပင် ဖြစ်အယ်။
ဟေသို့ ပြုကြတာဟ အံ့ဩစရာ မဆိဝူး။ စာတန်ပင် အလင်းရဲ့ ခေါန်းခင်တမန်အဖြစ် အယောင်ဆောင်တတ်အယ်။
အားပေမဲ့ မြွေဟ မိမိရဲ့ ပရိယာယ်အားဖြင့် ဧဝဟို လှည့်ဖြားသလို အကျောန်းတစုံတခုကျောန့် နင်လို့ရဲ့ စိတ်နေလုံးဟ ခရစ်တော်အပေါ်နှိုက် ထားဆိလဲ့ ရိုးသားဖြူစင်ခြင်းမှ သွေဖယ်သွားမယ်ဟို ငါ စိုးရိမ်အယ်။
ဟေသို့ ရက်ရောစွာ ပေးကမ်းကြသော အလှူငွေဟို ကိုင်တွယ်ရာတွင် ငါလို့ဟ သူတပါးလို့ရဲ့ အပစ်တင်ခြင်းနဲ့ ကင်းလွတ်စေရန် သတိနဲ့ ဆောင်ရွက်လျက် ဆိကြအယ်။
အဲမှသာလျှင် အပစ်တင်ခွင့်မဆိ၊ စသူဟိုမျှ မပစ်မားဘဲနေယွေ့ မဖြောင့်မမန် ဖောက်ပြန်သော လူသားမျိုးနွယ်အထဲနှိုက် ပစာအပစ်မျှ မပါဘဲ ဘုရားသခင်ရဲ့ သား ဖြစ်ကြလိမ့်မယ်။ အသက်ဆှင်ခြင်းနဲ့ဆိုင်သော နှုတ်ကပတ်တရားဟို ပြသသလို၊
အဲအကျောန်းကျောန့် နင်လို့ရဲ့ သတင်းဟို ကြားရလဲ့နေ့မှစယွေ့ ငါလို့ဟ နင်လို့အတွက် အစဉ်မပြတ် ဆုတောင်းလျက် နေအယ်။ နင်လို့ဟ ဝိညာဉ်တော် ချပေးသော ဉာဏ်ပညာ၊ သိနားလည်မှု အလုံးစုံလို့နဲ့ ပြေ့စုံသဖြင့် ဘုရားသခင်ရဲ့ အလိုတော်ဟို ကောင်းစွာ သိဆိကြစေရန် ဘုရားသခင်အား ငါလို့ ဆုတောင်းကြအယ်။
နင်လို့ ရဆိလဲ့ အခွင့်ကောင်း မန်သမျှဟို အသုံးပြုကာ မယုံကြည်သောသူလို့အား ပညာသတိနဲ့ ဆက်ဆံကြလော့။
ငါလို့ဟ ယုံကြည်သူဖြစ်သော နင်လို့တွင် စလိုသန့်ဆှင်းဖြူစင် မန်ကန်စွာပြုမူလျက် အပစ်တင်စရာ မဆိရလေအောန် နေထိန်ခဲ့တာဟို နင်လို့နဲ့ ဘုရားသခင်ဟ ငါလို့ရဲ့ သက်သေများဖြစ်ကြအယ်။
မကောင်းသော အမှုအမျိုးမျိုးဟို ဆှောင်ကြလော့။